Astrology

တနင်္ဂနွေသားသမီးများ၏ စိတ်နေသဘောထားနှင့် တစ်သက်တာ ကံကြမ္မာ ကာလအပိုင်းအခြားများ(ဗေဒင်)

တနင်္ဂနွေသားသမီးများ၏ စိတ်နေသဘောထားနှင့် တစ်သက်တာ ကံကြမ္မာ ကာလအပိုင်းအခြားများ(ဗေဒင်)

တနင်္ဂနွေသားသမီးများ၏ စိတ်နေသဘောထားနှင့် တစ်သက်တာ ကံကြမ္မာ ကာလအပိုင်းအခြားများ(ဗေဒင်)

တနင်္ဂနွေသားသမီးများဟာ…

အများအားဖြင့် ရုပ်ရည်ပုံစံ အနေအထား အားဖြင့် အရပ်မြင့်တဲ့သူတွေမှာ ကိုယ်ခန္ဓာအချိုး အဆစ်လှပသေသပ်ပြီး နှစ်ခါပြန်ကြည့်ရမတက် ဆွဲဆောင်မှုရှိခြင်း

အရပ်နည်းနည်းနိမ့်တဲ့သူတွေမှာတော့ နှုတ်ခမ်းလှလှ ၊ နှာတံစင်းစင်း ၊ နက်မှောင်သောမျက်လုံး ၊ ထူထပ်သောမျက်ခုံး နှင့် ချစ်စရာကောင်းသော မျက်နှာ ဟန်ပန် အပြုံးတို့ ရှိနေတက်ပါတယ်……

စိတ်နေသဘောထားကတော့…

စိတ်ကူးယဉ်ဆန်ဆန်အတွေးများနဲ့ ဘဝကိုပုံဖော်နေတက်ခြင်း ၊ ဘယ်အရာမဆို စိတ်ရှည်၍ ဇွဲ လုံ့လ ရှိခြင်း

၊ငွေကြေးစုဆောင်းတက်ခြင်း၊ အပေါင်းအသင်းများအပေါ် သည်းခံခွင့်လွတ်စိတ်ဖြင့်ပေါင်းသင်းဆက်ဆံတက်ခြင်း၊ မိဘများကိုလုပ်ကျွေး ထောက်ပံ့ခြင်းဖြင့် ကျေးဇူးဆပ်လိုခြင်း၊

ထူးခြားတာကတော့ ဘဝမှာခံစားချက်တွေကို အခြားသူတွေကိုဘယ်တော့အခါမှရင်ဖွင့်လေ့မရှိဘဲတစ်ယောက်တည်းမျိုသိပ် ခံစားနေလေ့ရှိတက်ပါတယ်……

တကယ်ဆိုရင် ခံစားချက်နဲ့အသက်ရှင်နေသူမျိူးဖြစ်ပါတယ်…။

အချစ်ရေးမှာတော့

တကယ့်ကို နူးညံ့စွာ ချစ်တက်ပြီး ချစ်သူအပေါ် ရင်တစ်ခုလုံးနှစ်၍ စွဲစွဲလမ်းလမ်းချစ်တက်သော အချစ်ကြီးသူများဖြစ်ကြပါတယ်

သူတို့အတွက် သူတို့ရဲ့အချစ်ရေးဟာ ဟုတ်သလိုလိုနဲ့ သူတို့ထင်ထားသလိုမျိုးမဟုတ်နေတက်ပါဘူး။

အချစ်ရေးမှာ မိမိကိုယ်ကို အလိုမကျခံစားနေရတက်ပါတယ်။ ချစ်သူရဲ့ ဂရုစိုက် ကြင်နာ နွေးထွေးမှုကိုလည်း အခြားသူတွေထက်ပင် ပို၍တန်ဖိုးထားတက်ပါတယ်..။

တနင်္ဂနွေသား သမီးတွေဟာ အချစ်ရေးမှာအချစ်အတက်ဆုံးသောလူသားလို့ပင် တင်စားရပါမယ် ..

တနင်္ဂနွေသားသမီးများနှင့် သင်သည်ချစ်ကြိုက်ဖူးစာဆုံရမည်ဆိုပါက သင်ဟာတကယ့်ကိုအချစ်ရေးမှာကံကောင်းသူဖြစ်ပါလိမ့်မယ်.. တနင်္ဂနွေသားသမီးများဟာ..အချစ်ရေးမှာ အနွေးထွေးတက်ဆုံးဆိုတာယုံမှားစရာမရှိနိုင်ပေ…

တနင်္ဂနွေနေ့ သားသမီးများမှာ မွေးဖွားပြီး ၆ နှစ်အတွင်း ကြက်ညှာ ၊ သူငယ်နာ ရောဂါအများဆုံးဖြစ်တက်ကြပြီး

ထိတ်လန့်၍ ငိုခြင်း ရယ်ခြင်းများ၊ မကြာခဏဖြစ်တက်ပါတယ်။ ထို ၆ နှစ်အတွင်း ၁ နှစ်မှာ တစ်ကြိမ် သုံးနှစ်မှာတချက် ပို၍ ညံ့တာများတက်ပါတယ်။

ထိုနှစ်များတွင် ဝမ်းကိုက်ရောဂါဖြစ်တက်ပါတယ်။ နယုန်လ ၊ ပြာသို့လ ၊တပေါင်းလများတွင် အရှေ့တောင်အရပ်သို့ ခရီးမသွားရပါ သွားမိပါကတစ္ဆေနတ်ဆိုးများနှင့် ရုက္ခစိုး ဖန်းစား ၍ ချူချူ ချာချာ ဝေဒနာ များဖြစ်တက်ပါတယ် ။

ထိုသို့ ညံ့လှသော အခါများကို ဘေးကင်းစေရန်အတွက် ပြုအပ်သော ယတြာမှာ ဘုရားကိုးဆူပူစော်၍ ဆွမ်းကပ်ခြင်း ၊

ဂြိုလ်စာ ကျွေးခြင်း ၊ မိဘဆရာများကို ကန်တော့၍ အညံ့တို့မှပပျောက်စေခြင်းငှာဆုတောင်းကန်တော့ရပါမယ်။

အသက် ၇နှစ်မှ စတင်ပြီး ကံဇာတာကောင်းမွန်၍ အသက်၂၁နှစ်ထိ ကောင်းစားပါလိမ့်မည်။

အသက်၁၈နှစ် မှ ၂၁နှစ်အတွင်း လူချစ်လူခင် ပေါများ စေသည့်အပြင် ဖူးစာရေးနတ်မစ၍ အားကိုးလောက်သောချစ်သူ ရည်းစား ရ၍ အိမ်ထောင်ကျတက်ပါသည်။

အသက် ၂၂နှစ်မှ ၂၉ နှစ်အတွင်း တွင် စိတ်ညစ်စိတ်လေအဆင်မပြေထပ်ခါ ထပ်ခါဖြစ်တက်ခြင်း ၊ ဘုန်းကံနိမ့်ပါ၍ လက်အောက်ငယ်သားများမှ တော်လှန် တက်ခြင်း ၊

လူမုန်းများတက်ခြင်း ၊ချစ်ခင်ရသော သူများနှင့် ကွေးကွင်းရခြင်း ၊ တနေရာစီ ခွဲခွာရေခြင်များကြုံတက်ပါသည်။

အသက် ၃၀ မှ ၄၆ နှစ်အထိ ကံဇာတာအမြင့်ပိုင်းသို့ရောက်၍ လုပ်သမျှ အဆင်ပြေစေပါသည်။

အသက် ၄၇ မှ ၅၆ထိ အညံ့ပိုင်းဖြစ်ပြီး အသက်၅၅နှစ်ကား အညံ့ဆုံးကာလဖြစ်ပါသည်။

အသက် ၅၇မှ ၇၅ နှစ်အတွင်း အလွန် ကောင်းစားတက်ပါသည်။ အသက် ၇၆ နှစ်မှာ ကျန်းရေးချို့တဲ့ပြိး မသေပါကအသက်ရှည်စွာနေရတက်ပါသည်။

တနင်္ဂနွေ သားသမီးများအားလုံး

ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြပါစေ။

တနဂၤေႏြသားသမီးမ်ား၏ စိတ္ေနသေဘာထားႏွင့္ တစ္သက္တာ ကံၾကမၼာ ကာလအပိုင္းအျခားမ်ား(ေဗဒင္)

တနဂၤေႏြသားသမီးမ်ား၏ စိတ္ေနသေဘာထားႏွင့္ တစ္သက္တာ ကံၾကမၼာ ကာလအပိုင္းအျခားမ်ား(ေဗဒင္)

တနဂၤေႏြသားသမီးမ်ားဟာ…

အမ်ားအားျဖင့္ ႐ုပ္ရည္ပုံစံ အေနအထား အားျဖင့္ အရပ္ျမင့္တဲ့သူေတြမွာ ကိုယ္ခႏၶာအခ်ိဳး အဆစ္လွပေသသပ္ၿပီး ႏွစ္ခါျပန္ၾကည့္ရမတက္ ဆြဲေဆာင္မႈရွိျခင္း

အရပ္နည္းနည္းနိမ့္တဲ့သူေတြမွာေတာ့ ႏႈတ္ခမ္းလွလွ ၊ ႏွာတံစင္းစင္း ၊ နက္ေမွာင္ေသာမ်က္လုံး ၊ ထူထပ္ေသာမ်က္ခုံး ႏွင့္ ခ်စ္စရာေကာင္းေသာ မ်က္ႏွာ ဟန္ပန္ အၿပဳံးတို႔ ရွိေနတက္ပါတယ္……

စိတ္ေနသေဘာထားကေတာ့…

စိတ္ကူးယဥ္ဆန္ဆန္အေတြးမ်ားနဲ႔ ဘဝကိုပုံေဖာ္ေနတက္ျခင္း ၊ ဘယ္အရာမဆို စိတ္ရွည္၍ ဇြဲ လုံ႔လ ရွိျခင္း

၊ေငြေၾကးစုေဆာင္းတက္ျခင္း၊ အေပါင္းအသင္းမ်ားအေပၚ သည္းခံခြင့္လြတ္စိတ္ျဖင့္ေပါင္းသင္းဆက္ဆံတက္ျခင္း၊ မိဘမ်ားကိုလုပ္ေကြၽး ေထာက္ပံ့ျခင္းျဖင့္ ေက်းဇူးဆပ္လိုျခင္း၊

ထူးျခားတာကေတာ့ ဘဝမွာခံစားခ်က္ေတြကို အျခားသူေတြကိုဘယ္ေတာ့အခါမွရင္ဖြင့္ေလ့မရွိဘဲတစ္ေယာက္တည္းမ်ိဳသိပ္ ခံစားေနေလ့ရွိတက္ပါတယ္……

တကယ္ဆိုရင္ ခံစားခ်က္နဲ႔အသက္ရွင္ေနသူမ်ိဴးျဖစ္ပါတယ္…။

အခ်စ္ေရးမွာေတာ့

တကယ့္ကို ႏူးညံ့စြာ ခ်စ္တက္ၿပီး ခ်စ္သူအေပၚ ရင္တစ္ခုလုံးႏွစ္၍ စြဲစြဲလမ္းလမ္းခ်စ္တက္ေသာ အခ်စ္ႀကီးသူမ်ားျဖစ္ၾကပါတယ္

သူတို႔အတြက္ သူတို႔ရဲ႕အခ်စ္ေရးဟာ ဟုတ္သလိုလိုနဲ႔ သူတို႔ထင္ထားသလိုမ်ိဳးမဟုတ္ေနတက္ပါဘူး။

အခ်စ္ေရးမွာ မိမိကိုယ္ကို အလိုမက်ခံစားေနရတက္ပါတယ္။ ခ်စ္သူရဲ႕ ဂ႐ုစိုက္ ၾကင္နာ ေႏြးေထြးမႈကိုလည္း အျခားသူေတြထက္ပင္ ပို၍တန္ဖိုးထားတက္ပါတယ္..။

တနဂၤေႏြသား သမီးေတြဟာ အခ်စ္ေရးမွာအခ်စ္အတက္ဆုံးေသာလူသားလို႔ပင္ တင္စားရပါမယ္ ..

တနဂၤေႏြသားသမီးမ်ားႏွင့္ သင္သည္ခ်စ္ႀကိဳက္ဖူးစာဆုံရမည္ဆိုပါက သင္ဟာတကယ့္ကိုအခ်စ္ေရးမွာကံေကာင္းသူျဖစ္ပါလိမ့္မယ္.. တနဂၤေႏြသားသမီးမ်ားဟာ..အခ်စ္ေရးမွာ အေႏြးေထြးတက္ဆုံးဆိုတာယုံမွားစရာမရွိႏိုင္ေပ…

တနဂၤေႏြေန႔ သားသမီးမ်ားမွာ ေမြးဖြားၿပီး ၆ ႏွစ္အတြင္း ၾကက္ညႇာ ၊ သူငယ္နာ ေရာဂါအမ်ားဆုံးျဖစ္တက္ၾကၿပီး

ထိတ္လန္႔၍ ငိုျခင္း ရယ္ျခင္းမ်ား၊ မၾကာခဏျဖစ္တက္ပါတယ္။ ထို ၆ ႏွစ္အတြင္း ၁ ႏွစ္မွာ တစ္ႀကိမ္ သုံးႏွစ္မွာတခ်က္ ပို၍ ညံ့တာမ်ားတက္ပါတယ္။

ထိုႏွစ္မ်ားတြင္ ဝမ္းကိုက္ေရာဂါျဖစ္တက္ပါတယ္။ နယုန္လ ၊ ျပာသို႔လ ၊တေပါင္းလမ်ားတြင္ အေရွ႕ေတာင္အရပ္သို႔ ခရီးမသြားရပါ သြားမိပါကတေစၦနတ္ဆိုးမ်ားႏွင့္ ႐ုကၡစိုး ဖန္းစား ၍ ခ်ဴခ်ဴ ခ်ာခ်ာ ေဝဒနာ မ်ားျဖစ္တက္ပါတယ္ ။

ထိုသို႔ ညံ့လွေသာ အခါမ်ားကို ေဘးကင္းေစရန္အတြက္ ျပဳအပ္ေသာ ယၾတာမွာ ဘုရားကိုးဆူပူေစာ္၍ ဆြမ္းကပ္ျခင္း ၊

ၿဂိဳလ္စာ ေကြၽးျခင္း ၊ မိဘဆရာမ်ားကို ကန္ေတာ့၍ အညံ့တို႔မွပေပ်ာက္ေစျခင္းငွာဆုေတာင္းကန္ေတာ့ရပါမယ္။

အသက္ ၇ႏွစ္မွ စတင္ၿပီး ကံဇာတာေကာင္းမြန္၍ အသက္၂၁ႏွစ္ထိ ေကာင္းစားပါလိမ့္မည္။

အသက္၁၈ႏွစ္ မွ ၂၁ႏွစ္အတြင္း လူခ်စ္လူခင္ ေပါမ်ား ေစသည့္အျပင္ ဖူးစာေရးနတ္မစ၍ အားကိုးေလာက္ေသာခ်စ္သူ ရည္းစား ရ၍ အိမ္ေထာင္က်တက္ပါသည္။

အသက္ ၂၂ႏွစ္မွ ၂၉ ႏွစ္အတြင္း တြင္ စိတ္ညစ္စိတ္ေလအဆင္မေျပထပ္ခါ ထပ္ခါျဖစ္တက္ျခင္း ၊ ဘုန္းကံနိမ့္ပါ၍ လက္ေအာက္ငယ္သားမ်ားမွ ေတာ္လွန္ တက္ျခင္း ၊

လူမုန္းမ်ားတက္ျခင္း ၊ခ်စ္ခင္ရေသာ သူမ်ားႏွင့္ ေကြးကြင္းရျခင္း ၊ တေနရာစီ ခြဲခြာေရျခင္မ်ားႀကဳံတက္ပါသည္။

အသက္ ၃၀ မွ ၄၆ ႏွစ္အထိ ကံဇာတာအျမင့္ပိုင္းသို႔ေရာက္၍ လုပ္သမွ် အဆင္ေျပေစပါသည္။

အသက္ ၄၇ မွ ၅၆ထိ အညံ့ပိုင္းျဖစ္ၿပီး အသက္၅၅ႏွစ္ကား အညံ့ဆုံးကာလျဖစ္ပါသည္။

အသက္ ၅၇မွ ၇၅ ႏွစ္အတြင္း အလြန္ ေကာင္းစားတက္ပါသည္။ အသက္ ၇၆ ႏွစ္မွာ က်န္းေရးခ်ိဳ႕တဲ့ၿပိး မေသပါကအသက္ရွည္စြာေနရတက္ပါသည္။

တနဂၤေႏြ သားသမီးမ်ားအားလုံး

ဘဝတစ္ေလွ်ာက္လုံး ေအးခ်မ္းေပ်ာ္႐ႊင္စြာ အသက္ရွင္ေနထိုင္ႏိုင္ၾကပါေစ။