Knowledge

မှဲ့ ကို သဘာ၀ နည်းဖြင့် ဖယ်ရှား ပစ်တဲ့ နည်းလမ်းများ

မှဲ့ ကို သဘာ၀ နည်းဖြင့် ဖယ်ရှား ပစ်တဲ့ နည်းလမ်းများ

Apple cider vinegarလို့ခေါ်တဲ့ ပန်းသီးအရက် ရှာလကာရည်ကို ဝါဂွမ်းစလေးဖြင့်တို့ယူပြီး

မှဲ့ပေါ်သို့ပွက်တိုက်ပေးပါက ၂ရက်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

Garlicလို့ခေါ်တဲ့ ကြက်သွန်ဖြူ ကို အစေးထွက်အောင်ကွင်းလှီးကာ မှဲ့ပေါ်သို့ကပ်ပြီး ဆေးပလာစတာဖြင့် လေလုံအောင် ဖိ့ကပ်ပေးထားလိုက်ပါ။

ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

Potato လို့ခေါ်တဲ့ အာလူး အစိမ်းကို ကွင်းလှီးပြီး မှဲ့ပေါ်သို့ကပ်ပေးထားပါက ရက်အနည်းငယ်အတွင်း ပျောက်ကွယ် သွားပါလိမ့်မယ်။

Pineappleလို့ခေါ်တဲ့ နာနတ်သီးကို အရည်ညှစ်ယူပြီး ဂွမ်းစလေးဖြင့် မှဲ့ပေါ်သို့ နေ့စဉ် ပွတ်တိုက်ပေးပါက တစ်ပတ်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

Onionလို့ခေါ်တဲ့ ကြက်သွန်နီဥကို သေချာသန့်စင်ပြီးအရည်ညှစ်ယူ၍ မှဲ့ပေါ်သို့ သုပ်လိမ်း ပွတ်တိုက်ပေးပါက များမကြာမှီမှာ ပျောက်ကွယ်သွားပါလိမ့်မယ်။

Bananaလို့ခေါ်တဲ့ ငှက်ပျောသီးအမှည့်ရဲ့အခွံအတွင်းအသားဖြင့် မှဲ့ပေါ်သို့ ပွတ်တိုက်ပေးပါက အချိန်တိုတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

Baking sodaလို့ခေါ်တဲ့ ကိတ်မုန့်ဖုတ်တဲ့နေရာမှာအသုံပြုတဲ့ ဆိုဒါရည်ကို သကြားဖြင့်ရောစပ်၍

မှဲ့ပေါ်သို့ သုပ်လိမ်းပေးပါက တစ်ရက် နှစ်ရက်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

Tea treeလို့ခေါ်တဲ့ လက်ဖက်ပင်မှ ရရှိသော လက်ဖက်ဆီဖြင့် သုပ်လိမ်းပေးပါက သိပ်မကြာခင်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။

Cauliflower လို့ခေါ်တဲ့ ပန်းဂေါ်ဖီပွင့်ကို အရည်ညှစ်ယူပြီး သုပ်လိမ်းပေးပါက ၃ရက်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

Dandelionလို့ခေါ်တဲ့ ဒုဓလီပန်းပင်၏ အမြစ်ကို အခြောက်လှန်းပြီး သွေးလိမ်းပါက ၅ရက်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

ဒုတိယနည်း

ဆပ်ပြာကြမ်း(သဲဆပ်ပြာဟုလည်းခေါ်သည်)

ပြာ(သန့်သန့်)

ထုံး(မဖောက်ရသေးသောထုံးအရိုင်း)

၎င်းသုံးမျိုးကိုဆတူရောပါ…

ပြီးလျှင်မြေစလောင်းဖုန်း(သို့မဟုတ်)ဒန်စလောင်းဖုန်း ထဲတွင်ထည့်၍ ရေဖြင့်ဖျော်ပါငါးပိကဲ့သို

့ပျော့ပျော့လေးဖြစ်လာလျှင်ကောက်ညှင်းဆန်စေ့လေးများကို ထောင်လျှက်လိုက်စိုက်ထည့်ပါနာရီဝက် တစ်နာရီကြာလျှင် ကောက်ညှင်းဆန်လေးများအပေါ်သို့ထိုးထွက်လာမည်။

၎င်းကောက်ညှင်းဆန်နှင့်ဖျတ်လိုသောမှည့်ထိပ်မှကပ်ထားပါ။

မှဲ့အရွယ်အစားကိုလိုက်၍၁၅မိနစ်…၂၀…မိနစ်..၃၀မိနစ်…၁နာရီထားပါ။အသားပိုများလည်းဖျတ်၍ရသည်။

မြန်မာဆေးမြီးတို

Credit















ဒုတိယနည်း


ပြာ(သန့်သန့်)







မြန်မာဆေးမြီးတို

Credit