ကြားသိရသမျှ

ေခ်ာင္းဦးတြင္ ဗိုလ္ႀကီးေက်ာ္ဇင္သန႔္၏ညီမ တကၠသိုလ္ေက်ာင္းသူ(၂)ဦးကို PDFေထာက္ပံ့မႈျဖင့္…

ေခ်ာင္းဦးတြင္ ဗိုလ္ႀကီးေက်ာ္ဇင္သန႔္၏ညီမ တကၠသိုလ္ေက်ာင္းသူ(၂)ဦးကို PDFေထာက္ပံ့မႈျဖင့္…

စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္တြင္ Non CDM ဗိုလ္ႀကီး ေက်ာ္ဇင္သန႔္၏ ညီမ တကၠသိုလ္ေက်ာင္းသူ ၂ ဦးကို PDF ေထာက္ပံ့သည္ဟုဆိုကာ စစ္တပ္က ဖမ္းဆီးသြားေၾကာင္း မိသားစုႏွင့္နီးစပ္သူမ်ားထံမွ သိရွိရသည္။

ဇန္နဝါရီလ ၂၅ ရက္ေန႔ ညပိုင္းတြင္ ဗိုလ္ႀကီး ေက်ာ္ဇင္သန႔္၏ ညီမ ၂ ဦးျဖစ္သည့္ မစုစုေဇာ္ႏွင့္ မေသာ္ေသာ္ဟန္တို႔ ညီအစ္မ ႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္ သြားေၾကာင္း ေဒသခံမ်ားက ေျပာသားသည္။

“၂၄ ရက္‌ေန႔က စစ္သားေတြ အိမ္စီးကားေတြနဲ႔ လာၿပီး ဝင္းတံခါးေသာ့႐ိုက္ဖ်က္ၿပီး အိမ္ထဲထိ ဝင္ၾကည့္ၾကတယ္။

အဲ့ေန႔က ခရီးသြားၾကတာႀကဳံၿပီး မေတြ႕ျဖစ္ဘဲ မေန႔ ၂၅ ရက္ေန႔ညပိုင္းေလာက္မွ ညီအစ္မ ႏွစ္ေယာက္ကို ဖမ္းသြားတယ္” ဟု ေဒသခံ တစ္ဦးက ေျပာဆိုသည္။

မစုစုေဇာ္ႏွင့္ မေသာ္ေသာ္ဟန္တို႔ ႏွစ္ဦးမွာ တကၠသိုလ္ေက်ာင္းတက္ေနသူမ်ားျဖစ္ၾကၿပီး PDF မ်ားကို ေထာက္ပံ့ကူညီေနသည္ဟုဆိုကာ ပုဒ္မ ၅၀(ည)ႏွင့္ ဖမ္းဆီးေခၚသြားျခင္းျဖစ္သည္ဟု သိရွိရသည္။

“သူ႔အစ္ကိုလည္း ဒီမနက္မွ သိရၿပီး ပက္လက္လန္ေရာတဲ့။

သူက သရက္ၿမိဳ႕မွာ ကင္းလွည့္ေနတုန္း လက္ပစ္ဗုံးနဲ႔တိုက္ခိုက္ခံရၿပီး ဒဏ္ရာျပန္သက္သာလာၿပီး တာဝန္ျပန္ထမ္းေဆာင္ေနသူ” ဟု

အဆိုပါ မိသားစုႏွင့္ နီးစပ္သူ တစ္ဦးက ေျပာဆိုသည္။

လက္ရွိအခ်ိန္တြင္ ဖမ္းဆီးခံရသူ ႏွစ္ဦးမွာ မိသားစုႏွင့္ ေတြ႕ခြင့္မရေၾကာင္း သိရွိရသည္။

Credit

Unicode Version

ချောင်းဦးတွင် ဗိုလ်ကြီးကျော်ဇင်သန့်၏ညီမ တက္ကသိုလ်ကျောင်းသူ(၂)ဦးကို PDFထောက်ပံ့မှုဖြင့်…

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် Non CDM ဗိုလ်ကြီး ကျော်ဇင်သန့်၏ ညီမ တက္ကသိုလ်ကျောင်းသူ ၂ ဦးကို PDF ထောက်ပံ့သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းတွင် ဗိုလ်ကြီး ကျော်ဇင်သန့်၏ ညီမ ၂ ဦးဖြစ်သည့် မစုစုဇော်နှင့် မသော်သော်ဟန်တို့ ညီအစ်မ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသားသည်။

“၂၄ ရက်‌နေ့က စစ်သားတွေ အိမ်စီးကားတွေနဲ့ လာပြီး ဝင်းတံခါးသော့ရိုက်ဖျက်ပြီး အိမ်ထဲထိ ဝင်ကြည့်ကြတယ်။

အဲ့နေ့က ခရီးသွားကြတာကြုံပြီး မတွေ့ဖြစ်ဘဲ မနေ့ ၂၅ ရက်နေ့ညပိုင်းလောက်မှ ညီအစ်မ နှစ်ယောက်ကို ဖမ်းသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

မစုစုဇော်နှင့် မသော်သော်ဟန်တို့ နှစ်ဦးမှာ တက္ကသိုလ်ကျောင်းတက်နေသူများဖြစ်ကြပြီး PDF များကို ထောက်ပံ့ကူညီနေသည်ဟုဆိုကာ ပုဒ်မ ၅၀(ည)နှင့် ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။

“သူ့အစ်ကိုလည်း ဒီမနက်မှ သိရပြီး ပက်လက်လန်ရောတဲ့။

သူက သရက်မြို့မှာ ကင်းလှည့်နေတုန်း လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး ဒဏ်ရာပြန်သက်သာလာပြီး တာဝန်ပြန်ထမ်းဆောင်နေသူ” ဟု

အဆိုပါ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူ နှစ်ဦးမှာ မိသားစုနှင့် တွေ့ခွင့်မရကြောင်း သိရှိရသည်။

Credit