News

မကွေးတိုင်းတွင် PDF များ နယ်မြေစိုးမိုးလာမှု တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ သွေးပျက်နေကြ၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော် ကျော်လင်း ကိုယ်တိုင် PDFက ပြည်သူကို အခြေခံဖွဲ့ထား ဟု ဝန်ခံခဲ့ရ(ရုပ်/သံ)

မကွေးတိုင်းတွင် PDF များ နယ်မြေစိုးမိုးလာမှု တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ သွေးပျက်နေကြ၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော် ကျော်လင်း ကိုယ်တိုင် PDFက ပြည်သူကို အခြေခံဖွဲ့ထား ဟု ဝန်ခံခဲ့ရ(ရုပ်/သံ)

မကွေးတိုင်းတွင် PDF များ နယ်မြေစိုးမိုးလာမှု တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ သွေးပျက်နေကြ၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော် ကျော်လင်း ကိုယ်တိုင် PDFက ပြည်သူကို အခြေခံဖွဲ့ထား ဟု ဝန်ခံခဲ့ရ(ရုပ်/သံ)

By ရန်ကုန်ခေတ်သစ်

မကွေးတိုင်းအတွင်းရှိ ၆ မြို့နယ်တွင် အစိုးရ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုဖြစ်နေပြီး နယ်မြေခံမှလွဲ၍ အစိုးရဝန်ထမ်းများ ထွက်ပြေးနေရကြောင်း မကွေးတိုင်းစစ်ကောင်စီ၏ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မကွေးတိုင်းစစ်ကောင်စီ၏ နယ်မြေကွင်းဆင်းဆောင် ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း အသိ ပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဇူလိုင်မှစတင်ပြီး ယခုအချိန်အထိ ဂန့်ဂေါခရိုင် ၃ မြို့နယ်ဖြစ်သည့် ဂန့်​ဂေါမြို့နယ်၊ ​​ဆောမြို့နယ်၊ ထီးလင်းမြို့နယ်တွင် အစိုးရအုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုဖြစ်နေပြီး လက်ရှိ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်နှင့် ရေစကြိုမြို့တို့တွင်လည်း အလားတူ ဖြစ်လာနေကြောင်း ၎င်းက ပြောဆိုသည်။

” ဇူလိုင်က စပြီး PDF ကိစ္စတွေ ပေါ်လာတဲ့အခါမှာ ပထမအဆင့်ကတော့ ကျနော်တို့ ဂန့်ဂေါခရိုင် ၃ မြို့နယ်က အစိုးရရဲ့ အုပ်ချုပ်ယန္တရား ပျက်လုနီးပါးအဆင့်ကို ရောက်သွားပါတယ်။

ဒါဘာလဲဆိုတော့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ ပျက်ပြားသွားတယ်။ နောက် ဖွဲ့စည်းထားတဲ့မြို့နယ်အဆင့်၊ ခရိုင်အဆင့် အစိုးရယန္တရားအဖွဲ့အသီးသီးရဲ့ တာဝန်တွေအားလုံး ရပ်ဆိုင်းသွားပါတယ်။ ဒါ့အပြင် ဝန်ထမ်းအေားလုံးကလည်း ဒီဒေသမှာ မနေရရဲလို့ နယ်မြေခံကလွဲလို့ ကျန်တဲ့ပုဂ္ဂိုလ်တွေ ထွက်ခွာသွားရပါတယ်။

နောက်တစ်ဆင့် တက်လာတာကတော့ ပေါက်၊ မြိုင်၊ ရေစကြိုပါ။ လက်ရှိလည်း ဒီဒေသမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုသည်။

NUG အစိုးရ၏ PDF သည် ပြည်သူကို အခြေခံထားကြောင်း၊ ပြည်သူ့စစ်မဟာ ဗျူဟာကို အသုံးပြုနေကြောင်း၊ PDF သည် ဗမာ သူပုန်သာဖြစ်ပြီး စစ်တပ်အနေဖြင့် ယခင် ဗမာသူပုန်ဖြစ်သည့် ဗကပ ဗမာပြည်ကွန်မြူနစ်ပါတီကို နိုင်အောင် မတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ဗကပတွင် ပါဝင်သည့် ကချင်၊ ၀ ၊ ကိုးကန့်နှင့် ရှမ်းတို့ ပြိုကွဲ၍သာ ဗကပ နိဂုံးချုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အစိုးရရဲ့ အုပ်ချုပ်မှုအာဏာ သက်ရောက်မှ အစိုးရလို့ ခေါ်လို့ရတာဖြစ်ပါတယ်။ အစိုးရက သတ်မှတ်ထးတဲ့ ဖွဲ့စည်းပုံတွေ ဥပဒေတွေ ဆုံးဖြတ်ချက်တွေကို လက်မခံဘူးဆိုတဲ့ သဘောတရားက ထားလို့မရပါဘူး။

သို့သော်လည်း တစ်ဖက်အဖွဲ့အစည်းအနေနဲ့ ဒါတွေကို လက်မခံတဲ့အတွက် အစိုးရတစ်ရပ်ထပ်မံ ဖွဲ့လာပါတယ်။ ဒါကတော့ NUG အစိုးရ ဖြစ်ပါတယ်။ NUG ရဲ့ လက် ကိုင်တုတ်ကတော့ PDF ဖြစ်ပါတယ်။

PDF ဆိုတဲ့ သဘောတရားကို ပြန်ပြီး ဆန်းစစ်ကြည့်တဲ့အခါမှာ ပြည်သူကို အခြေခံတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ PDF က ကျနော်တို့နိုင်ငံရဲ့ လူမျိုး ၁၃၅ မျိုး အဓိက လူမျိုးကြီး ၈ မျိုးထဲမှာ လက်ရှိ သူပုန်ပေါင်း ၁၆၀ ကျော်မှာ နောက်တစ်မျိုးတိုးလာတာ ဗမာသူပုန်ဖြစ်ပါတယ်။

PDF ဆိုတာ ဗမာ သူပုန်လို့ သတ်မှတ်လို့ရပါတယ်။ ကျနော်တို့ နိုင်ငံသမိုင်းမှာ ဗမာသူပုန်ရှိခဲ့ဖူးပါတယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင်ကတည်းက သခင်သန်းထွန်းတို့ ဗမာပြည်ကွန်မြူနစ်ပါတီခွဲထွက် သူပုန်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ၁၉၇၀ နောက်ပိုင်းမှာ ကချင် ၊၀ ၊ရှမ်း၊ ကိုးကန့်ကို ဗကပ ဆိုပြီး ဗမာက အုပ်ချုပ်ခဲ့ပြီးတော့ ဗမာသူပုန်အဖြစ် တိုက်ခဲ့ရတာ မိုင်းယန်းတိုက်ပွဲအပြီးမှာ ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းသွားတာပါ။

ကျနော်တို့က ဗမာသူပုန်ကို နိုင်အောင် တိုက်နိုင်ခဲ့တာမဟုတ်ပါဘူး။ ခုနက ကျနော်တင်ပြခဲ့တဲ့ တိုင်းရင်းသား ၄ မျိုးက ခွဲထွက်တော်လှန်လို့သာ ဗမာသူပုန်ပျောက်သွားတာပါ” ဟု ဗိုလ်မှူးကြီးကျော်ကျော်လင်းက ဆိုသည်။

လက်ရှိအချိန်တွင် ယခင် ဗကပ ကို တိုက်သကဲ့သို့ ဖြတ်လေးဖြတ်ဖြင့် PDF ကို မတိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။”၂၀၂၂ ခုနှစ်မှာ ဗမာသူပုန်ပေါ်လာတာ။ ကျနော်တို့ ပဲခူးရိုးမကို ဘယ်လိုတိုက်ခဲ့ရလဲဆိုတော့ ဖြတ်လေးဖြတ်နဲ့ တိုက်ခဲ့ရတာ။

ဒီခေတ်အဲဒီအခါက မီဒီယာအခြေအနေအရ လုပ်လို့ရပေမယ့် အခုခေတ် မကွေးတိုင်းတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဒီလိုနည်းလမ်းတွေနဲ့ သုံးလို့ အဆင်မပြေတော့ပါဘူး။

အဲဒီတော့ ခုန ကျနော်တင်ပြတဲ့အထဲမှာ မဟာဗျူဟာကို တင်ပြမယ်။ ကျနော်တို့ နိုင်ငံက ဘက်မလိုက် နိုင်ငံဖြစ်ပါတယ်။ ဘန်ဒေါင်းမှာလည်း ဘက်မလိုက်နိုင်ငံဖြစ်ပါတယ်။

ဘက်မလိုက်နိုင်ငံဆိုတာ သူများကို မကျူးကျော်ဘူး။ ကိုယ့်နိုင်ငံကျူးကျော်တာ လက်မခံဘူး။ သူများရဲ အတွင်းရေးကို မစွတ်ဖက်ဘူး။ ကျနော်တို့ တပ်မတော်နဲ့ နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာကို ချမှတ်တဲ့အခါမှာ ပြည်သူ့စစ် မဟာဗျူဟာကို ချထားတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောသည်။

PDF များကို တိုက်ခိုက်ရန် ကောင်တာ ပြည်သူ့စစ်ဗဟာဗျူဟာကို အသုံးပြုရမည်ဖြစ်ပြီး ပြည်သူလူထုကိုလည်း လက်ဦးမှု ရယူ စည်းရုံးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“လက်ရှိ PDF တွေ ကျင့်သုံးနေတာက ပြည်သူ့စစ်မဟာဗျူဟာဖြစ်ပါတယ်။ ဒါကြောင့် PDF ပြည်သူ့စစ် မဟာဗျူဟာကို ကောင်တာ မဟာဗျူဟာနဲ့ တိုက်မယ်ဆိုရင် ကျနော်တို့ အချက် ၂ ချက် ပဲရှိပါတယ်။ပထမ တစ်ချက် အကိုင်း အခက်နဲ့ ပင်မအမြစ်ကို ဖြတ်တောက်ရမယ်။

ဒါတွေက ဘာလဲဆိုတော့ ရစရာရှိတဲ့ ငွေကြေး ရနိုင်တဲ့ နည်းလမ်းတွေ အစားအသောက် ရိက္ခာ လက်နက်ခဲယမ်း အင်အား အဲဒါတွေကို ဖြတ်တောက်ရပါ့မယ်။

ဒုတိယအချက်ကတော့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုရယူဖို့ ဖြစ်ပါတယ်။ လက်ရှိ ဇူလိုင်လကနေစပြီး အခုအချိန်အထိ အစိုးရနဲ့ ပြည်သူ အဆက်ပြတ်နေသလိုဖြစ်နေပါတယ်။

အဆက်ပြတ်နေတဲ့ ပြန်လည် ထိတွေ့ဖို့အတွက် သက်ဆိုင်ရာ တိုင်းအဆင့် ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ တွေက သွားလို့ရတဲ့ လုံခြုံရေး အထောက်အပံ့နေရာတွေကို သွားရောက်ပြီး ဒေသခံပြည်သူနဲ့ ပြန်လည် ထိတွေ့ပြီးတော့ အုပ်ချုပ်မှု ယန္တရားကို ပြန်လည် တည်ဆောက်ရမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုသည်။

မေကြးတိုင္းတြင္ PDF မ်ား နယ္ေျမစိုးမိုးလာမႈ တိုင္းအစိုးရအဖြဲ႕အစည္းအေဝးမွာ ေသြးပ်က္ေနၾက၊ နယ္/လုံဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္ ေက်ာ္လင္း ကိုယ္တိုင္ PDFက ျပည္သူကို အေျခခံဖြဲ႕ထား ဟု ဝန္ခံခဲ့ရ(႐ုပ္/သံ)

မေကြးတိုင္းတြင္ PDF မ်ား နယ္ေျမစိုးမိုးလာမႈ တိုင္းအစိုးရအဖြဲ႕အစည္းအေဝးမွာ ေသြးပ်က္ေနၾက၊ နယ္/လုံဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္ ေက်ာ္လင္း ကိုယ္တိုင္ PDFက ျပည္သူကို အေျခခံဖြဲ႕ထား ဟု ဝန္ခံခဲ့ရ(႐ုပ္/သံ)

By ရန္ကုန္ေခတ္သစ္

မေကြးတိုင္းအတြင္းရွိ ၆ ၿမိဳ႕နယ္တြင္ အစိုးရ အုပ္ခ်ဳပ္ေရးယႏၲရား ရပ္ဆိုင္းလုျဖစ္ေနၿပီး နယ္ေျမခံမွလြဲ၍ အစိုးရဝန္ထမ္းမ်ား ထြက္ေျပးေနရေၾကာင္း မေကြးတိုင္းစစ္ေကာင္စီ၏ နယ္စပ္ေရးရာႏွင့္လုံၿခဳံေရးဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္ေက်ာ္လင္းက ေျပာဆိုလိုက္သည္။

ဇန္နဝါရီလ ၁၉ ရက္ေန႔ မေကြးတိုင္းစစ္ေကာင္စီ၏ နယ္ေျမကြင္းဆင္းေဆာင္ ႐ြက္ႏိုင္ေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ၎က အထက္ပါအတိုင္း အသိ ေပးေျပာဆိုလိုက္ျခင္းျဖစ္သည္။

၂၀၂၁ ခုႏွစ္ ဇူလိုင္မွစတင္ၿပီး ယခုအခ်ိန္အထိ ဂန႔္ေဂါခ႐ိုင္ ၃ ၿမိဳ႕နယ္ျဖစ္သည့္ ဂန႔္​ေဂါၿမိဳ႕နယ္၊ ​​ေဆာၿမိဳ႕နယ္၊ ထီးလင္းၿမိဳ႕နယ္တြင္ အစိုးရအုပ္ခ်ဳပ္ေရးယႏၲရား ရပ္ဆိုင္းလုျဖစ္ေနၿပီး လက္ရွိ ၿမိဳင္ၿမိဳ႕နယ္၊ ေပါက္ၿမိဳ႕နယ္ႏွင့္ ေရစႀကိဳၿမိဳ႕တို႔တြင္လည္း အလားတူ ျဖစ္လာေနေၾကာင္း ၎က ေျပာဆိုသည္။

” ဇူလိုင္က စၿပီး PDF ကိစၥေတြ ေပၚလာတဲ့အခါမွာ ပထမအဆင့္ကေတာ့ က်ေနာ္တို႔ ဂန႔္ေဂါခ႐ိုင္ ၃ ၿမိဳ႕နယ္က အစိုးရရဲ႕ အုပ္ခ်ဳပ္ယႏၲရား ပ်က္လုနီးပါးအဆင့္ကို ေရာက္သြားပါတယ္။

ဒါဘာလဲဆိုေတာ့ တရားဥပေဒစိုးမိုးေရးဆိုင္ရာကိစၥရပ္ေတြ ပ်က္ျပားသြားတယ္။ ေနာက္ ဖြဲ႕စည္းထားတဲ့ၿမိဳ႕နယ္အဆင့္၊ ခ႐ိုင္အဆင့္ အစိုးရယႏၲရားအဖြဲ႕အသီးသီးရဲ႕ တာဝန္ေတြအားလုံး ရပ္ဆိုင္းသြားပါတယ္။ ဒါ့အျပင္ ဝန္ထမ္းေအားလုံးကလည္း ဒီေဒသမွာ မေနရရဲလို႔ နယ္ေျမခံကလြဲလို႔ က်န္တဲ့ပုဂၢိဳလ္ေတြ ထြက္ခြာသြားရပါတယ္။

ေနာက္တစ္ဆင့္ တက္လာတာကေတာ့ ေပါက္၊ ၿမိဳင္၊ ေရစႀကိဳပါ။ လက္ရွိလည္း ဒီေဒသမွာ ျဖစ္ပ်က္ေနတဲ့အေၾကာင္းအရာကို အားလုံးလည္း သိၿပီးျဖစ္ပါတယ္”ဟု ဗိုလ္မႉးႀကီးေက်ာ္ေက်ာ္လင္းက ေျပာဆိုသည္။

NUG အစိုးရ၏ PDF သည္ ျပည္သူကို အေျခခံထားေၾကာင္း၊ ျပည္သူ႔စစ္မဟာ ဗ်ဴဟာကို အသုံးျပဳေနေၾကာင္း၊ PDF သည္ ဗမာ သူပုန္သာျဖစ္ၿပီး စစ္တပ္အေနျဖင့္ ယခင္ ဗမာသူပုန္ျဖစ္သည့္ ဗကပ ဗမာျပည္ကြန္ျမဴနစ္ပါတီကို ႏိုင္ေအာင္ မတိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း၊ ဗကပတြင္ ပါဝင္သည့္ ကခ်င္၊ ၀ ၊ ကိုးကန႔္ႏွင့္ ရွမ္းတို႔ ၿပိဳကြဲ၍သာ ဗကပ နိဂုံးခ်ဳပ္ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

“အစိုးရရဲ႕ အုပ္ခ်ဳပ္မႈအာဏာ သက္ေရာက္မွ အစိုးရလို႔ ေခၚလို႔ရတာျဖစ္ပါတယ္။ အစိုးရက သတ္မွတ္ထးတဲ့ ဖြဲ႕စည္းပုံေတြ ဥပေဒေတြ ဆုံးျဖတ္ခ်က္ေတြကို လက္မခံဘူးဆိုတဲ့ သေဘာတရားက ထားလို႔မရပါဘူး။

သို႔ေသာ္လည္း တစ္ဖက္အဖြဲ႕အစည္းအေနနဲ႔ ဒါေတြကို လက္မခံတဲ့အတြက္ အစိုးရတစ္ရပ္ထပ္မံ ဖြဲ႕လာပါတယ္။ ဒါကေတာ့ NUG အစိုးရ ျဖစ္ပါတယ္။ NUG ရဲ႕ လက္ ကိုင္တုတ္ကေတာ့ PDF ျဖစ္ပါတယ္။

PDF ဆိုတဲ့ သေဘာတရားကို ျပန္ၿပီး ဆန္းစစ္ၾကည့္တဲ့အခါမွာ ျပည္သူကို အေျခခံတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ PDF က က်ေနာ္တို႔ႏိုင္ငံရဲ႕ လူမ်ိဳး ၁၃၅ မ်ိဳး အဓိက လူမ်ိဳးႀကီး ၈ မ်ိဳးထဲမွာ လက္ရွိ သူပုန္ေပါင္း ၁၆၀ ေက်ာ္မွာ ေနာက္တစ္မ်ိဳးတိုးလာတာ ဗမာသူပုန္ျဖစ္ပါတယ္။

PDF ဆိုတာ ဗမာ သူပုန္လို႔ သတ္မွတ္လို႔ရပါတယ္။ က်ေနာ္တို႔ ႏိုင္ငံသမိုင္းမွာ ဗမာသူပုန္ရွိခဲ့ဖူးပါတယ္။ လြတ္လပ္ေရးနဲ႔အတူ ေပါက္ဖြားလာျခင္းျဖစ္ပါတယ္။

၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးမရခင္ကတည္းက သခင္သန္းထြန္းတို႔ ဗမာျပည္ကြန္ျမဴနစ္ပါတီခြဲထြက္ သူပုန္ခဲ့တာ အားလုံးအသိျဖစ္ပါတယ္။ ၁၉၇၀ ေနာက္ပိုင္းမွာ ကခ်င္ ၊၀ ၊ရွမ္း၊ ကိုးကန႔္ကို ဗကပ ဆိုၿပီး ဗမာက အုပ္ခ်ဳပ္ခဲ့ၿပီးေတာ့ ဗမာသူပုန္အျဖစ္ တိုက္ခဲ့ရတာ မိုင္းယန္းတိုက္ပြဲအၿပီးမွာ ကြန္ျမဴနစ္ပါတီ ခ်ဳပ္ၿငိမ္းသြားတာပါ။

က်ေနာ္တို႔က ဗမာသူပုန္ကို ႏိုင္ေအာင္ တိုက္ႏိုင္ခဲ့တာမဟုတ္ပါဘူး။ ခုနက က်ေနာ္တင္ျပခဲ့တဲ့ တိုင္းရင္းသား ၄ မ်ိဳးက ခြဲထြက္ေတာ္လွန္လို႔သာ ဗမာသူပုန္ေပ်ာက္သြားတာပါ” ဟု ဗိုလ္မႉးႀကီးေက်ာ္ေက်ာ္လင္းက ဆိုသည္။

လက္ရွိအခ်ိန္တြင္ ယခင္ ဗကပ ကို တိုက္သကဲ့သို႔ ျဖတ္ေလးျဖတ္ျဖင့္ PDF ကို မတိုက္ႏိုင္ေၾကာင္း ၎က ဆိုသည္။”၂၀၂၂ ခုႏွစ္မွာ ဗမာသူပုန္ေပၚလာတာ။ က်ေနာ္တို႔ ပဲခူး႐ိုးမကို ဘယ္လိုတိုက္ခဲ့ရလဲဆိုေတာ့ ျဖတ္ေလးျဖတ္နဲ႔ တိုက္ခဲ့ရတာ။

ဒီေခတ္အဲဒီအခါက မီဒီယာအေျခအေနအရ လုပ္လို႔ရေပမယ့္ အခုေခတ္ မေကြးတိုင္းတိုင္းနဲ႔ စစ္ကိုင္းတိုင္းကို ဒီလိုနည္းလမ္းေတြနဲ႔ သုံးလို႔ အဆင္မေျပေတာ့ပါဘူး။

အဲဒီေတာ့ ခုန က်ေနာ္တင္ျပတဲ့အထဲမွာ မဟာဗ်ဴဟာကို တင္ျပမယ္။ က်ေနာ္တို႔ ႏိုင္ငံက ဘက္မလိုက္ ႏိုင္ငံျဖစ္ပါတယ္။ ဘန္ေဒါင္းမွာလည္း ဘက္မလိုက္ႏိုင္ငံျဖစ္ပါတယ္။

ဘက္မလိုက္ႏိုင္ငံဆိုတာ သူမ်ားကို မက်ဴးေက်ာ္ဘူး။ ကိုယ့္ႏိုင္ငံက်ဴးေက်ာ္တာ လက္မခံဘူး။ သူမ်ားရဲ အတြင္းေရးကို မစြတ္ဖက္ဘူး။ က်ေနာ္တို႔ တပ္မေတာ္နဲ႔ ႏိုင္ငံေတာ္ကာကြယ္ေရးမဟာဗ်ဴဟာကို ခ်မွတ္တဲ့အခါမွာ ျပည္သူ႔စစ္ မဟာဗ်ဴဟာကို ခ်ထားတာျဖစ္ပါတယ္” ဟု ဗိုလ္မႉးႀကီးေက်ာ္ေက်ာ္လင္းက ေျပာသည္။

PDF မ်ားကို တိုက္ခိုက္ရန္ ေကာင္တာ ျပည္သူ႔စစ္ဗဟာဗ်ဴဟာကို အသုံးျပဳရမည္ျဖစ္ၿပီး ျပည္သူလူထုကိုလည္း လက္ဦးမႈ ရယူ စည္း႐ုံးရမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

“လက္ရွိ PDF ေတြ က်င့္သုံးေနတာက ျပည္သူ႔စစ္မဟာဗ်ဴဟာျဖစ္ပါတယ္။ ဒါေၾကာင့္ PDF ျပည္သူ႔စစ္ မဟာဗ်ဴဟာကို ေကာင္တာ မဟာဗ်ဴဟာနဲ႔ တိုက္မယ္ဆိုရင္ က်ေနာ္တို႔ အခ်က္ ၂ ခ်က္ ပဲရွိပါတယ္။ပထမ တစ္ခ်က္ အကိုင္း အခက္နဲ႔ ပင္မအျမစ္ကို ျဖတ္ေတာက္ရမယ္။

ဒါေတြက ဘာလဲဆိုေတာ့ ရစရာရွိတဲ့ ေငြေၾကး ရႏိုင္တဲ့ နည္းလမ္းေတြ အစားအေသာက္ ရိကၡာ လက္နက္ခဲယမ္း အင္အား အဲဒါေတြကို ျဖတ္ေတာက္ရပါ့မယ္။

ဒုတိယအခ်က္ကေတာ့ ျပည္သူလူထုရဲ႕ အားေပးေထာက္ခံမႈရယူဖို႔ ျဖစ္ပါတယ္။ လက္ရွိ ဇူလိုင္လကေနစၿပီး အခုအခ်ိန္အထိ အစိုးရနဲ႔ ျပည္သူ အဆက္ျပတ္ေနသလိုျဖစ္ေနပါတယ္။

အဆက္ျပတ္ေနတဲ့ ျပန္လည္ ထိေတြ႕ဖို႔အတြက္ သက္ဆိုင္ရာ တိုင္းအဆင့္ ခ႐ိုင္အဆင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာ အႀကီးအကဲ ေတြက သြားလို႔ရတဲ့ လုံၿခဳံေရး အေထာက္အပံ့ေနရာေတြကို သြားေရာက္ၿပီး ေဒသခံျပည္သူနဲ႔ ျပန္လည္ ထိေတြ႕ၿပီးေတာ့ အုပ္ခ်ဳပ္မႈ ယႏၲရားကို ျပန္လည္ တည္ေဆာက္ရမွာျဖစ္ပါတယ္” ဟု ဗိုလ္မႉးႀကီးေက်ာ္ေက်ာ္လင္းက ေျပာဆိုသည္။