News
NUG ဝန်ကြီးချုပ်ဖလား ဆုပေးပွဲမှာ အေးဂျင့်ပန်ရဲ့ ပွဲဦးထွက်က လှပါပြီ
NUG ဝန်ကြီးချုပ်ဖလား ဆုပေးပွဲမှာ အေးဂျင့်ပန်ရဲ့ ပွဲဦးထွက်က လှပါပြီ
အေးဂျင့်ပန်ရဲ့ ပွဲဦးထွက်က လှပါပြီ။ ဒီနေ့တစ်ရက်ထဲ၊ တစ်နေရာတည်း ရောင်းရငွေ အမေရိကန်ဒေါ်လာ $၂၇၇၁၀၀ ပါ။ မြန်မာငွေ သိန်းငါး
ထောင်ကျော်ပါ။ San Francisco Bay Area ရဲ့ အင်အားပါ။ ဂုဏ်ယူပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒီနေ့ San Fransisco Bay Area မှာ Free Burma San Francisco ကကြီးမှူးကျင်းပတဲ့ NUG ဝန်ကြီးချုပ်ဖလား ဆုပေးပွဲမှာ NUG
Bond ရောင်းချပေးမှု မြင်ကွင်းပါ။
Bond အတွက်ဖြည့်ရန် ဖောင်ကို တစ်ရာပဲ ထုတ်သွားမိလိုက်တယ်။
ရိုးရိုးသားသားပြောရရင် လေးငါးဆယ်လောက်ပဲ လာဝယ်ကြမယ်တွေးထင်ခဲ့မိလို့ပါ။
တကယ်တမ်း စရောင်းပြီဆိုတဲ့ သုံးမိနစ်အတွင်းမှာ ဖောင်အရွက်၁၀၀ အကုန်ကုန်သွားပါတယ်။
လူဆို ပြာတောက်သွားတာ။နောက်ထပ်ချက်ချင်း အရွက်ငါးရာ သွားထုတ်လိုက်ရတယ်။
အရွက်၅၀၀ လည်း ကုန်ပါတယ်။ ပွဲချိန် ၁၀ နာရီကနေ ညနေ ၃နာရီပွဲသိမ်းချိန်ထိ မရပ်မနားရောင်းရပါတယ်။
NUGမှာ တာဝန်ရှိသူများထံ ရောင်းရငွေ အတိအကျကို သတင်းပေးပို့ပြီးပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ Bond လက်မှတ်များကို
ပို့ဆောင်ပေးနိုင်အောင် အမြန်ဆုံး ကြိုးစားပေးပါ့မယ်။
Bond ဆိုတာ နွေဦးတော်လှန်ရေးကို ယုံကြည်သူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ ကိုယ့်ပိုက်ဆံကို တကူးတက အချိန်အများကြီးပေး တန်းစီပြီး
ဝယ်ယူနေကြတဲ့လူတွေရဲ့ ရင်ထဲက နွေဦးအပေါ် ယုံကြည်မှုကို မျက်ဝါးထင်ထင် မြင်ရတာပါပဲ။
နိုင်ကိုနိုင်အောင် တိုက်ရမယ့်ပွဲ။ နိုင်ကို နိုင်မယ့်ပွဲ။ ဒီလူထုအားနဲ့ စစ်အာဏာရူးတွေကို အမြစ်ဖြတ်မယ့်ပွဲ။
ပြည်သူသာလျှင် အဓိက
ပြည်သူသာလျှင် အောင်ပွဲခံရမယ်။💪
Crd- ပန်ဆယ်လို
ပြည်သူသာလျှင် အဓိက
Crd- ပန်ဆယ်လို