News

ကျောထောက်နောက်ခံမရှိ ခိုကိုးရာမဲ့ နေတဲ့ အဘိုးအဖွား အိမ်လေးထဲကို ဝင်ကြည့်လိုက်တဲ့အခါ

ကျောထောက်နောက်ခံမရှိ ခိုကိုးရာမဲ့ နေတဲ့ အဘိုးအဖွား အိမ်လေးထဲကို ဝင်ကြည့်လိုက်တဲ့အခါ

ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာ မှကျောထောက်နောက်ခံမရှိ ၊ခိုကိုးရာမဲ့ နေတဲ့ အဘိုးအဘွားပါ။

ဆရာတော် ဦးတေဇဝံသ နှင့် ကျနော်တို့ စိတ်တူ ကိုယ်တူ ညီ ၊ အစ်ကို မောင်နှမများနှင့် အွန်လိုင်းမှ ကုသိုလ်ရှင် များရဲ့ စတုတ္ထအကြိမ်မြောက် လှူ ဒါန်းမဲ့ အဘိုး အဘွား ပါ။

ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာ နှင့်ယာ ၄ ခင်းအကွာ တောထဲ မှာနေထိုင်ကြတဲ့ အဘိုး ဦးထက် + အဖွား ဒေါ်အေးရင်ပါ…..အိမ်လေးထဲ

ဝင်ကြည့်တဲ့အခါမှာလည်းစောင် ၊ ဖျာက အစ လိုအပ်နေတာကိုမြင် တွေ့ခဲ့ရပါတယ် ။မြေကြီးပေါ် အိတ်လေးတွေ ခင်းပြီးထိုင်နေရတာကို မြင်ခဲ့ရပါတယ် …

အိမ်ကလည်း လုံလုံခြုံခြုံ မရှိပါဘူးအိမ်သုံး ၊ အသုံးအဆောင် ပစ္စည်းလည်းသိပ်မမြင်ခဲ့ရပါဘူး အတော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

အဘိုး ဦးထက်ဟာ လက်ကို ဓားထိတော့ အကျောတွေပျက်သွားခဲ့ပေမဲ့လည်း စားဝတ်နေရေးအတွက် ထန်းပြန်တက်ပြီး ဘဝကိုရုန်းကန်ခဲ့ရပါတယ် ။

ထန်းဆက်လှီးတဲ့အချိန်မှာ လက်က အရင်လို သန်သန်မာမာ မဟုတ်တော့ ထန်းပင်ပေါ်ကလိမ့်ကြခဲ့ပြန်တယ် ။

အခု အသက် ၈၀ ဝန်းကျင်ဆိုတော့ အလုပ်တွေ မလုပ်နိုင်တော့ပါဘူး ။

အဖွားဒေါ်အေးရင်ကလည်း နားက သိပ်မကြား ၊ မျက်စိတစ်ဖက်ကမမြင် ၊လက်တစ်ဖက်က ကျိုးနေပြန်ပါတယ်။

အဘိုးအဘွား နှစ်ယောက်လုံးက ချို့ယွင်းချက်ကိုယ်စီနဲ့ပါ ။လက်ရှိနေထိုင်တဲ့ နေရာ ၊တဲ အိမ်လေးက ရွာမှ ကိုသိန်းထွန်းရဲ့ ယာခင်းထဲမှာ ဆောက်ပေးထားကြတာလို့ သိခဲ့ရပါတယ် ။

သူများ ယာခင်းလေးထဲမှာ အသက်ကြီးတဲ့ အဘိုးအဘွားတွေနေကြရပါတယ် ။

နေ့စဉ် စားဝတ်နေရေးအတွက်ထန်းပင်ပေါ်က ပြုတ်ကျတဲ့ ထန်းရွက်တွေကို ကောက်စုထားပြီးလာဝယ်သူရှိမှ လှည်းတစ်စီးနိုင်သလောက်တင် ငွေ ၃၀၀၀ ကျပ်သာရရှိပြီး

ဒီငွေလေးများဖြင့် ဆန် ၊ ဆီဟင်းချက်စရာများဝယ်ပြီး ချက် ၊ ပြုတ်စားသောက်ကြရင်း ဘဝကို အသက်ရှင်နေထိုင်ရတဲ့အဘိုးအဘွားတွေပါ ။

ကျွန်တော်တို့အဖွဲ့ထံ ကိုသိန်းထွန်း မှ ဆက်သွယ်လာ၍ သွားရောက်ကြည့်ရှု့ရာမှာ ရွှေလှိုင်းရွာရဲ့ အုပ်ချုပ်ရေးမှူးကိုယ်တိုင် လိုက်လံပြသပြီးအဘိုးအဘွားတွေအကြောင်းရှင်းပြပေးခဲ့တာဖြစ်ပါတယ်

။ဆက်သွယ်လာတဲ့ အစ်ကို နဲ့ရွာရဲ့ အုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့အားလုံးမှ အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်တော်တို့အဖွဲ့မှလှူဒါန်းချင်သောအဘိုးအဘွားများမှာ အခုလိုအမှန်တကယ် ခိုကိုးရာမဲ့ ၊ကျောထောက်နောက်ခံမရှိဖြစ်နေပြီးအခက်အခဲနဲ့ကြုံတွေ့နေရသောအဘိုးအဘွားများ ဖြစ်ပါသည်

။ပြည့်နေသောအိုးများကို ရေဖြည့်ခြင်းထက် ၊ ရေမရှိသော အိုးများကိုရေဖြည့်ပေးခြင်းက ပို၍ ဖြစ်သင့်သည်ဟု ကျွန်တော်တို့ ထင်မြင် ယူဆမိပါ၏။

ကျနော်တို့ အဖွဲ့ နောက် ၁၀ ရက်လောက်နေရင်အဘိုး ဦးထက် နှင့် အဘွားဒေါ်အေးရင် ထံ သွားရောက် လှူဒါန်းပေးမည် ဖြစ်ပါသည် ။

အလှူ ရှင်များလည်း မိမိတို့ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူ ဒါန်းနိုင်ပါတယ်ခင်ဗျာ ကျွန်တော်တို့

အဖွဲ့နှင့်အတူ လိုက်ပါ၍ကိုယ်တိုင်လည်း လှူ ဒါန်းနိုင်ပါတယ်။မိတ်ဆွေ ၊ သူငယ်ချင်းများနှင့်အွန်လိုင်း ကုသိုလ်ရှင် များလည်း ကုသိုလ်ပါဝင် လှူ ဒါန်းနိူင်ပါကြောင်း

အသိပေးနိူးဆော်လိုက်ရပါတယ်ခင်ဗျာကုသိုလ်ရှင်များအားလုံးကိုကျေးဇူးတင်ပါတယ်….။

Aung Khaing 09789713547

ေက်ာေထာက္ေနာက္ခံမရွိ ခိုကိုးရာမဲ့ ေနတဲ့ အဘိုးအဖြား အိမ္ေလးထဲကို ဝင္ၾကည့္လိုက္တဲ့အခါ

ေညာင္ဦးၿမိဳ႕နယ္ ေရႊလွိုင္းေက်းရြာ မွေက်ာေထာက္ေနာက္ခံမရွိ ၊ခိုကိုးရာမဲ့ ေနတဲ့ အဘိုးအဘြားပါ။

ဆရာေတာ္ ဦးေတဇဝံသ ႏွင့္ က်ေနာ္တို႔ စိတ္တူ ကိုယ္တူ ညီ ၊ အစ္ကို ေမာင္ႏွမမ်ားႏွင့္ အြန္လိုင္းမွ ကုသိုလ္ရွင္ မ်ားရဲ့ စတုတၳအႀကိမ္ေျမာက္ လႉ ဒါန္းမဲ့ အဘိုး အဘြား ပါ။

ေညာင္ဦးၿမိဳ႕နယ္ ေရႊလွိုင္းေက်းရြာ ႏွင့္ယာ ၄ ခင္းအကြာ ေတာထဲ မွာေနထိုင္ၾကတဲ့ အဘိုး ဦးထက္ + အဖြား ေဒၚေအးရင္ပါ…..အိမ္ေလးထဲ

ဝင္ၾကည့္တဲ့အခါမွာလည္းေစာင္ ၊ ဖ်ာက အစ လိုအပ္ေနတာကိုျမင္ ေတြ႕ခဲ့ရပါတယ္ ။ေျမႀကီးေပၚ အိတ္ေလးေတြ ခင္းၿပီးထိုင္ေနရတာကို ျမင္ခဲ့ရပါတယ္ …

အိမ္ကလည္း လုံလုံျခဳံျခဳံ မရွိပါဘူးအိမ္သုံး ၊ အသုံးအေဆာင္ ပစၥည္းလည္းသိပ္မျမင္ခဲ့ရပါဘူး အေတာ္ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။

အဘိုး ဦးထက္ဟာ လက္ကို ဓားထိေတာ့ အေက်ာေတြပ်က္သြားခဲ့ေပမဲ့လည္း စားဝတ္ေနေရးအတြက္ ထန္းျပန္တက္ၿပီး ဘဝကို႐ုန္းကန္ခဲ့ရပါတယ္ ။

ထန္းဆက္လွီးတဲ့အခ်ိန္မွာ လက္က အရင္လို သန္သန္မာမာ မဟုတ္ေတာ့ ထန္းပင္ေပၚကလိမ့္ၾကခဲ့ျပန္တယ္ ။

အခု အသက္ ၈၀ ဝန္းက်င္ဆိုေတာ့ အလုပ္ေတြ မလုပ္နိုင္ေတာ့ပါဘူး ။

အဖြားေဒၚေအးရင္ကလည္း နားက သိပ္မၾကား ၊ မ်က္စိတစ္ဖက္ကမျမင္ ၊လက္တစ္ဖက္က က်ိဳးေနျပန္ပါတယ္။

အဘိုးအဘြား ႏွစ္ေယာက္လုံးက ခ်ိဳ႕ယြင္းခ်က္ကိုယ္စီနဲ႔ပါ ။လက္ရွိေနထိုင္တဲ့ ေနရာ ၊တဲ အိမ္ေလးက ရြာမွ ကိုသိန္းထြန္းရဲ့ ယာခင္းထဲမွာ ေဆာက္ေပးထားၾကတာလို႔ သိခဲ့ရပါတယ္ ။

သူမ်ား ယာခင္းေလးထဲမွာ အသက္ႀကီးတဲ့ အဘိုးအဘြားေတြေနၾကရပါတယ္ ။

ေန႔စဥ္ စားဝတ္ေနေရးအတြက္ထန္းပင္ေပၚက ျပဳတ္က်တဲ့ ထန္းရြက္ေတြကို ေကာက္စုထားၿပီးလာဝယ္သူရွိမွ လွည္းတစ္စီးနိုင္သေလာက္တင္ ေငြ ၃၀၀၀ က်ပ္သာရရွိၿပီး

ဒီေငြေလးမ်ားျဖင့္ ဆန္ ၊ ဆီဟင္းခ်က္စရာမ်ားဝယ္ၿပီး ခ်က္ ၊ ျပဳတ္စားေသာက္ၾကရင္း ဘဝကို အသက္ရွင္ေနထိုင္ရတဲ့အဘိုးအဘြားေတြပါ ။

ကၽြန္ေတာ္တို႔အဖြဲ႕ထံ ကိုသိန္းထြန္း မွ ဆက္သြယ္လာ၍ သြားေရာက္ၾကည့္ရႈ႔ရာမွာ ေရႊလွိုင္းရြာရဲ့ အုပ္ခ်ဳပ္ေရးမႉးကိုယ္တိုင္ လိုက္လံျပသၿပီးအဘိုးအဘြားေတြအေၾကာင္းရွင္းျပေပးခဲ့တာျဖစ္ပါတယ္

။ဆက္သြယ္လာတဲ့ အစ္ကို နဲ႔ရြာရဲ့ အုပ္ခ်ဳပ္ေရးမႉးကို ကၽြန္ေတာ္တို႔အားလုံးမွ အထူးေက်းဇူးတင္ရွိပါသည္။

ကၽြန္ေတာ္တို႔အဖြဲ႕မွလႉဒါန္းခ်င္ေသာအဘိုးအဘြားမ်ားမွာ အခုလိုအမွန္တကယ္ ခိုကိုးရာမဲ့ ၊ေက်ာေထာက္ေနာက္ခံမရွိျဖစ္ေနၿပီးအခက္အခဲနဲ႔ၾကဳံေတြ႕ေနရေသာအဘိုးအဘြားမ်ား ျဖစ္ပါသည္

။ျပည့္ေနေသာအိုးမ်ားကို ေရျဖည့္ျခင္းထက္ ၊ ေရမရွိေသာ အိုးမ်ားကိုေရျဖည့္ေပးျခင္းက ပို၍ ျဖစ္သင့္သည္ဟု ကၽြန္ေတာ္တို႔ ထင္ျမင္ ယူဆမိပါ၏။

က်ေနာ္တို႔ အဖြဲ႕ ေနာက္ ၁၀ ရက္ေလာက္ေနရင္အဘိုး ဦးထက္ ႏွင့္ အဘြားေဒၚေအးရင္ ထံ သြားေရာက္ လႉဒါန္းေပးမည္ ျဖစ္ပါသည္ ။

အလႉ ရွင္မ်ားလည္း မိမိတို႔ ကိုယ္တိုင္ကိုယ္က်သြားေရာက္ လႉ ဒါန္းနိုင္ပါတယ္ခင္ဗ်ာ ကၽြန္ေတာ္တို႔

အဖြဲ႕ႏွင့္အတူ လိုက္ပါ၍ကိုယ္တိုင္လည္း လႉ ဒါန္းနိုင္ပါတယ္။မိတ္ေဆြ ၊ သူငယ္ခ်င္းမ်ားႏွင့္အြန္လိုင္း ကုသိုလ္ရွင္ မ်ားလည္း ကုသိုလ္ပါဝင္ လႉ ဒါန္းနိူင္ပါေၾကာင္း

အသိေပးနိူးေဆာ္လိုက္ရပါတယ္ခင္ဗ်ာကုသိုလ္ရွင္မ်ားအားလုံးကိုေက်းဇူးတင္ပါတယ္….။

Aung Khaing 09789713547