News

ရန္ကုန္ၿမိဳ႕ေပၚမွာ အႀကီးက်ယ္ထိတ္လန႔္သြားခဲ့တယ့္ မအလ တပ္သားမ်ား…

ရန္ကုန္ၿမိဳ႕ေပၚမွာ အႀကီးက်ယ္ထိတ္လန႔္သြားခဲ့တယ့္ မအလ တပ္သားမ်ား…

“ကားဘီးေပါက္တာကို ဗုံးေပါက္တယ္ထင္ၿပီး စစ္အုပ္စုေတြ ရဲစခန္းထဲဝင္ေျပးခဲ့”

ရန္ကုန္ၿမိဳ႕ စြယ္ေတာ္ ရဲစခန္းေရွ႕မွာ ေသနတ္ကိုင္ ကင္းေစာင့္ေနတဲ့ စစ္အုပ္စုေတြဟာ စခန္းနားမွာ ကားဘီးေပါက္တာကို ဗုံးေပါက္တယ္ထင္ၿပီး စခန္းထဲ ဝင္ေျပးခဲ့တယ္လို႔ မ်က္ျမင္ေတြ႕ခဲ့သူေတြက ေျပာပါတယ္။

ဇန္နဝါရီလ ၂၄ ရက္ေန႔ ညေန၄နာရီခန႔္မွာ မရမ္းကုန္းၿမိဳ႕နယ္က စြယ္ေတာ္ရဲစခန္းနားမွာ ကားတစ္စီး ဘီးေပါက္ရာက အသံက်ယ္ႀကီး ထြက္ေပၚခဲ့ပါတယ္။

ကားဘီးေပါက္သံထြက္ေပၚလာတဲ့အခ်ိန္မွာ စြယ္ေတာ္စခန္းေရွ႕ ေသနတ္ကိုင္ ကင္းေစာင္ေနတဲ့ စစ္အုပ္စုေတြဟာ ထိတ္လန႔္တၾကားပုံစံနဲ႔ စခန္းထဲ ဝင္ေျပးၾကတယ္လို႔ သိရပါတယ္။

“ကားဘီးေပါက္တာပါဗ်ာ။ အဲ့တာကို ဗုံးေပါက္တယ္ထင္ၿပီး ေသနတ္ေတြမွအားမနာ ဝင္ေျပးၾကတာပဲ” လို႔ မ်က္ျမင္ေတြ႕သူ တစ္ဦးက ေျပာပါတယ္။

စစ္အုပ္စုေတြဟာ လူထုရဲ႕ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္မႈေတြကို “ဘယ္ေကာင္ေသရဲလဲ” ဆိုၿပီး အၾကမ္းဖက္ၿဖိဳခြဲမႈေတြ ျပဳလုပ္ခဲ့ၾကဖူးပါတယ္။

DeltaNewsAgency

Unicode Version

ရန်ကုန်မြို့ပေါ်မှာ အကြီးကျယ်ထိတ်လန့်သွားခဲ့တယ့် မအလ တပ်သားများ…

“ကားဘီးပေါက်တာကို ဗုံးပေါက်တယ်ထင်ပြီး စစ်အုပ်စုတွေ ရဲစခန်းထဲဝင်ပြေးခဲ့”

ရန်ကုန်မြို့ စွယ်တော် ရဲစခန်းရှေ့မှာ သေနတ်ကိုင် ကင်းစောင့်နေတဲ့ စစ်အုပ်စုတွေဟာ စခန်းနားမှာ ကားဘီးပေါက်တာကို ဗုံးပေါက်တယ်ထင်ပြီး စခန်းထဲ ဝင်ပြေးခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ၄နာရီခန့်မှာ မရမ်းကုန်းမြို့နယ်က စွယ်တော်ရဲစခန်းနားမှာ ကားတစ်စီး ဘီးပေါက်ရာက အသံကျယ်ကြီး ထွက်ပေါ်ခဲ့ပါတယ်။

ကားဘီးပေါက်သံထွက်ပေါ်လာတဲ့အချိန်မှာ စွယ်တော်စခန်းရှေ့ သေနတ်ကိုင် ကင်းစောင်နေတဲ့ စစ်အုပ်စုတွေဟာ ထိတ်လန့်တကြားပုံစံနဲ့ စခန်းထဲ ဝင်ပြေးကြတယ်လို့ သိရပါတယ်။

“ကားဘီးပေါက်တာပါဗျာ။ အဲ့တာကို ဗုံးပေါက်တယ်ထင်ပြီး သေနတ်တွေမှအားမနာ ဝင်ပြေးကြတာပဲ” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုတွေဟာ လူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို “ဘယ်ကောင်သေရဲလဲ” ဆိုပြီး အကြမ်းဖက်ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။

DeltaNewsAgency