News

ကျားပါးစပ် စခန်းသိမ်းတိုက်ပွဲ ဗီဒီယိုဖိုင် KAထုတ်ပြန်(ရုပ်သံ)

ကျားပါးစပ် စခန်းသိမ်းတိုက်ပွဲ ဗီဒီယိုဖိုင် KAထုတ်ပြန်(ရုပ်သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၂

ကယားပြည်နယ်(ကရင်နီပြည်)၊ မြန်မာ-ထိုင်းနယ်စပ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ နတ်တောင်စခန်းခေါ် ကျားပါးစပ်ကြီးတပ်စခန်းအား

ဇန်နဝါရီ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီဘက်က ၃၂ ဦးသေဆုံးခဲ့ကြောင်း ကရင်နီတပ်မတော်(KA) က ယနေ့တွင် ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန်လိုက်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလက်နက်ချအဖမ်းခံခဲ့သော်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့်

ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် KA ဘက်က ၂ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း KA က ဆိုထားသည်။

စစ်ကောင်စီဘက်မူ ဟွေပုံလောင်း-ကောက်ကောက်ဒေသရှိ ကျားပါးစပ်ကြီးစခန်းအား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်စဉ်

စစ်နည်းဗျူဟာမြောက်စွာ ခေတ္တ ဆုတ်ခွာပေးခဲ့ပြီး ကြိုတင်စီမံထားသည့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ဟန်ချက်ညီစွာ ပြန်လည်ထိုးစစ်ဆင်ချေမှုန်းခဲ့သည့်အတွက် စခန်းအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း

ဇန်နဝါရီ ၈ ရက်နေ့ထုတ် စစ်ကောင်စီလက်အောက်ခံသတင်းစာတွင် ဖော်ပြခဲ့သည်။

၎င်းတို့၏ သတင်းဖော်ပြချက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသာဖော်ပြခဲ့သည်။

ဧရာဝတီ

Zawgyi Version

က်ားပါးစပ္ စခန္းသိမ္းတိုက္ပြဲ ဗီဒီယိုဖိုင္ KAထုတ္ျပန္(႐ုပ္သံ)

ဧရာဝတီ၊ ဇန္နဝါရီ ၁၉၊ ၂၀၂၂

ကယားျပည္နယ္(ကရင္နီျပည္)၊ ျမန္မာ-ထိုင္းနယ္စပ္၊ သံလြင္ျမစ္အေ႐ွ႕ဘက္ျခမ္း႐ွိ နတ္ေတာင္စခန္းေခၚ က်ားပါးစပ္ႀကီးတပ္စခန္းအား

ဇန္နဝါရီ ၇ ရက္ေန႔က တိုက္ခိုက္သိမ္းပိုက္စဥ္ စစ္ေကာင္စီဘက္က ၃၂ ဦးေသဆုံးခဲ့ေၾကာင္း ကရင္နီတပ္မေတာ္(KA) က ယေန႔တြင္ ဗီဒီယိုဖိုင္ႏွင့္တကြ ထုတ္ျပန္လိုက္သည္။

အဆိုပါ စခန္းသိမ္းတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦးလက္နက္ခ်အဖမ္းခံခဲ့ေသာ္လည္း စစ္ေကာင္စီက ဂ်က္တိုက္ေလယာဥ္ႏွစ္စီးျဖင့္ ဗုံးႀကဲတိုက္ခိုက္သျဖင့္

ဖမ္းမိထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအျပင္ KA ဘက္က ၂ ဦးေသဆုံးကာ ၆ ဦးဒဏ္ရာရ႐ွိခဲ့ေၾကာင္းလည္း KA က ဆိုထားသည္။

စစ္ေကာင္စီဘက္မူ ေဟြပုံေလာင္း-ေကာက္ေကာက္ေဒသ႐ွိ က်ားပါးစပ္ႀကီးစခန္းအား ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)ႏွင့္ ျပည္သူ႕ကာကြယ္ေရးတပ္(PDF)မ်ားက သာလြန္အင္အားျဖင့္ ဝင္ေရာက္တိုက္ခိုက္စဥ္

စစ္နည္းဗ်ဴဟာေျမာက္စြာ ေခတၱ ဆုတ္ခြာေပးခဲ့ၿပီး ႀကိဳတင္စီမံထားသည့္ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီးပစ္ကူမ်ားျဖင့္ ဟန္ခ်က္ညီစြာ ျပန္လည္ထိုးစစ္ဆင္ေခ်မႈန္းခဲ့သည့္အတြက္ စခန္းအား ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း

ဇန္နဝါရီ ၈ ရက္ေန႔ထုတ္ စစ္ေကာင္စီလက္ေအာက္ခံသတင္းစာတြင္ ေဖာ္ျပခဲ့သည္။

၎တို႔၏ သတင္းေဖာ္ျပခ်က္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အရာ႐ွိ၊ စစ္သည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္းသာေဖာ္ျပခဲ့သည္။

ဧရာဝတီ