News

ရန်ကုန် သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့အဖြစ်(အတိတ်ကောင်း နိမိတ်ကောင်းလား)

ရန်ကုန် သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့အဖြစ်(အတိတ်ကောင်း နိမိတ်ကောင်းလား)

အောက်ချင်းငှက်ဆိုတာ မြန်မာပြည်ရဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေ

မှာသာ နေထိုင် ကျက်စားတဲ့ ငှက်မျိုး ဖြစ်ပါတယ်။

အဓိက အားဖြင့် ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာပဲ အဓိက မြင်တွေ့ရတဲ့ ငှက်အမျိုးအစား ဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ ထူးထူးခြားခြား ရန်ကုန်မြို့လယ်ခေါင် သိမ်ကြီးဈေး ခေါင်မိုးပေါ်မှာ

အောက်ချင်းငှက် အုပ်လိုက်ကို တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

တချို့ကလည်း ဆောင်းခိုတဲ့အနေနဲ့ အေးမြတဲ့ ဒေသကနေ ရန်ကုန်မြို့ကို လာတာလို့ ပြောပေမယ့်

အောက်ချင်းငှက်ဟာ ဆောင်းခိုတဲ့ ငှက်အမျိုးအစား မဟုတ်ပါဘူး။

ပြီးတော့ အောက်ချင်းငှက် သဘာဝအရ ယခုလို ဇန်နဝါရီလဆိုတာ သစ်ပင်အမြင့်တွေရဲ့

ထိပ်ဖျားမှာ အသိုက်လုပ်ပြီး ဥဝပ်နေတဲ့ အချိန် ဖြစ်ပါတယ်။

အဲဒါကြောင့် ရန်ကုန်မြို့ သိမ်ကြီးဈေး အပေါ်မှာ အောက်ချင်းငှက်တွေ ရောက်နေတာဟာ

ထူးခြားတဲ့ အတိတ်နိမိတ်လို့ပဲ ယူဆ သုံးသပ်နိုင်တယ်လို့ နိမိတ်ပညာရှင်များက ခန့်မှန်း ကြပါတယ်။

အတိတ်နိမိတ်ပြခြင်း ဆိုတာ မြန်မာလူ့အဖွဲ့အစည်းမှာ ရှေးကတည်းက တည်ရှိခဲ့ပြီး

အယူတော် မင်္ဂလာ ဦးနိုးတို့လို နိမိတ်ကောက် ပညာရှင်တွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း မြန်မာပြည်မှာ အတိတ်နိမိတ်နဲ့ တဘောင်များ အများအပြား ပေါ်ထွက်နေပြီး

“နဂါးတပ်မင်း ပြည်တော်ဆင်းမှ မိစာ္ဆမင်းဆက်ပျက်လိမ့်မယ်” ဆိုတဲ့ တဘောင်ကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် ယခု သိမ်ကြီးဈေးကို အောက်ချင်းငှက် ဆင်းတာကလည်း တမူထူးခြားတဲ့ ဖြစ်ရပ်ရဲ့ ရှေ့ပြေး ဖြစ်တဲ့ အတိတ်နိမိတ် ဆိုတာကတော့….စဉ်းစားစရာပါပဲ

ရန္ကုန္ သိမ္ႀကီးေဈးကို ေအာက္ခ်င္းငွက္အုပ္ႀကီး လာနားတဲ့အျဖစ္(အတိတ္ေကာင္း နိမိတ္ေကာင္းလား)

ေအာက္ခ်င္းငွက္ဆိုတာ ျမန္မာျပည္ရဲ႕ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ တနသၤာရီတိုင္းေဒသႀကီးေတြမွာသာ ေနထိုင္ က်က္စားတဲ့ ငွက္မ်ိဳး ျဖစ္ပါတယ္။

အဓိက အားျဖင့္ ခ်င္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္မွာပဲ အဓိက ျမင္ေတြ႕ရတဲ့ ငွက္အမ်ိဳးအစား ျဖစ္ပါတယ္။

ဒါေပမယ့္ ယေန႔မွာေတာ့ ထူးထူးျခားျခား ရန္ကုန္ၿမိဳ႕လယ္ေခါင္ သိမ္ႀကီးေဈး ေခါင္မိုးေပၚမွာ ေအာက္ခ်င္းငွက္ အုပ္လိုက္ကို ေတြ႕ရွိ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

တခ်ိဳ႕ကလည္း ေဆာင္းခိုတဲ့အေနနဲ႔ ေအးျမတဲ့ ေဒသကေန ရန္ကုန္ၿမိဳ႕ကို လာတာလို႔ ေျပာေပမယ့္ ေအာက္ခ်င္းငွက္ဟာ ေဆာင္းခိုတဲ့ ငွက္အမ်ိဳးအစား မဟုတ္ပါဘူး။

ၿပီးေတာ့ ေအာက္ခ်င္းငွက္ သဘာဝအရ ယခုလို ဇန္နဝါရီလဆိုတာ သစ္ပင္အျမင့္ေတြရဲ႕ ထိပ္ဖ်ားမွာ အသိုက္လုပ္ၿပီး ဥဝပ္ေနတဲ့ အခ်ိန္ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ရန္ကုန္ၿမိဳ႕ သိမ္ႀကီးေဈး အေပၚမွာ ေအာက္ခ်င္းငွက္ေတြ ေရာက္ေနတာဟာ ထူးျခားတဲ့ အတိတ္နိမိတ္လို႔ပဲ ယူဆ သုံးသပ္ႏိုင္တယ္လို႔ နိမိတ္ပညာရွင္မ်ားက ခန႔္မွန္း ၾကပါတယ္။

အတိတ္နိမိတ္ျပျခင္း ဆိုတာ ျမန္မာလူ႔အဖြဲ႕အစည္းမွာ ေရွးကတည္းက တည္ရွိခဲ့ၿပီး အယူေတာ္ မဂၤလာ ဦးႏိုးတို႔လို နိမိတ္ေကာက္ ပညာရွင္ေတြ အမ်ားအျပား ေပၚေပါက္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာလည္း ျမန္မာျပည္မွာ အတိတ္နိမိတ္နဲ႔ တေဘာင္မ်ား အမ်ားအျပား ေပၚထြက္ေနၿပီး

“နဂါးတပ္မင္း ျပည္ေတာ္ဆင္းမွ မိစာၦမင္းဆက္ပ်က္လိမ့္မယ္” ဆိုတဲ့ တေဘာင္ကလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနခဲ့တာလည္း ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ယခု သိမ္ႀကီးေဈးကို ေအာက္ခ်င္းငွက္ ဆင္းတာကလည္း တမူထူးျခားတဲ့ ျဖစ္ရပ္ရဲ႕ ေရွ႕ေျပး ျဖစ္တဲ့ အတိတ္နိမိတ္ ဆိုတာကေတာ့….စဥ္းစားစရာပါပဲ