News

ဒီးေမာ့ဆိုတိုက္ပြဲ စစ္ေကာင္စီတပ္အထိနာ၍ ေလေၾကာင္းပစ္ကူသုံး…(႐ုပ္သံ)

ဒီးေမာ့ဆိုတိုက္ပြဲ စစ္ေကာင္စီတပ္အထိနာ၍ ေလေၾကာင္းပစ္ကူသုံး…(႐ုပ္သံ)

ယမန္ေန႔က တစ္ေနကုန္နီးပါး တိုက္ပြဲျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီဘက္မွ ထိခိုက္မႈက်ဆုံးမႈမ်ားျပားဟု KNDF ထုတ္ျပန္

ကရင္နီ(ကယားျပည္နယ္) ဒီးေမာ့ဆိုၿမိဳ႕နယ္ စံျပ(၆)မိုင္ႏွင့္ (၅) ေျမာင္းစိုက္ကြင္းတို႔တြင္ ယမန္ေန႔က တေနကုန္နီးပါး တိုက္ပြဲျပင္းထန္ခဲ့ေၾကာင္း

ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္(KNDF)က ယေန႔(ဇန္နဝါရီ ၂၅ ရက္)တြင္ ထုတ္ျပန္သည္။

ဇန္နဝါရီ ၂၄ ရက္ နံနက္ ၆နာရီခြဲကစ၍ စံျပ(၆) မိုင္မွ၊ ဟိုဖိတ္ႏွင့္ (၅) ေျမာင္းအထိ စစ္ေၾကာင္းထိုးလာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားကို

ကရင္နီတပ္မေတာ္ (KA)၊ KNDF ႏွင့္ PDF ပူးေပါင္းမဟာမိတ္တပ္ဖြဲ႕တို႔မွ ခုခံတိုက္ခိုက္ခဲ့သည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဘက္မွ အထိနာသျဖင့္ ညေန ၅နာရီခန္႔တြင္ ၅ေျမာင္း၌ ေလေၾကာင္းပစ္ကူ ရဟတ္ယာဥ္ျဖင့္ သုံးႀကိမ္ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ရသည္။

ထိုတိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မွ ထိခိုက္မႈက်ဆုံးမႈမ်ားျပားမႈရွိေသာ္လည္း အေရအတြက္ကို အတည္မျပဳနိုင္ေသးေပ။

ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ KNDF ဘက္မွ ရဲေဘာ္တစ္ဦး ေျခေထာက္တြင္ မစိုးရိမ္ရေသာ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားသည္ တိုက္ပြဲျဖစ္ပြားရာ ေက်းရြာအတြင္း ၎တို႔၏ သတင္း ေပးဒလံမ်ား၊ ၎တို႔၏ ေနာက္မီးဆြဲ သူခိုးမ်ား စုစုေပါင္းသုံးဦးကို သတ္ျဖတ္ကာ

ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားမွ ျပည္သူမ်ားကို သတ္ျဖတ္သည္ဟု ဆိုရွယ္မီဒီရာေပၚတြင္ ဝါဒျဖန႔္ေနသည္ဟု KNDF က အသိေပးသည္။

ေျမျပင္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မွ အရပ္သားျပည္သူမ်ားကို စစ္တပ္ယူနီေဖာင္းမ်ား ဝတ္ေပးျခင္းျဖင့္ လမ္းျပအျဖစ္ေသာ္ လည္းေကာင္း

လူသားဒိုင္းအျဖစ္ေသာ္လည္း ေကာင္း အသုံးျပဳလ်က္ ရွိၿပီး၊ ျပည္သူ႔အိုးအိမ္မ်ားကို မီးရွို႔ဖ်က္စီးျခင္း၊ ေဖာက္ထြင္းခိုးယူျခင္း၊

၄င္းတို႔၏ လက္ပါးေစ သူခိုးအုပ္စု မ်ားအား အကာအကြယ္ေပးၿပီး ျပည္သူမ်ား၏ ပစၥည္းဥစၥာမ်ားကို ခိုးယူေစျခင္းမ်ား ျပဳလုပ္လ်က္ ရွိသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မ်ားသည္ စစ္ရာဇဝတ္မႈမ်ားကို က်ဴးလြန္သည္သာမက ျပည္သူမ်ား၏ အသိုက္အျမဳံမ်ားကို ဖ်က္စီးျခင္း၊

အသက္ရွင္ရပ္တည္ေရးအတြက္ အဓိကလိုအပ္ေသာ ရိကၡာမ်ားကို ဖ်က္စီးျခင္းသည္ လူသားမ်ိဳးႏြယ္မ်ားအ‌ေပၚ ရာဇဝတ္မႈက်ဴးလြန္ျခင္းကို ခ်ိဳးေဖာက္ က်ဴးလြန္ေနေၾကာင္းလည္း ထုတ္ျပန္ခ်က္၌ေဖာ္ျပသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ ဇန္နဝါရီ ၂၃ ရက္ကစ၍ အင္အား ၇၀၀ ေက်ာ္ပါရွိေသာစစ္ ေၾကာင္းႏွစ္ေၾကာင္းျဖင့္ ဒီးေမာ့ဆို ၿမိဳ႕နယ္ကို ထိုးစစ္ဆင္ေနေၾကာင္းလည္း

ဒီးေမာ့ဆို PDF မွ တာဝန္ရွိသူတစ္ဦးက လူထုေႏြဦးသို႔ ေျပာၾကားထားသည္။

#လူထုေႏြဦး

Unicode Version

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းပစ်ကူသုံး…(ရုပ်သံ)

ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုကျဆုံးမှုများပြားဟု KNDF ထုတ်ပြန်

ကရင်နီ(ကယားပြည်နယ်) ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်နှင့် (၅) မြောင်းစိုက်ကွင်းတို့တွင် ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၅ ရက်)တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၄ ရက် နံနက် ၆နာရီခွဲကစ၍ စံပြ(၆) မိုင်မှ၊ ဟိုဖိတ်နှင့် (၅) မြောင်းအထိ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို

ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့မှ ခုခံတိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိနာသဖြင့် ညနေ ၅နာရီခန့်တွင် ၅မြောင်း၌ လေကြောင်းပစ်ကူ ရဟတ်ယာဉ်ဖြင့် သုံးကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်မှုကျဆုံးမှုများပြားမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

လေကြောင်းတိုက်ခိုက်မှုကြောင့် KNDF ဘက်မှ ရဲဘော်တစ်ဦး ခြေထောက်တွင် မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအတွင်း ၎င်းတို့၏ သတင်း ပေးဒလံများ၊ ၎င်းတို့၏ နောက်မီးဆွဲ သူခိုးများ စုစုပေါင်းသုံးဦးကို သတ်ဖြတ်ကာ

တော်လှန်ရေး တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ပြည်သူများကို သတ်ဖြတ်သည်ဟု ဆိုရှယ်မီဒီရာပေါ်တွင် ဝါဒဖြန့်နေသည်ဟု KNDF က အသိပေးသည်။

မြေပြင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အရပ်သားပြည်သူများကို စစ်တပ်ယူနီဖောင်းများ ဝတ်ပေးခြင်းဖြင့် လမ်းပြအဖြစ်သော် လည်းကောင်း

လူသားဒိုင်းအဖြစ်သော်လည်း ကောင်း အသုံးပြုလျက် ရှိပြီး၊ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်း၊

၎င်းတို့၏ လက်ပါးစေ သူခိုးအုပ်စု များအား အကာအကွယ်ပေးပြီး ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ခိုးယူစေခြင်းများ ပြုလုပ်လျက် ရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်သည်သာမက ပြည်သူများ၏ အသိုက်အမြုံများကို ဖျက်စီးခြင်း၊

အသက်ရှင်ရပ်တည်ရေးအတွက် အဓိကလိုအပ်သော ရိက္ခာများကို ဖျက်စီးခြင်းသည် လူသားမျိုးနွယ်များအ‌ပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းကို ချိုးဖောက် ကျူးလွန်နေကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇန်နဝါရီ ၂၃ ရက်ကစ၍ အင်အား ၇၀၀ ကျော်ပါရှိသောစစ် ကြောင်းနှစ်ကြောင်းဖြင့် ဒီးမော့ဆို မြို့နယ်ကို ထိုးစစ်ဆင်နေကြောင်းလည်း

ဒီးမော့ဆို PDF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောကြားထားသည်။

#လူထုနွေဦး