News









Tachileik NewsAgency


Unicode Version

ပခုက္ကူမြို့ရှိ KBZဘဏ်ခွဲကို ဒေသကာကွယ်ရေးအဖွဲ့က သတိပေးဗုံးခွဲ…

KBZ Bank က အကြမ်းဖက် စစ်ကောင်စီ၏ အလိုကျစေခိုင်းသည့်အတိုင်း အကောင့်များကို ပိတ်နေမှုများနှင့် ပတ်သက်၍

ပခုက္ကူမြို့၊ ထင်းတန်းလမ်းပေါ်ရှိ KBZ ဘဏ်ခွဲအား Earthquake People’s Defence Force – UG က သတိပေးသည့်အနေဖြင့်

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့ နေ့လည်(၁၂)နာရီ (၅၄)မိနစ်အချိန်က ဗုံးဖောက်ခွဲလိုက်ကြောင်း သတင်းထုတ်ပြန်လာသည်။

“ပြည်သူလူထု၏ သဘောထားကို အလေးထားသောအားဖြင့် KBZ Bank အနေဖြင့်လည်း မိမိတို့၏ Bank အကောင့်များကို ပြန်လည်ဖွင့်ပေးရန်နှင့် ဆက်လက်ပိတ်ပင်မှုများပြုလုပ်နေပါက

မည်သူ့ကိုမျှ (မည်သူ့ကိုမျှ) အသက်အာမခံ မရှိပါကြောင်း အသိပေးပြောကြားလိုက်သည်။”ဟုEarthquake People’s Defence Force – UG က အသိပေးကာ သတင်းထုတ်ပြန်ထားရှိသည်။

ပြည်သူများအနေဖြင့် ဘေးကင်းရေးအတွက် KBZ ဘဏ်များ ၊ Mytel ရုံးများကို ရှောင်နိုင်သမျှ အဝေးက ရှောင်ရန် အသိပေး ထားရှိသည်။

Tachileik NewsAgency

Video – Earthquake People’s Defence Force–UG