Cele News

သူမကိုချစ်တဲ့ အမာခံပရိတ်သတ်တွေဆီမှ မမျှော်လင့်ထားပဲ မွန်မြတ်ပြီးတန်ဖိုးရှိလှတဲ့မွေးနေ့လက်ဆောင်လေးရရှိခဲ့တဲ့ ယွန်းယွန်း

သူမကိုချစ်တဲ့ အမာခံပရိတ်သတ်တွေဆီမှ မမျှော်လင့်ထားပဲ မွန်မြတ်ပြီးတန်ဖိုးရှိလှတဲ့မွေးနေ့လက်ဆောင်လေးရရှိခဲ့တဲ့ ယွန်းယွန်း

ပရိသတ်ကြီးရေ ယွန်းယွန်းကတော့ ငယ်စဉ်ကလေးဘဝကတည်းကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၉)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ယွန်းယွန်းရဲ့ မွေးနေ့ရက်မြတ်ကျေ ရာက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

မနေ့က မွေးနေ့ရက်လေးမှာတော့ ယွန်းယွန်းက အသက် (၂၂)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

ယွန်းယွန်းကတော့ သူ့ရဲ့မွေးနေ့အတွက်ကို သူရဲ့အမာခံပရိသတ်တွေဖြစ်တဲ့ Yoon’s Blessingလေးတွေ ဆီကနေနှစ်တိုင်းလိုလို မွေးနေ့လက်ဆောင်လေးတွေရရှိနေကြပဲဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ယွန်းယွန်းက သူ့ရဲ့ပရိသတ်တွေ ဆီကနေ မွန်မြတ်လှတဲ့ မွေးနေ့လက်ဆောင်လေးလက်ဆောင်ရရှိခဲ့ပါသေးတယ်။

မွေးနေ့လက်ဆောင်လေးကတော့ YGW ပရဟိတမိဘမဲ့ကျောင်း (ကယား) ရှိသားငယ်သမီးငယ်လေးများအတွက်

လိုအပ်ရာအသုံးပြုနိုင်ရန်နဝကမ္မအလှူတော်ငွေ ၁၀၀,၀၀၀(တစ်သိန်း) ကျပ် ကို ယွန်းယွန်းရဲ့ ပရိသတ်တွေက မွေးနေ့အလှူအနေနဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ယွန်းယွန်းရဲ့ မွေးနေ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – YGW ပရဟိတမိဘမဲ့ကျောင်း ကယား

Credit – CeleZone









ပရိသတ်ကြီးရေ ယွန်းယွန်းရဲ့ မွေးနေ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုေ ပးခဲ့ကြပါဦးနော်။


Credit – CeleZone