News

အဖေ့ ဘာသာ ရှာစား သမီးတို့ မကြည့်နိုင်ဘူးဆိုလို့ တလမ်းဝင် တလမ်းထွက် ဖျာရောင်းနေရတဲ့ အဖိုး

အဖေ့ ဘာသာ ရှာစား သမီးတို့ မကြည့်နိုင်ဘူးဆိုလို့ တလမ်းဝင် တလမ်းထွက် ဖျာရောင်းနေရတဲ့ အဖိုး

အဖေ့ ဘာသာ ရှာစား သမီးတို့ မကြည့်နိုင်ဘူးဆိုလို့ တလမ်းဝင် တလမ်းထွက် ဖျာရောင်းနေရတဲ့ အဖိုး

သားသမီးတွေ ရှိပါတယ် ဒါမဲ့ ကိုယ်လုပ်မှ ကိုယ်စားရတဲ့ ဘဝပါ အဖိုး အသက် ၇၀ နှစ် မနက်ဆို ဖျာဆိုင်ကနေ တဆင့်ယူပြီး တလမ်းဝင် တလမ်းထွက် ဖျာရောင်းပါတယ်။

ညနေဆို မရောင်းရတဲ့ ဖျာလေးတွေ ပြန်အပ်ပြီ ရောင်းရတဲ့ ဖျာ ၁ချပ် ကို ၃၀၀၀ လောက်ရတယ်တဲ့ တခါတလေ တပါတ်လုံး မရောင်းရတာလဲ ရှိတယ်။

၃ ရက်လောက်မှ ၁ ချပ်လောက် ရောင်းရတာပါ သားရယ် အဖိုးက မြောက်ဒဂုံကနေ ဒီထိ ကျောက်ကုန်းလမ်း လျှောက်လာရောင်းတာ

ညဆို ၈ နာရီလောက်မှ အိမ်ပြန်ရောက်တာသားသမီးတွေ ရှိပေမယ့် ခြေထောက်လေး မကောင်းလို့ ဖုန်းဆက် ကူညီတောင်းပေမယ့်

အဖေ ဘာသာ အဖေ ရှာစား သားတို့ သမီးတို့ မကြည့်နိုင်ဘူးတဲ့ ပြောတယ် သားရယ် ရပါတယ် အဖိုး တသက်လုံး ထမ်းကျွေး ရှာကျွေးခဲ့ပေမယ့်

အဖိုး ကုသိုလ်ကံပေါ့ သားရယ် အပြစ်မတင်ပါဘူး သူတို့လဲ ခက်ခဲမှာပေါ့ ဟုတ် အဖိုး သား ၂၀၀၀၀ တန် ဖျာ ၁ ချပ် အားပေးမယ်နော်

ဝမ်းသာလိုက်တာ သားရယ် အဖိုး ရောင်းရပြီပေါ့ ဒါပေါ့ အဖိုး ရော့ ၅၀၀၀၀ သား ပိုက်ဆံတွေ ပိုနေတယ်လေ ဟုတ်တယ် အဖိုး ပိုနေတာ

အဖိုး ယူလိုက်ပါ ဟာ ဒါဆို အဖိုး ဒီနေ့ မနက် ၁၁ ပဲ ရှိသေး အိမ်အစောကြီး ပြန်ရပြီပေါ့ ဒါပေါ့ အဖိုး အိမ်ပြန်နား စေချင်တယ်။

ဖြေးဖြေးပြန်နော် ကျေးဇူးတင်လိုက်တာ သားရယ် ဆုတွေ အများကြီး ပေးရှာတယ် အဖိုး ထော့နဲ့ ထော့နဲ့လေးနဲ့ ဖျာတွေ ပြန်သွား အပ်ရှာတယ်

ဪ မိဘဆိုတာ သက်ရှိဘုရားပါ ရှိတုန်းပဲ လုပ်ကျွေးရတာပါ ဗျာ မရှိတော့မှ ကျွေးချင်တယ်ဆိုပြီ နောင်တ မရကြပါနဲ့ဗျာ။

ဆင်းရဲနွမ်းပါး အဖိုးအဖွား များအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ ၀၈ ၅၄၀၈၄၃၇

Credit














Credit