General News












Jasmine

Unicode Version

ဆိုင်ကအတွင်းခံတွေကို အကာအကွယ်မရှိ စမ်းဝတ်ကြည့်နေတဲ့ အမျိုးသမီး…

ကိုယ့်ရဲ့အတွင်းခံ size ကိုသိရင်တော့ အတွင်းခံအဝတ်အစားကို အလွယ်တကူဝယ်လို့ရပေမဲ့လည်း ၊ ကိုယ့် size ကိုမသိရင်တော့ အတော်လေးဒုက္ခရောက်ရပါတယ်။

အထူးသဖြင့် လမ်းဘေးဆိုင်က အကာအကွယ်မရှိ အတွင်းခံတွေကို စမ်းဝတ်ကြည့်ပြီး ဝယ်မယ်ဆိုရင်ပေါ့ ။

သို့ပေမဲ့လည်း ထိုင်းနိုင်ငံက အဒေါ်ကြီးတစ်ယောက်မှာတော့ လမ်းဘေးဆိုင်မှာ အကာအကွယ်မရှိပဲ အတွင်းခံကိုစမ်းဝတ်ကြည့်ခဲ့ပါတယ် ။

အဆိုပါ video ကိုတော့ ဆိုင်ရှင်အမျိုးသားကပဲ ရိုက်ကူးခဲ့တာဖြစ်ပြီး ၊ video ထဲမှာတော့ အဆိုပါအဒေါ်ကြီးဟာ စိတ်ဝင်တစားနဲ့ အတွင်းခံတွေကို စမ်းဝတ်နေခဲ့တာပါ ။

စမ်းဝတ်ပြီးနောက် မှန်လေးကိုပါ လှန်းဆွဲယူလိုက်ပြီး အဆင်ပြေရဲ့လားဆိုပြီး ကြည့်လိုက်ပါသေးတယ် ။ ထို့နောက်မပြီးသေးပါဘူး ။

အောက်ဖက်က အတွင်းခံဝတ်လျက်နဲ့ အပေါ်ဖက်အတွင်းခံအင်္ကျီကိုပါစမ်းဝတ်ခဲ့ပါသေးတယ် ။နောက်ပြီး သူမနဲ့လိုက်ဖက်ရဲ့လားဆိုပြီး မှန်နဲ့သေသေချာချာကြည့်လိုက်ပါသေးတယ် ။

အဆိုပါ video ကိုမြင်တွေ့ခဲ့ကြတဲ့လူအချို့က ထိုလုပ်ရပ်ကိုစိတ်ပျက်ခဲ့ကြပေမဲ့လည်း အချို့ကတော့ အတော်လေးရယ်မောခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း အဒေါ်ကြီးဟာ အသားရောင် ဘောင်းဘီအရှည်ရဲ့အပေါ်မှာ ထပ်ဝတ်ခဲ့တာဖြစ်ပါတယ် ။

အဆိုပါ videoဟာ အတော်လေးရေပန်းစားခဲ့ပြီး အဒေါ်ကြီးရဲ့ကျေးဇူးကြောင့် အဆိုပါအတွင်းခံဆိုင်ဟာ အတော်လေးရောင်းကောင်းသွားခဲ့၍ ဆိုင်ရှင်က အဒေါ်ကြီးကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ အတွင်းခံ အစုံပေါင်း 100 လက်ဆောင်ပေးခဲ့ပါတယ် ။

Jasmine