Beauty
Credit
Unicode Version
တစ်လအတွင်း ဝိတ်ချဖို့…(၁၅ ပေါင်ကနေ ၂၀ အထိ အာမခံပါတယ်)
တစ်လအတွင်း ဝိတ်ချဖို့
၁။ သံပုရာသီး အစိမ်း (အမြဲမပြတ်ဝယ်ထားပါ)
၂။ လက်ဖက်ခြောက် (အမြဲ မပြတ်ဝယ်ထားပါ)
အခုပြောပြမယ့်နည်းလမ်းက အမှားမခံတာကို မမေ့ပါနဲ့။
ဖြစ်နိုင်ရင် အမှတ်အသား တစ်ခုခုလုပ်ပြီး (Print) ထုတ်ပြီးပဲ ဖြစ်ဖြစ် အမြဲ မြင်နိုင်မယ့်နေရာမှာ ကပ်ထားပါ။
အကောင်းဆုံးကတော့ မနက် ၆:၀၀ လောက်အိပ်ရာထပါ။ တကယ်လို့ နောက်ကျမှ နိုးခဲ့ရင်လည်း နိုးတဲ့အချိန်မှာ လုပ်ပါ။
(၁) ဘီယာထည့်တဲ့ ငါးကြင်းဖန်ခွက် တစ်ခွက်ယူပါ။ (ဝယ်ပါ) ။ သံပုရာသီး တစ်လုံးကို လှီးပြီး အရည်ညှစ် ထည့်ပါ၊
သံပုရာစေ့၊ သံပုရာခွံတွေကိုပါထည့်ပါ။ လက်ဖက်ခြောက် နည်းနည်း ထည့်ပြီး
ရေနွေး ပူပူအပြည့်လောင်းထည့်ပါ။
အဖုံး အုပ်ပြီး နွေးနွေးလေး ဖြစ်တဲ့အထိ နှပ်ထားပါ။
အိပ်ရာက နိုးပြီး ၊ မျက်နှာသစ် သွားတိုက်ပြီးလျှင်၊ ဘာအစာကိုမှ မစားသောက်ခင် အပေါ်က စိမ်ထားတဲ့ သံပုရာရည် တစ်ခွက်ကို ကုန်အောင် သောက်ပါ။
(မနက်တိုင်း ဒီနည်းအတိုင်း သောက်ရ ပါမယ်)
ပြီးမှ ကော်ဖီသောက်တာ၊ အစာ စားတာကို လုပ်ပါ။ တစ်ရက်လုံး စားချင်တာ ကိုစားပါ။ စိတ်ကြိုက် စားပါ။
(၂) ညနေ ၆:၀၀ နောက်ပိုင်း ဘာအစာ ကိုမှ မထိ တို့ပါနဲ့။ မနက်က သောက်တဲ့ အတိုင်း
သံပုရာ ရည်တစ်ခွက်သာ သောက်ပြီး ပုံမှန် အိပ်ရာဝင်ချိန် တစ်ခု သတ်မှတ်၍ တိတိ ကျကျ လိုက်နာပါ ။
မှတ်ချက်- ရေမချိုးခင် လေ့ကျင့်ခန်းနည်းနည်း လုပ်ခြင်းက ပိုပြီး ဝိတ်အကျ မြန်ပါတယ်။
အခုပြောပြပေးထားတဲ့ နည်းကို အတိအကျ မပျက်မကွက် လိုက်နာဖို့ လိုပါတယ်။
မေ့သွားတာမျိုး လုံးဝမရပါဘူး။ တကယ်ပိန်ချင်ရင် တစ်လပဲ လုပ်ကြည့်ပါ ။
၁၅ ပေါင်ကနေ ၂၀ အထိ အာမခံပါတယ်။ ကျန်းမာရေးနဲ့ လည်းညီညွတ် ပါတယ်။
ထပ်ပြီးပြောချင် တာကလုံးဝ မပျက်မကွက် လိုက်နာ နိုင်ဖို့ပါ။ မရှင်းရင် ထပ်မေးပါ။
သံပုရာသီးနဲ့မ တည့်သူတွေ ၊ အစာအိမ်သမားတွေ သွေးပေါင်ကျ သူတွေ အတွက် အကြံမပေးပါဘူး။
Credit