News

သာေကတၿမိဳ႕နယ္ အမွတ္(၂)ရဲကင္း ေသနတ္ျဖင့္ အပစ္ခံရၿပီး ျပန္လည္ပစ္ခတ္မႈ ျဖစ္ပြား…

သာေကတၿမိဳ႕နယ္ အမွတ္(၂)ရဲကင္း ေသနတ္ျဖင့္ အပစ္ခံရၿပီး ျပန္လည္ပစ္ခတ္မႈ ျဖစ္ပြား…

ကီရာ

ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္၊ တစ္ဆယ္ေစ်း အနီးရွိ အမွတ္(၂) ရဲကင္းသည္ ေသနတ္ျဖင့္ အပစ္ခံရၿပီး အဆိုပါ ရဲကင္းဘက္မွ ေသနတ္ႏွစ္ခ်က္ ျပန္လည္ပစ္ခတ္မႈ

ဇန္နဝါရီ ၂၇ရက္ ည ၈နာရီ ၁၂မိနစ္ခန႔္က ျဖစ္ပြားခဲ့ေၾကာင္း ပစ္ခတ္မႈလုပ္ေဆာင္ခဲ့သည့္ The Boys Army တာဝန္ခံကိုၾကာစိက ေျပာသည္ …။

အဆိုပါ ပစ္ခတ္မႈကို The Boys Armyႏွင့္ Dictator Revolt Front အဖြဲ႕တို႔မွ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ပစ္ခတ္မႈကို 40M ေသနတ္ အမ်ိဳးအစားအသုံးျပဳခဲ့ျခင္းျဖစ္သည္ဟု ယင္းအဖြဲ႕ထံမွ သိရသည္။

40M ေသနတ္အမ်ိဳးအစားသည္ တစ္ေတာင့္ခ်င္းစီ က်ည္ထည့္ပစ္ရျခင္းျဖစ္ၿပီး အနီးကပ္ပစ္ခတ္ပါက ဗုံးကဲ့သို႔ ျပင္းအားရွိသည္ဟု သိရသည္။

“အမွတ္၂ရဲကင္း ဝင္ဝင္ခ်င္းဂိတ္ကို လွမ္းပစ္တာပါ၊ ပစ္တာကေတာ့ စခန္းထဲ လွမ္းပစ္လိုက္တာပဲ စခန္းထဲ ေရာက္မေရာက္ေတာ့ ကြၽန္ေတာ္တို႔ သတိမထားမိဘူး။

ကြၽန္ေတာ္တို႔ ပစ္ပစ္ၿပီးခ်င္း သူတို႔ဘက္က လွမ္းပစ္ေတာ့ ကြၽန္ေတာ္တို႔ လည္း ကားထဲမွာ အကုန္ေခါင္းေတြငုံ႔ထားလိုက္ေတာ့ အဲ့ဘက္ကို ဘာမွမျမင္ရေတာ့တာ”ဟု The Boys Army တာဝန္ခံၾကာစိက ေျပာသည္။

အဆိုပါရဲကင္းေရွ႕တြင္ ေစာင့္ေနသည့္ လက္နက္ကိုင္ စစ္သား ၃ဦးခန႔္ရွိေနသည့္အတြက္ ထိခိုက္မႈလည္း ရွိႏိုင္ေၾကာင္း၎က ဆက္ေျပာသည္။

“ အဲ့ကင္းအေရွ႕မွာ ေစာင့္ေနတဲ့ ႏွစ္ေကာင္ သုံးေကာင္ေတာ့ ရွိတာေတြ႕တယ္၊ ထိခိုက္မႈေတာ့ အတိအက်ေတာ့ မေျပာႏိုင္ေသးပါဘူး၊ ကြၽန္ေတာ္တို႔က ဒီေကာင္ေတြကိုမုန္းလို႔ သူတို႔တစ္ေကာင္ ေလ်ာ့ေလ်ာ့ ႏွစ္ေကာင္ေလ်ာ့ေလ်ာ့ မနည္းဘူးဆိုတဲ့စိတ္နဲ႔လုပ္ေနတာပါ”ဟုတာဝန္ခံ ကိုၾကာစိကဆက္လက္ေျပာသည္ …။

Credit – KiRa

Unicode Version

သာကေတမြို့နယ် အမှတ်(၂)ရဲကင်း သေနတ်ဖြင့် အပစ်ခံရပြီး ပြန်လည်ပစ်ခတ်မှု ဖြစ်ပွား…

ကီရာ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တစ်ဆယ်ဈေး အနီးရှိ အမှတ်(၂) ရဲကင်းသည် သေနတ်ဖြင့် အပစ်ခံရပြီး အဆိုပါ ရဲကင်းဘက်မှ သေနတ်နှစ်ချက် ပြန်လည်ပစ်ခတ်မှု

ဇန်နဝါရီ ၂၇ရက် ည ၈နာရီ ၁၂မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် The Boys Army တာဝန်ခံကိုကြာစိက ပြောသည် …။

အဆိုပါ ပစ်ခတ်မှုကို The Boys Armyနှင့် Dictator Revolt Front အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကို 40M သေနတ် အမျိုးအစားအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

40M သေနတ်အမျိုးအစားသည် တစ်တောင့်ချင်းစီ ကျည်ထည့်ပစ်ရခြင်းဖြစ်ပြီး အနီးကပ်ပစ်ခတ်ပါက ဗုံးကဲ့သို့ ပြင်းအားရှိသည်ဟု သိရသည်။

“အမှတ်၂ရဲကင်း ဝင်ဝင်ချင်းဂိတ်ကို လှမ်းပစ်တာပါ၊ ပစ်တာကတော့ စခန်းထဲ လှမ်းပစ်လိုက်တာပဲ စခန်းထဲ ရောက်မရောက်တော့ ကျွန်တော်တို့ သတိမထားမိဘူး။

ကျွန်တော်တို့ ပစ်ပစ်ပြီးချင်း သူတို့ဘက်က လှမ်းပစ်တော့ ကျွန်တော်တို့ လည်း ကားထဲမှာ အကုန်ခေါင်းတွေငုံ့ထားလိုက်တော့ အဲ့ဘက်ကို ဘာမှမမြင်ရတော့တာ”ဟု The Boys Army တာဝန်ခံကြာစိက ပြောသည်။

အဆိုပါရဲကင်းရှေ့တွင် စောင့်နေသည့် လက်နက်ကိုင် စစ်သား ၃ဦးခန့်ရှိနေသည့်အတွက် ထိခိုက်မှုလည်း ရှိနိုင်ကြောင်း၎င်းက ဆက်ပြောသည်။

“ အဲ့ကင်းအရှေ့မှာ စောင့်နေတဲ့ နှစ်ကောင် သုံးကောင်တော့ ရှိတာတွေ့တယ်၊ ထိခိုက်မှုတော့ အတိအကျတော့ မပြောနိုင်သေးပါဘူး၊ ကျွန်တော်တို့က ဒီကောင်တွေကိုမုန်းလို့ သူတို့တစ်ကောင် လျော့လျော့ နှစ်ကောင်လျော့လျော့ မနည်းဘူးဆိုတဲ့စိတ်နဲ့လုပ်နေတာပါ”ဟုတာဝန်ခံ ကိုကြာစိကဆက်လက်ပြောသည်။

Credit – KiRa