News

ဇော်မဲလုံးသတင်းစာရှင်းလင်းပွဲမှာ ဟန်လုပ်ပြီးညာထားသမျှ ပေါ်ကုန်ပြီ

ဇော်မဲလုံးသတင်းစာရှင်းလင်းပွဲမှာ ဟန်လုပ်ပြီးညာထားသမျှ ပေါ်ကုန်ပြီ

ကရင်ပြည်နယ် ဘားအံတက္ကသိုလ်မှာ ကျောင်းလာတဲ့ ကျောင်းသားမရှိတာကို စစ်အုပ်စုက ကျောင်းသားအများအပြား ကျောင်းပြန်တက်နေဟန်ဆောင်ကာ

ကျောင်းမုန့်ဈေးတန်းမှာ လက်ဖက်ထမင်းရောင်းနေတဲ့ ဈေးသည်ကို တတိယနှစ်ဂုဏ်ထူးတန်း တက်ရောက်နေတဲ့ ကျောင်းသူလို့ လိမ်လည်ကာ သူတို့ရဲ့ ဝါဒဖြန့် သတင်းဌာနတွေမှာ မဟုတ်မမှန် သတင်းဖော်ပြခဲ့တယ်လို့

ဘားအံတက္ကသိုလ် ကျောင်းသားတွေက ထောက်ပြခဲ့ပါတယ်စစ်အုပ်စုက ဘားအံတက္ကသိုလ် ပြန်လည် ဖွင့်လှစ် စည်ကားနေကြောင်း

သတင်းလိမ်လည်ရိုက်ကူးကာ ဝါဒဖြန့်ရာမှာ ကျောင်းဈေးတန်းမှာ လက်ဖက်ထမင်းရောင်းနေသူကို တတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသူအဖြစ်သရုပ်ဆောင်စေပြီး ၊

အဆောင်တွေက ထမင်းချက်တွေကို ကျောင်းသူတွေအဖြစ် ကျောင်းစာသင်ခန်းတွေထဲ ဝင်ရောက်ထိုင်စေကာ သတင်း လိမ်လည်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်

MRTV မှာ ဘားအံတက္ကသိုလ်ကျောင်းပြန်ဖွင့်ပြီး စည်ကားနေတယ်လို့ လိမ်ပြီးတော့ သတင်းလွှင့်ထားတယ်၊

အဲ့မှာ အင်တာဗျူးဖြေတဲ့သူရော ကျောင်းသူပါဆိုတာတွေက အင်တာဗျူးဖြေတဲ့တစ်ယောက်က အဲ့ဒါ ကန်တင်းမှာ လက်ဖက်ထမင်းရောင်းတဲ့သူ စစ်တပ်ထောက်ခံသူ ဘာမှ ကျောင်းသူမဟုတ်ဘူး၊

နောက်ထပ်ကျောင်းသူတွေဆိုတာလည်း အဆောင်က ထမင်းချက်တွေ ဒီလူတွေမျက်နှာကို ဘယ်ကျောင်းသားမဆိုမှတ်မိတယ်၊

တကယ်က တစ်ကျောင်းလုံးမှာ ၃ယောက်ပဲတက်တာ၊အရှက်ကို မရှိကြဘူးလို့ ဘားအံတက္ကသိုလ်ကျောင်းသားတစ်ဦးက Delta News Agency ရဲ့ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်

ဘားအံတက္ကသိုလ်က ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ လူသတ်အကြမ်းဖက်စစ်အုပ်စုက ဖွင့်လှစ်သင်ကြားတဲ့ ဘယ်သင်တန်းကိုမှ တက်ရောက်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်

ဓာတ်ပုံ- ဘားအံတက္ကသိုလ်ကျောင်းသားများ

Zawgyi Version

ေဇာ္မဲလုံးသတင္းစာ႐ွင္းလင္းပြဲမွာ ဟန္လုပ္ၿပီးညာထားသမွ်ေ ပၚကုန္ၿပီ

ကရင္ျပည္နယ္ ဘားအံတကၠသိုလ္မွာ ေက်ာင္းလာတဲ့ ေက်ာင္းသားမ႐ွိတာကို စစ္အုပ္စုက ေက်ာင္းသားအမ်ားအျပား ေက်ာင္းျပန္တက္ေနဟန္ေဆာင္ကာ

ေက်ာင္းမုန္႔ေဈးတန္းမွာ လက္ဖက္ထမင္းေရာင္းေနတဲ့ ေဈးသည္ကို တတိယႏွစ္ဂုဏ္ထူးတန္း တက္ေရာက္ေနတဲ့ ေက်ာင္းသူလို႔ လိမ္လည္ကာ သူတို႔ရဲ႕ ဝါဒျဖန္႔ သတင္းဌာနေတြမွာ မဟုတ္မမွန္ သတင္းေဖာ္ျပခဲ့တယ္လို႔

ဘားအံတကၠသိုလ္ ေက်ာင္းသားေတြက ေထာက္ျပခဲ့ပါတယ္စစ္အုပ္စုက ဘားအံတကၠသိုလ္ ျပန္လည္ ဖြင့္လွစ္ စည္ကားေနေၾကာင္း

သတင္းလိမ္လည္႐ိုက္ကူးကာ ဝါဒျဖန္႔ရာမွာ ေက်ာင္းေဈးတန္းမွာ လက္ဖက္ထမင္းေရာင္းေနသူကို တတိယႏွစ္ ဂုဏ္ထူးတန္း ေက်ာင္းသူအျဖစ္သ႐ုပ္ေဆာင္ေစၿပီး ၊

အေဆာင္ေတြက ထမင္းခ်က္ေတြကို ေက်ာင္းသူေတြအျဖစ္ ေက်ာင္းစာသင္ခန္းေတြထဲ ဝင္ေရာက္ထိုင္ေစကာ သတင္း လိမ္လည္႐ိုက္ကူးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္

MRTV မွာ ဘားအံတကၠသိုလ္ေက်ာင္းျပန္ဖြင့္ၿပီး စည္ကားေနတယ္လို႔ လိမ္ၿပီးေတာ့ သတင္းလႊင့္ထားတယ္၊

အဲ့မွာ အင္တာဗ်ဴးေျဖတဲ့သူေရာ ေက်ာင္းသူပါဆိုတာေတြက အင္တာဗ်ဴးေျဖတဲ့တစ္ေယာက္က အဲ့ဒါ ကန္တင္းမွာ လက္ဖက္ထမင္းေရာင္းတဲ့သူ စစ္တပ္ေထာက္ခံသူ ဘာမွ ေက်ာင္းသူမဟုတ္ဘူး၊

ေနာက္ထပ္ေက်ာင္းသူေတြဆိုတာလည္း အေဆာင္က ထမင္းခ်က္ေတြ ဒီလူေတြမ်က္ႏွာကို ဘယ္ေက်ာင္းသားမဆိုမွတ္မိတယ္၊

တကယ္က တစ္ေက်ာင္းလုံးမွာ ၃ေယာက္ပဲတက္တာ၊အ႐ွက္ကို မ႐ွိၾကဘူးလို႔ ဘားအံတကၠသိုလ္ေက်ာင္းသားတစ္ဦးက Delta News Agency ရဲ႕ ဆက္သြယ္ ေမးျမန္းခ်က္ကို ျပန္လည္ေျဖၾကားခဲ့ပါတယ္

ဘားအံတကၠသိုလ္က ေက်ာင္းသား၊ေက်ာင္းသူေတြအေနနဲ႔ လူသတ္အၾကမ္းဖက္စစ္အုပ္စုက ဖြင့္လွစ္သင္ၾကားတဲ့ ဘယ္သင္တန္းကိုမွ တက္ေရာက္မွာ မဟုတ္ဘူးလို႔ ေၾကညာထားပါတယ္

ဓာတ္ပုံ- ဘားအံတကၠသိုလ္ေက်ာင္းသားမ်ား