News

ပင္လည္ဘူးၿမိဳ႕ေပၚ ရဲစခန္းႏွင့္ စစ္စခန္းကို PDF ပူးေပါင္းတပ္မ်ားဝင္တိုက္မႈ…

ပင္လည္ဘူးၿမိဳ႕ေပၚ ရဲစခန္းႏွင့္ စစ္စခန္းကို PDF ပူးေပါင္းတပ္မ်ားဝင္တိုက္မႈ…

ပင္လည္ဘူးၿမိဳ႕ေပၚ ရဲစခန္းႏွင့္စစ္စခန္းကို PDF ပူးေပါင္းတပ္မ်ား ဝင္တိုက္ခိုက္ရာ စစ္အရာရွိ ၂ ဦးအပါအဝင္ ၂၀ ထက္မနည္းေသဆုံးခဲ့ျပီး PDF ၂ ဦးက်ဆုံးခဲ႔ပါတယ္။

ရန္ကုန္၊ ဇန္နဝါရီ ၂၄

စစ္ကိုင္းတိုင္း၊ ပင္လည္ဘူးၿမိဳ႕ေပၚ ရဲစခန္းႏွင့္စစ္ေကာင္စီစခန္းကို PDF ပူး ေပါင္းတပ္မ်ားက ဝင္ေရာက္တိုက္ခိုက္ရာ စစ္အရာရွိ ၂ ဦးအပါအဝင္ ၂၀ ထက္မနည္းေသဆုံးေၾကာင္း

ပင္လည္ဘူးPR က သတင္းထုတ္ျပန္ထားသည္။

ဇန္နဝါရီလ ၁၈ ရက္ေန႔ နံနက္ပိုင္း ၃ နာရီ ၄၅ မိနစ္အခ်ိန္ ပင္လည္ဘူးၿမိဳ႕ေပၚရွိ စစ္တပ္ႏွင့္ရဲမ်ား တပ္စြဲထားေသာ ၿမိဳ႕ေပၚ ရဲစခန္းကို ဝင္တိုက္ခိုက္ရာ

စစ္အရာရွိ ၂ ဦးအပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ ဦးထက္ မနည္းေသဆုံးေၾကာင္း ၊ PDF တပ္မ်ားဘက္မွလည္း ၂ ဦးက်ဆုံးေၾကာင္း PR က သတင္းထုတ္ျပန္သည္။

NUG ကာကြယ္ေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္မူ စစ္ကိုင္းတိုင္း၊ ပင္လည္ဘူးၿမိဳ႕ေပၚရွိ ရဲစခန္းႏွင့္ စစ္ေကာင္စီတပ္စခန္းကို ျပည္သူ႔ ကာ ကြယ္ေရးဖြဲ႕က PDF ဇန္နဝါရီလ ၁၈ ရက္ေန႔တြင္ ဝင္တိုက္ခဲ့ၿပီး

စစ္သား ၆ ဦး အရွင္ဖမ္းမိကာ လက္ နက္ခဲယမ္းမ်ား သိမ္းဆည္းမိေၾကာင္း၊ စစ္ေကာင္စီတပ္သား အမ်ားအျပား ေသဆုံးေၾကာင္း သိရွိရသည္။

ဇန္နဝါရီလ ၁၈ ရက္ေန႔ နံနက္ ၃ နာရီ ၄၅ မိနစ္အခ်ိန္ ပင္လည္ဘူးၿမိဳ႕ေပၚ ရဲ စခန္းႏွင့္ စစ္ေကာင္စီတပ္စခန္း ရိပ္သာကုန္းတို႔ကို PDF က ဝင္တိုက္ခဲ့ေၾကာင္း၊ တိုက္ပြဲတြင္ စစ္ေကာ္ငစီတပ္သားအမ်ားအျပားက်ဆုံးၿပီး

အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိေၾကာင္း၊ စစ္သား ၆ ဦးအရွင္ဖမ္းမိခဲ့ၿပီး လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိေၾကာင္း၊ PDF ဘက္မွ ၁ ဦးက်ဆုံးကာ ၈ ဦးဒဏ္ရာရရွိေၾကာင္း

NUG ၏ သတင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပခ်က္အရ သိရွိရသည္။

Credit – Source

Unicode Version

ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့် စစ်စခန်းကို PDF ပူးပေါင်းတပ်များဝင်တိုက်မှု…

ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့်စစ်စခန်းကို PDF ပူးပေါင်းတပ်များ ဝင်တိုက်ခိုက်ရာ စစ်အရာရှိ ၂ ဦးအပါအဝင် ၂၀ ထက်မနည်းသေဆုံးခဲ့ပြီး PDF ၂ ဦးကျဆုံးခဲ့ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့်စစ်ကောင်စီစခန်းကို PDF ပူး ပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်အရာရှိ ၂ ဦးအပါအဝင် ၂၀ ထက်မနည်းသေဆုံးကြောင်း

ပင်လည်ဘူးPR က သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်း ၃ နာရီ ၄၅ မိနစ်အချိန် ပင်လည်ဘူးမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲများ တပ်စွဲထားသော မြို့ပေါ် ရဲစခန်းကို ဝင်တိုက်ခိုက်ရာ

စစ်အရာရှိ ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်းသေဆုံးကြောင်း ၊ PDF တပ်များဘက်မှလည်း ၂ ဦးကျဆုံးကြောင်း PR က သတင်းထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်မူ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ ကာ ကွယ်ရေးဖွဲ့က PDF ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဝင်တိုက်ခဲ့ပြီး

စစ်သား ၆ ဦး အရှင်ဖမ်းမိကာ လက် နက်ခဲယမ်းများ သိမ်းဆည်းမိကြောင်း၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံးကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန် ပင်လည်ဘူးမြို့ပေါ် ရဲ စခန်းနှင့် စစ်ကောင်စီတပ်စခန်း ရိပ်သာကုန်းတို့ကို PDF က ဝင်တိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကော်ငစီတပ်သားအများအပြားကျဆုံးပြီး

အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စစ်သား ၆ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ PDF ဘက်မှ ၁ ဦးကျဆုံးကာ ၈ ဦးဒဏ်ရာရရှိကြောင်း

NUG ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြချက်အရ သိရှိရသည်။

Credit – Source