News

VPN အသုံးပြုပါက ထောင်ဒဏ်(၃)နှစ်အထိအပြစ်ပေး အရေးယူခြင်းခံရမည်

VPN အသုံးပြုပါက ထောင်ဒဏ်(၃)နှစ်အထိအပြစ်ပေး အရေးယူခြင်းခံရမည်

ဆန့်ကျင်သူများကို ပိုမိုနှိပ်ကွပ်နိုင်ရန် အချက်များထည့်သွင်းရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းရန် စစ်ကောင်စီ အပူတပြင်းကြိုးပမ်းလျက်ရှိသည်ကို Myanmar Now က ရရှိထားသည့် စာရွက်စာတမ်းအထောက်အထားများအရ သိရသည်။

စစ်ကောင်စီက ၎င်းတို့ အချောသတ်ပြင်ဆင် ရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းအပေါ် ယခုလ (ဇန်နဝါရီ) ၁၃ ရက်စွဲဖြင့် သဘောထားမှတ်ချက်တောင်းခံရာတွင် ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထားအကြောင်းပြန်ရန် အပူတပြင်း တောင်းဆိုထားသည်။

စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သဘောထားမှတ်ချက်တောင်းခံရာတွင်

နေပြည်တော်ရှိ ဝန်ကြီးဌာနများအပြင် စီးပွားရေးနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ရယူထားသူများနှင့် ဘဏ်များလည်း ပါဝင်သည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး မတရားလုပ်ဆောင်နေသည်များကို ကမ္ဘာက သိသွားမည်ကို ကြောက်သဖြင့် ဆက်သွယ်ရေးယန္တရားများကို တားဆီးပိတ်ပင်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရား ရေးဝန်ကြီး ဦးသိန်းဦးက ဆိုသည်။

“မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ သူတို့အကျိုးစီးပွားအတွက် လုပ်တာဖြစ်တယ်။ သူတို့ရဲ့ မတရားလုပ်ဆောင်မှုတွေကို အမှောင်ချနိုင်ဖို့ အင်တာနက်ကို သူတို့နဲ့ဆန့်ကျင်သူမှန်သမျှ သုံးမရအောင်၊ မသုံးရဲအောင် လုပ်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

“အမှောင်ကမ္ဘာကြီးထဲကို ရောက်အောင် ဆွဲခေါ်နေတာ ဖြစ်တယ်။ အလင်းထဲ (နည်းပညာခေတ်) ကို သွားနေတဲ့ ကမ္ဘာကြီးနဲ့ ပြောင်းပြန်ဖြစ်နေတယ်”

ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုပြုဌာန်းရန် စစ်ကောင်စီက အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီလဆန်းတွင် ပထမဆုံးကြိုးပမ်းခဲ့ဖူးသည်။

ထိုစဉ်က မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိထားသူများထံ သဘောထားမှတ်ချက်တောင်းခံသည့်အကြောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာရာ

စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်ထားသည့်အတွက် လက်မခံနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ထိုသို့သော ဝေဖန်ကန့်ကွက်မှုများကြောင့် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို အတည်ပြုခဲ့ခြင်း မရှိသော်လည်း

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

ဆက်သွယ်ရေးဥပဒေပါ အချက်များအနက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် သတင်းတု၊ သတင်းမှားဖြန့်ချိခြင်း၊

ကွန်ပျူတာ Malware များ ဖြန့်ချိခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်သည်ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

အထက်ပါအချက်များမှာ အပူတပြင်းပြဋ္ဌာန်းရန် စစ်ကောင်စီက စိုင်းပြင်းလာသည့် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပါဝင်လျက်ရှိသည်။

အခန်း ၁၈ ခန်းပါ ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ပြီးခဲ့သည့် အောက်တိုဘာနှင့် ဒီဇင်ဘာလအတွင်း အချောသတ်ပြင်ဆင် ပြီးစီးခဲ့ကြောင်း စစ်ကောင်စီ၏ ဇန်နဝါရီ ၁၃ ရက်စွဲဖြင့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီက ပြဋ္ဌာန်းမည့် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်း၏ ရည်ရွယ်ချက်များတွင် အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အီလက်ထရွန်နစ်နည်းပညာနှင့် ဆိုက်ဘာအသုံးပြုတိုက်ခိုက်ခြင်းများကို ကာကွယ်ရန်ဟု ပါရှိသည်။

ဒီဂျစ်တယ်ပလက်ဖောင်းတွင် စည်းလုံးမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော ရေးသားဖော်ပြမှုမျိုးစုံနှင့် တည်ဆဲဥပဒေကို ဆန့်ကျင်သည့် ရေးသားပြောဆို ဖော်ပြချက်များ၊

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေရန် ရေးသားပြောဆို ဖော်ပြချက်များကို တားဆီးဖယ်ရှားရမည်ဟု ဆိုသည်။

ထို့ပြင် VPN နည်းပညာအသုံးပြုခြင်း၊ ကွန်ပျူတာ Malware များ ထည့်သွင်းအသုံးပြုခြင်းနှင့် Digital ငွေကြေးအသုံးပြုခြင်းများကိုလည်း စစ်ကောင်စီပြဋ္ဌာန်းလိုသည့် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် တားမြစ်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်ရေးသားမှုများ ဖြန့်ဖြူးရာ အင်တာနက်စာမျက်နှာများကို ကန့်သတ်ပိတ်ပင်ထားရာ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့်

Facebook ကြည့်ရှုလိုသူများအနေဖြင့် အွန်လိုင်းလှုပ်ရှားမှုများကို ခြေရာဖျောက်နိုင်သည့် VPN ခေါ် သီးသန့်ကွန်ရက်တစ်မျိုးကို မဖြစ်မနေ ထည့်သွင်းအသုံးပြုနေရသည်။

ထိုသို့ VPN နည်းပညာအသုံးပြုပါက ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၅၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

ထို့ပြင် အခြားသော အီလက်ထရောနစ်နှင့် ဆိုက်ဘာနည်းပညာဆိုင်ရာ ကန့်သတ်ချက်များ၊ အရေးယူဆောင်ရွက်မည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းလည်း ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားသည်ကို တွေ့ရသည်။

စစ်တပ်ဒုတိယအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေလျက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီ ဖွဲ့စည်းရန်လည်း ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။​

ဆိုက်ဘာလုံခြုံရေးဥပဒေမှာ လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့်အပေါ် စစ်ကောင်စီ၏ နောက်စစ်မျက်နှာတစ်ခုဖြစ်ကြောင်း Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Myanmar Now ကို ပြောသည်။

“အတည်ပြုဖြစ်ခဲ့ရင် ဒီတရားမဝင်ဥပဒေက လူ့အသက်တွေကို အန္တရာယ်ကျရောက်စေမှာ ဖြစ်ပါတယ်။ စစ်တပ်က ဆက်သွယ်ရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေ တိုးမယ်၊ စောင့်ကြည့်တာတွေ လုပ်မယ်” ဟု ၎င်းက ပြောသည်။

စီးပွားရေးအသိုင်းအဝိုင်းအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းအားဖြင့် ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းအားလုံးကို အသုံးပြုကာ ဆိုက်ဘာလုံခြုံရေးဥပဒေကို ဆန့်ကျင်ရန်လည်း Justice For Myanmar အဖွဲ့က တောင်းဆိုသည်။

ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းဖြစ်ပါက စစ်ကောင်စီအလိုအရ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးသည်ဆိုသော စကားရပ်အားဖြင့် မည်သည့်ရေးသားချက်ကိုမဆို ပိတ်ပင်ရန် သို့မဟုတ် ဖြုတ်ချရန် ဆက်သွယ်ရေးကုမ္ပဏီများက လိုက်နာဆောင်ရွက်ပေးရမည်ဖြစ်သည်။

စစ်ကောင်စီက ဆက်သွယ်ရေးလုပ်ငန်းများကို ၎င်းတို့စိတ်တိုင်းကျ ကြားဖြတ်ထောက်လှမ်းနိုင်ရန် ‘နိုင်လွတ်လုံ’ ဟု အတိုကောက်ခေါ်ဝေါ်သည့် ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ’ ကိုလည်း အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ပြင်ဆင်ခဲ့သည်။

VPN အသုံးျပဳပါက ေထာင္ဒဏ္(၃)ႏွစ္အထိအျပစ္ေပး အေရးယူျခင္းခံရမည္

ဆန္႔က်င္သူမ်ားကို ပိုမိုႏွိပ္ကြပ္နိုင္ရန္ အခ်က္မ်ားထည့္သြင္းေရးဆြဲထားသည့္ ဆိုက္ဘာလုံျခဳံေရးဥပေဒျပ႒ာန္းရန္ စစ္ေကာင္စီ အပူတျပင္းႀကိဳးပမ္းလ်က္ရွိသည္ကို Myanmar Now က ရရွိထားသည့္ စာရြက္စာတမ္းအေထာက္အထားမ်ားအရ သိရသည္။

စစ္ေကာင္စီက ၎တို႔ အေခ်ာသတ္ျပင္ဆင္ ေရးဆြဲထားသည့္ ဆိုက္ဘာလုံျခဳံေရးဥပေဒၾကမ္းအေပၚ ယခုလ (ဇန္နဝါရီ) ၁၃ ရက္စြဲျဖင့္ သေဘာထားမွတ္ခ်က္ေတာင္းခံရာတြင္ ဇန္နဝါရီ ၂၈ ရက္ ေနာက္ဆုံးထားအေၾကာင္းျပန္ရန္ အပူတျပင္း ေတာင္းဆိုထားသည္။

စစ္ေကာင္စီအဖြဲ႕ဝင္ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း ဝန္ႀကီးအျဖစ္ တာဝန္ယူထားသည့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနက သေဘာထားမွတ္ခ်က္ေတာင္းခံရာတြင္

ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာနမ်ားအျပင္ စီးပြားေရးႏွင့္ သက္ဆိုင္သည့္အဖြဲ႕အစည္းမ်ား၊ ဆက္သြယ္ေရးလုပ္ငန္းလိုင္စင္ ရယူထားသူမ်ားႏွင့္ ဘဏ္မ်ားလည္း ပါဝင္သည္။

စစ္အာဏာရွင္စနစ္ သက္ဆိုးရွည္ေစေရး မတရားလုပ္ေဆာင္ေနသည္မ်ားကို ကမၻာက သိသြားမည္ကို ေၾကာက္သျဖင့္ ဆက္သြယ္ေရးယႏၲရားမ်ားကို တားဆီးပိတ္ပင္ေနျခင္းျဖစ္သည္ဟု အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ၏ တရား ေရးဝန္ႀကီး ဦးသိန္းဦးက ဆိုသည္။

“မေကာင္းတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ သူတို႔အက်ိဳးစီးပြားအတြက္ လုပ္တာျဖစ္တယ္။ သူတို႔ရဲ့ မတရားလုပ္ေဆာင္မႈေတြကို အေမွာင္ခ်နိုင္ဖို႔ အင္တာနက္ကို သူတို႔နဲ႔ဆန္႔က်င္သူမွန္သမၽွ သုံးမရေအာင္၊ မသုံးရဲေအာင္ လုပ္တာျဖစ္တယ္” ဟု ၎က ေျပာသည္။

“အေမွာင္ကမၻာႀကီးထဲကို ေရာက္ေအာင္ ဆြဲေခၚေနတာ ျဖစ္တယ္။ အလင္းထဲ (နည္းပညာေခတ္) ကို သြားေနတဲ့ ကမၻာႀကီးနဲ႔ ေျပာင္းျပန္ျဖစ္ေနတယ္”

ဆိုက္ဘာလုံျခဳံေရးဥပေဒ အတည္ျပဳျပဳဌာန္းရန္ စစ္ေကာင္စီက အာဏာသိမ္းၿပီး ရက္ပိုင္းအၾကာ ေဖေဖာ္ဝါရီလဆန္းတြင္ ပထမဆုံးႀကိဳးပမ္းခဲ့ဖူးသည္။

ထိုစဥ္က မိုဘိုင္းဆက္သြယ္ေရးေအာ္ပေရတာမ်ားႏွင့္ ဆက္သြယ္ေရးဝန္ေဆာင္မႈ လိုင္စင္ရရွိထားသူမ်ားထံ သေဘာထားမွတ္ခ်က္ေတာင္းခံသည့္အေၾကာင္း လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ့လာရာ

စစ္ေကာင္စီ၏ ဆိုက္ဘာလုံျခဳံေရးဥပေဒၾကမ္းမွာ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးကို ဆိုးဆိုးရြားရြား ခ်ိဳးေဖာက္ထားသည့္အတြက္ လက္မခံနိုင္ေၾကာင္း အရပ္ဘက္အဖြဲ႕အစည္းေပါင္း ၂၀၀ ေက်ာ္က ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ့သည္။

ထိုသို႔ေသာ ေဝဖန္ကန္႔ကြက္မႈမ်ားေၾကာင့္ ဆိုက္ဘာလုံျခဳံေရးဥပေဒၾကမ္းကို အတည္ျပဳခဲ့ျခင္း မရွိေသာ္လည္း

အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေဖေဖာ္ဝါရီ ၁၅ ရက္စြဲျဖင့္ အီလက္ထေရာနစ္ ဆက္သြယ္ေရးဥပေဒကို ျပင္ဆင္ျပ႒ာန္းခဲ့သည္။

ဆက္သြယ္ေရးဥပေဒပါ အခ်က္မ်ားအနက္ နိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈကို ၿခိမ္းေျခာက္ရန္ ရည္ရြယ္ခ်က္ျဖင့္ သတင္းတု၊ သတင္းမွားျဖန္႔ခ်ိျခင္း၊

ကြန္ပ်ဴတာ Malware မ်ား ျဖန္႔ခ်ိျခင္း၊ ဆိုက္ဘာတိုက္ခိုက္ျခင္းမ်ား ျပဳလုပ္ပါက ေထာင္ဒဏ္ႏွင့္ ေငြဒဏ္မ်ား ခ်မွတ္နိုင္သည္ဟု ျပင္ဆင္ျပ႒ာန္းခဲ့သည္။

အထက္ပါအခ်က္မ်ားမွာ အပူတျပင္းျပ႒ာန္းရန္ စစ္ေကာင္စီက စိုင္းျပင္းလာသည့္ ဆိုက္ဘာလုံျခဳံေရးဥပေဒတြင္ ပါဝင္လ်က္ရွိသည္။

အခန္း ၁၈ ခန္းပါ ဆိုက္ဘာလုံျခဳံေရးဥပေဒၾကမ္းကို ၿပီးခဲ့သည့္ ေအာက္တိုဘာႏွင့္ ဒီဇင္ဘာလအတြင္း အေခ်ာသတ္ျပင္ဆင္ ၿပီးစီးခဲ့ေၾကာင္း စစ္ေကာင္စီ၏ ဇန္နဝါရီ ၁၃ ရက္စြဲျဖင့္ အေၾကာင္းၾကားစာတြင္ ေဖာ္ျပထားသည္။

စစ္ေကာင္စီက ျပ႒ာန္းမည့္ ဆိုက္ဘာလုံျခဳံေရးဥပေဒၾကမ္း၏ ရည္ရြယ္ခ်က္မ်ားတြင္ အခ်ဳပ္အျခာအာဏာႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ေစမည့္ အီလက္ထရြန္နစ္နည္းပညာႏွင့္ ဆိုက္ဘာအသုံးျပဳတိုက္ခိုက္ျခင္းမ်ားကို ကာကြယ္ရန္ဟု ပါရွိသည္။

ဒီဂ်စ္တယ္ပလက္ေဖာင္းတြင္ စည္းလုံးမႈႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစေသာ ေရးသားေဖာ္ျပမႈမ်ိဳးစုံႏွင့္ တည္ဆဲဥပေဒကို ဆန္႔က်င္သည့္ ေရးသားေျပာဆို ေဖာ္ျပခ်က္မ်ား၊

လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ကို ထိခိုက္နစ္နာေစရန္ ေရးသားေျပာဆို ေဖာ္ျပခ်က္မ်ားကို တားဆီးဖယ္ရွားရမည္ဟု ဆိုသည္။

ထို႔ျပင္ VPN နည္းပညာအသုံးျပဳျခင္း၊ ကြန္ပ်ဴတာ Malware မ်ား ထည့္သြင္းအသုံးျပဳျခင္းႏွင့္ Digital ေငြေၾကးအသုံးျပဳျခင္းမ်ားကိုလည္း စစ္ေကာင္စီျပ႒ာန္းလိုသည့္ ဆိုက္ဘာလုံျခဳံေရးဥပေဒတြင္ တားျမစ္ထားသည္။

အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီက ၎တို႔ကို ဆန္႔က်င္ေရးသားမႈမ်ား ျဖန္႔ျဖဴးရာ အင္တာနက္စာမ်က္ႏွာမ်ားကို ကန္႔သတ္ပိတ္ပင္ထားရာ လူသုံးအမ်ားဆုံး လူမႈကြန္ရက္ျဖစ္သည့္

Facebook ၾကည့္ရႈလိုသူမ်ားအေနျဖင့္ အြန္လိုင္းလႈပ္ရွားမႈမ်ားကို ေျခရာေဖ်ာက္နိုင္သည့္ VPN ေခၚ သီးသန္႔ကြန္ရက္တစ္မ်ိဳးကို မျဖစ္မေန ထည့္သြင္းအသုံးျပဳေနရသည္။

ထိုသို႔ VPN နည္းပညာအသုံးျပဳပါက ေထာင္ဒဏ္တစ္ႏွစ္မွ သုံးႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ က်ပ္သိန္း ၅၀ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္နိုင္သည္ဟု စစ္ေကာင္စီက ဆိုက္ဘာလုံျခဳံေရးဥပေဒၾကမ္းတြင္ ထည့္သြင္းေရးဆြဲထားသည္။

ထို႔ျပင္ အျခားေသာ အီလက္ထေရာနစ္ႏွင့္ ဆိုက္ဘာနည္းပညာဆိုင္ရာ ကန္႔သတ္ခ်က္မ်ား၊ အေရးယူေဆာင္ရြက္မည့္ ျပစ္မႈ၊ ျပစ္ဒဏ္မ်ားအေၾကာင္းလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ေရးဆြဲထားသည္ကို ေတြ႕ရသည္။

စစ္တပ္ဒုတိယအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းကို ဥကၠ႒အျဖစ္ ဦးေဆာင္ေစလ်က္ ဆိုက္ဘာလုံျခဳံေရးဆိုင္ရာ ဗဟိုေကာ္မတီ ဖြဲ႕စည္းရန္လည္း ဥပေဒၾကမ္းတြင္ ထည့္သြင္းထားသည္။​

ဆိုက္ဘာလုံျခဳံေရးဥပေဒမွာ လြတ္လပ္စြာ ေျပာဆိုေရးသားထုတ္ေဖာ္ခြင့္အေပၚ စစ္ေကာင္စီ၏ ေနာက္စစ္မ်က္ႏွာတစ္ခုျဖစ္ေၾကာင္း Justice For Myanmar အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ မရတနာေမာင္က Myanmar Now ကို ေျပာသည္။

“အတည္ျပဳျဖစ္ခဲ့ရင္ ဒီတရားမဝင္ဥပေဒက လူ႔အသက္ေတြကို အႏၲရာယ္က်ေရာက္ေစမွာ ျဖစ္ပါတယ္။ စစ္တပ္က ဆက္သြယ္ေရးလုပ္ငန္းေတြအေပၚ ကန္႔သတ္ခ်က္ေတြ တိုးမယ္၊ ေစာင့္ၾကည့္တာေတြ လုပ္မယ္” ဟု ၎က ေျပာသည္။

စီးပြားေရးအသိုင္းအဝိုင္းအေနျဖင့္ လူ႔အခြင့္အေရးကို ေလးစားလိုက္နာျခင္းအားျဖင့္ ၎တို႔၏ လုပ္ကိုင္နိုင္စြမ္းအားလုံးကို အသုံးျပဳကာ ဆိုက္ဘာလုံျခဳံေရးဥပေဒကို ဆန္႔က်င္ရန္လည္း Justice For Myanmar အဖြဲ႕က ေတာင္းဆိုသည္။

ဆိုက္ဘာလုံျခဳံေရးဥပေဒ ျပ႒ာန္းျဖစ္ပါက စစ္ေကာင္စီအလိုအရ တည္ၿငိမ္ေအးခ်မ္းေရးကို ေႏွာင့္ယွက္ဖ်က္ဆီးသည္ဆိုေသာ စကားရပ္အားျဖင့္ မည္သည့္ေရးသားခ်က္ကိုမဆို ပိတ္ပင္ရန္ သို႔မဟုတ္ ျဖဳတ္ခ်ရန္ ဆက္သြယ္ေရးကုမၸဏီမ်ားက လိုက္နာေဆာင္ရြက္ေပးရမည္ျဖစ္သည္။

စစ္ေကာင္စီက ဆက္သြယ္ေရးလုပ္ငန္းမ်ားကို ၎တို႔စိတ္တိုင္းက် ၾကားျဖတ္ေထာက္လွမ္းနိုင္ရန္ ‘နိုင္လြတ္လုံ’ ဟု အတိုေကာက္ေခၚေဝၚသည့္ ‘နိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံျခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ’ ကိုလည္း အာဏာသိမ္းၿပီး ရက္ပိုင္းအတြင္း ျပင္ဆင္ခဲ့သည္။