Cele News













Unicode Version

မင်းသမီးထဲမှာ ဒီလို အနစ်နာခံပေးဆပ်နေသူ လက်ချိုးရေလို့ရတယ်…

ချစ်စရာကောင်းတဲ့ မင်းသမီးလေး ပိုင်ဖြိုးသုကတော့ လူလေးလှသလို ဉာဏ်ပညာအရာမှာလည်း မြင့်မားသူတစ်ယောက်ဖြစ်တာကြောင့်

ပရိသတ်တွေရဲ့ လေးစားချစ်ခင်ခြင်းကို ခံရသူတစ်ယောက်ပါပဲ။

ပြည်သူချစ်မင်းသမီးလေး ပိုင်ဖြိုးသုက လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ပြည်သူတွေနဲ့အတူတူ တရားသောဓမ္မဘက်ကနေ ရပ်တည်ခဲ့ပြီး

သူမရဲ့မိသားစု၊ အလုပ်နဲ့ စည်းစိမ်အိုးအိမ်တွေကိုပါ စွန့်ခွာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပိုင်ဖြိုးသုရဲ့ ဂုဏ်သိက္ခာနဲ့ စွန့်လွှတ်အနစ်နာခံမှုတို့ဟာ ပရိသတ်တွေကြားမှာ ပြောစမှတ်တွင်နေတာပဲဖြစ်ပါတယ်။

လက်ရှိတော်လှန်ရေးမှာလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပါဝင်နေတဲ့ ပိုင်ဖြိုးသုဟာ သူမကိုယ်တိုင်ချည်ထိုးထားတဲ့ အင်္ကျီလေးတွေ၊ အိတ်လေးတွေကို မဲလက်မှတ်နဲ့ရောင်းချပြီး

လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်

ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက တစ်နေ့တာလုံးမှာ စစ်အာဏာရှင်ကိုဖြုတ်ချတော်လှန်နိုင်ဖို့ ရံပုံငွေအတွက် ချည်ထိုးသလို Click To Donate မှာလည်း Click ပြုလုပ်ရင်း ရံပုံငွေရှာဖွေပေးနေတာပဲဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ အနုပညာအလုပ်တွေလုံးဝရပ်နားထားချိန်မှာ သူမကိုယ် သူမထက် စစ်အာဏာရှင်ကို ဖြုတ်ချတော်လှန်နိုင်ဖို့ တစ်နေ့တာလုံးကြိုးစားနေတာ ပရိသတ်ကြီးမျက်မြင်ကိုယ်တွေ့ပါပဲနော်။

Source: Paing Phyoe Thu’s fb