ကြားသိရသမျှ

ဗိုလ္နဂါးဦးေဆာင္တဲ့ ျမန္မာေတာ္ဝင္နဂါးတပ္မေတာ္အတြက္ အလႈရွင္ေပၚလာၿပီ…

ဗိုလ္နဂါးဦးေဆာင္တဲ့ ျမန္မာေတာ္ဝင္နဂါးတပ္မေတာ္အတြက္ အလႈရွင္ေပၚလာၿပီ…

GFG အဖြဲ႕က အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕မွတဆင့္ ဗိုလ္နဂါးထံ လက္နက္ႀကီးေတြ ဝယ္ယူေပးမယ္လို႔ ကတိျပဳိလိုက္ပါတယ္။

ဇန္နဝါရီ ၂၆ ၊ ၂၀၂၂

ႏိုင္ငံတကာေရာက္ ျမန္မာျပည္သူေတြနဲ႔ဖြဲ႕စည္းထားတဲ့ Global Fundraisers Group (GFG) အဖြဲ႕က အမ်ိဳးသားညီၫြတ္ေရး အစိုးရ အဖြဲ႕ကတဆင့္ ဗိုလ္နဂါးအဖြဲ႕ကို လက္နက္ႀကီးေတြဝယ္ယူေပးမယ္လို႔ ကတိျပဳထားပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာန အတြင္းဝန္ဦးႏိုင္ထူးေအာင္၊ ျမန္မာ့ေတာ္ဝင္နဂါးတပ္မေတာ္ေခါင္းေဆာင္ ဗိုလ္နဂါးနဲ႔ Global Fundraisers Group (GFG) အဖြဲ႕က တာဝန္ရွိတဲ့သူေတြ

ဇန္နဝါရီလ ပထမအပတ္ထဲမွာ Zoom Meeting နဲ႔ ေဆြးေႏြးမႈေတြလုပ္ခဲ့ရာမွာ GFG က လက္နက္ႀကီးေတြဝယ္ယူေပးမယ္လို႔ ကတိျပဳခဲ့တာပါ။

ေဆြးေႏြးပြဲမွာ အတြင္းဝန္ ဦးႏိုင္ထူးေအာင္က လက္ရွိေတာ္လွန္ေရးအေျခအေနေတြကို ရွင္းျပေပးခဲ့ၿပီး တက္ေရာက္လာတဲ့သူေတြ ရဲ႕ ေမးျမန္းမႈေတြကို ေျဖၾကားေပးခဲ့ပါတယ္။

အဲဒီေနာက္ ျမန္မာ့ေတာ္ဝင္နဂါးတပ္မေတာ္ရဲ႕ေခါင္းေဆာင္ ဗိုလ္နဂါးကလည္း ပုလဲနယ္ ေျမျပင္အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရတဲ့ တိုက္ပြဲအေၾကာင္းေတြ၊ လိုအပ္ေနတဲ့ လက္နက္ႀကီးေတြအေၾကာင္း ေသခ်ာရွင္းျပခဲ့ပါတယ္။

Global Fundraisers Group (GFG) အဖြဲ႕က လိုအပ္ေနတဲ့ လက္နက္ႀကီးေတြကို သီးသန႔္ဝယ္ယူႏိုင္ဖို႔အတြက္ အလႉေငြေတြ ေကာက္ခံၿပီး ဝယ္ယူေပးမယ္လို႔ လက္သုံးေခ်ာင္းေထာင္က ကတိျပဳခဲ့ပါတယ္။

Global Fundraisers Group (GFG) အဖြဲ႕က လက္ရွိအခ်ိန္မွာ ျမန္မာ့ေတာ္ဝင္နဂါးတပ္မေတာ္ထံကို 84,273,000/ (ရွစ္ရာေလးဆယ့္ႏွစ္သိန္းခုနစ္ေသာင္းသုံးေထာင္က်ပ္တိတိ) ကို ေပးအပ္လႉဒါန္းထားႏိုင္တယ္လို႔လည္း သိရပါတယ္။

Credit to source

Zawgyi Version

ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာတော်ဝင်နဂါးတပ်မတော်အတွက် အလှုရှင်ပေါ်လာပြီ…

GFG အဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှတဆင့် ဗိုလ်နဂါးထံ လက်နက်ကြီးတွေ ဝယ်ယူပေးမယ်လို့ ကတိပြိုလိုက်ပါတယ်။

ဇန်နဝါရီ ၂၆ ၊ ၂၀၂၂

နိုင်ငံတကာရောက် မြန်မာပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့ Global Fundraisers Group (GFG) အဖွဲ့က အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ကတဆင့် ဗိုလ်နဂါးအဖွဲ့ကို လက်နက်ကြီးတွေဝယ်ယူပေးမယ်လို့ ကတိပြုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်၊ မြန်မာ့တော်ဝင်နဂါးတပ်မတော်ခေါင်းဆောင် ဗိုလ်နဂါးနဲ့ Global Fundraisers Group (GFG) အဖွဲ့က တာဝန်ရှိတဲ့သူတွေ

ဇန်နဝါရီလ ပထမအပတ်ထဲမှာ Zoom Meeting နဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့ရာမှာ GFG က လက်နက်ကြီးတွေဝယ်ယူပေးမယ်လို့ ကတိပြုခဲ့တာပါ။

ဆွေးနွေးပွဲမှာ အတွင်းဝန် ဦးနိုင်ထူးအောင်က လက်ရှိတော်လှန်ရေးအခြေအနေတွေကို ရှင်းပြပေးခဲ့ပြီး တက်ရောက်လာတဲ့သူတွေ ရဲ့ မေးမြန်းမှုတွေကို ဖြေကြားပေးခဲ့ပါတယ်။

အဲဒီနောက် မြန်မာ့တော်ဝင်နဂါးတပ်မတော်ရဲ့ခေါင်းဆောင် ဗိုလ်နဂါးကလည်း ပုလဲနယ် မြေပြင်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုက်ပွဲအကြောင်းတွေ၊ လိုအပ်နေတဲ့ လက်နက်ကြီးတွေအကြောင်း သေချာရှင်းပြခဲ့ပါတယ်။

Global Fundraisers Group (GFG) အဖွဲ့က လိုအပ်နေတဲ့ လက်နက်ကြီးတွေကို သီးသန့်ဝယ်ယူနိုင်ဖို့အတွက် အလှူငွေတွေ ကောက်ခံပြီး ဝယ်ယူပေးမယ်လို့ လက်သုံးချောင်းထောင်က ကတိပြုခဲ့ပါတယ်။

Global Fundraisers Group (GFG) အဖွဲ့က လက်ရှိအချိန်မှာ မြန်မာ့တော်ဝင်နဂါးတပ်မတော်ထံကို 84,273,000/ (ရှစ်ရာလေးဆယ့်နှစ်သိန်းခုနစ်သောင်းသုံးထောင်ကျပ်တိတိ) ကို ပေးအပ်လှူဒါန်းထားနိုင်တယ်လို့လည်း သိရပါတယ်။

Credit to source