Healthy

သင်ရော ကော်ဖီချစ်သူဆိုရင် ကျော်မသွားပဲ ဖတ်ကြည့်နော်…..

သင်ရော ကော်ဖီချစ်သူဆိုရင် ကျော်မသွားပဲ ဖတ်ကြည့်နော်…..

ကော်ဖီကို လူတိုင်းနီးပါးကြိုက်ကြမယ် သောက်ကြမယ်ထင်တယ်

ကော်ဖီခါးခါးကို …လူ့ဘဝ ဒါမှမဟုတ် အချစ်နဲ့ နိူင်းယှဉ်ပြီး လူတွေက ကဗျာတွေစပ်ကြတယ်။ဝတ္ထုတွေ ရေးကြတယ်။

အလှော်ခံ အမူန့်ကြိတ်ခံရပြီး ရေနွေးပူပူ လောင်းထည့်လိုက်မှ သင်းကြိုင်တဲ့ ရနံ့ ထွက်လာတဲ့ကော်ဖီကို လူ့ဘဝအတွက် သင်္ခန်းစာအဖြစ် ဥပမာ ပေးကြတယ်

အခုလည်း ဖတ်ဖူးတဲ့ ကော်ဖီနဲ့ ကော်ဖီမူန့်ရဲ့ အသုံးဝင်ပုံတချို့ကို မျှဝေလိုက်ပါတယ်။

၁ – အာရုံစုစည်းမူ မရှိတဲ့အခါမှာ ကော်ဖီတစ်ခွက်ကို သောက်လိုက်ရင် –

ပင်ပန်းနွမ်းနယ်မူကို ပျောက်ကင်းစေနိုင်တဲ့အပြင် ကော်ဖီနံ့ကိုရှုရှိူက်ခြင်းဖြင့် လီမွန် ၃ ဆရှိတဲ့ ဗီတာမင် စီကို ရနိုင်တယ်။

၂ – ကြက်သွန်ဖြူစားပြီး ပါးစပ်မှာ စွဲကျန်ခဲ့တဲ့အနံ့ကို – ကော်ဖီသောက်ခြင်းဖြင့် ပျောက် စေနိုင်တယ်။

၃ – ကော်ဖီသောက်ခြင်းဖြင့် စိတ်ဖိအားတွေကို လျော့ချစေနိုင်သလို စိတ်ကိုလည်း လန်းဆန်းတက်ကြွစေနိုင်တယ်။

ဝမ်းချုပ်နေသူများ မနက်စောစောကော်ဖီသောက်ရင် ၅ မိနစ်မှ ၁၀ နစ်အတွင်း ဝမ်းသွားပါတယ်။

၄ – ကော်ဖီစေ့က မြေကြီးထဲက ရေငွေ့ကို အလွယ်တကူ စုပ်ယုနိုင်တာကြောင့်

ဝယ်လာတဲ့ ကော်ဖီစေ့တွေကို ကြမ်းပြင်ပေါ်ချမထားပဲ လေလုံတဲ့ ပုလင်းထဲ ထည့်သိမ်းထားတာအကောင်းဆုံးပါ။သိမ်းရာမှာလည်း ပုလင်းကို မကြာခဏလူပ်ပေးရပါမယ်။

၅ – စစ်ပြီးသား ကော်ဖီမူန့်ကို ဆေးလိပ်ပြာခွက်မှာ ထည့်ပေးရင် အနံ့အသက်ပျောက်
ကင်းစေနိုင်သလို မီးလည်းငြိမ်းလွယ်တယ်။

၆ – ကော်ဖီမူန့်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားပေးရင် အနံ့ဆိုးများကို ပျောက်ကင်း စေနိုင်သလို ဖိနပ်စင်မှာလည်း ထည့်ထားပေးလို့ရတယ်။

၇ – အသုံးကြာတဲ့ အိုးတွေ ဆီနံ့စွဲနေရင် ကော်ဖီမူန့်အစို ( သို့ ) လက်ဖက်ခြောက်ကိုအိုးထဲ ထည့်ပြီး ခြောက်တဲ့အထိ လှော်ပေးရင် အနံ့အသက် ပျောက်ကင်းစေပါတယ်။

Credit – ရေးသားသူ နိုင်းနိုင်းစနေ



ကော်ဖီခါးခါးကို …လူ့ဘဝ ဒါမှမဟုတ် အချစ်နဲ့ နိုင်းယှဉ်ပြီး လူတွေက ကဗျာတွေစပ်ကြတယ်။ဝတ္ထုတွေ ရေးကြတယ်။




ပင်ပန်းနွမ်းနယ်မူကို ပျောက်ကင်းစေနိုင်တဲ့အပြင် ကော်ဖီနံ့ကိုရှုရှိုက်ခြင်းဖြင့် လီမွန် ၃ ဆရှိတဲ့ ဗီတာမင် စီကို ရနိုင်တယ်။




၎ – ကော်ဖီစေ့က မြေကြီးထဲက ရေငွေ့ကို အလွယ်တကူ စုပ်ယုနိုင်တာကြောင့်




