News

စခမ်ားကို PDF ေလးေတြ အရွင္ဖမ္းမိေသာအခါ…(ရုပ္သံ)

စခမ်ားကို PDF ေလးေတြ အရွင္ဖမ္းမိေသာအခါ…(ရုပ္သံ)

ျပည္သူအေပၚ ႐ိုင္းစိုင္းသတ္ျဖတ္ေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ဖမ္းဆီးခံရခ်ိန္ ႐ိုက်ိဳးမႈျပသၾက၊ PDF ႏွင့္ တိုင္းရင္းသားတပ္မ်ားကလည္း စစ္သုံ႔ပန္းမ်ားကို ေကာင္းမြန္စြာ ဆက္ဆံ (႐ုပ္/သံ)

ရန္ကုန္၊ ဇန္နဝါရီ ၂၈

ျပည္သူအေပၚ ႐ိုင္းစိုင္းသတ္ျဖတ္ေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား PDF မ်ားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားက လက္ရ အရွင္ဖမ္းဆီးရရွိမႈမ်ား မ်ားျပားလာလ်က္ရွိေနေၾကာင္း ေဒသကာကြယ္ေရးတပ္မ်ားထံမွ သိရွိရသည္။

ျပည္သူအေပၚ ႐ိုင္းစိုင္းသတ္ျဖတ္ေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား PDF မ်ားႏွင့္ တိုင္းရင္းသားလက္နက္ ကိုင္မ်ားက လက္ရ အရွင္ဖမ္းဆီးရမိခ်ိန္ အလြန္ ႐ိုက်ိဳးမႈျပသၾကၿပီး

PDFမ်ားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားကလည္း စစ္သုံ႔ပန္းမ်ားကို ေကာင္းမြန္စြာ ဆက္ဆံၾကသည္။

ကရင္နီျပည္ ရွားေတာၿမိဳ႕နယ္အတြင္းရွိ အၾကမ္းဖက္စစ္ေကာင္စီ၏ ေရွ႕တန္းတပ္ခန္းတစ္ခုျဖစ္သည့္ က်ားပါးစပ္စခန္းကို ဇန္နဝါရီလ ၇ ရက္ေန႔ နံနက္တြင္ ကရင္နီတပ္မေတာ္ KA က တိုက္ခိုက္သိမ္းပိုက္စဥ္

စစ္ေကာင္စီစစ္သား ၃၂ ဦးေသဆုံးကာ ၁၀ ဦးကို အရွင္ဖမ္းမိခဲ့ေၾကာင္း KA ထုတ္ျပန္ခဲ့သည္။

အဆိုပါ က်ားပါးစပ္စခန္းကို ကရင္နီတပ္မေတာ္က တိုက္ခိုက္သိမ္းပိုက္စဥ္ စစ္သား ၃၂ ဦးေသဆုံးၿပီး အျခားစစ္သား ၁၀ ဦးမွာ လက္နက္ခ်အဖမ္းခံခဲ့ေၾကာင္း

ကရင္နီရဲေဘာ္ ၂ ဦးက်ဆုံးကာ ၆ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ကရင္နီတပ္မေတာ္ ထံမွ သိရွိရသည္။

အရွင္အဖမ္းခံခဲ့ရေသာ စစ္ေကာင္စီတပ္သားတစ္ဦးက “က်ေနာ္ အိမ္သာ တက္ခ်င္လို႔၊ မေျပးပါဘူးဗ်ာ ေျပးရင္ တစ္ခါတည္း ပစ္သတ္” ဟု ဆိုခဲ့သည္ကို လက္ရဖမ္းမိသည့္ ဗီဒီယိုတြင္ ျမင္ေတြ႕ရသည္။

KNU အုပ္ခ်ဳပ္မႈနယ္ေျမမ်ားတြင္လည္း ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလအတြင္း ဖမ္းမိေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ေကာင္းမြန္စြာ ေကြၽး ေမြးဧည့္ခံၿပီး ထိန္းသိမ္းထားရွိသည္။

ယင္းကဲ့သို႔ပင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကလည္း စစ္သုံ႔ပန္းမ်ားကို ႏိုင္ငံတကာဥပေဒမ်ားႏွင့္အညီ ဖမ္းဆီးထိန္းသိမ္းထားရွိရန္ တရားဝင္ အမိန႔္ထုတ္ျပန္ထားသည္။

Credit

Unicode Version

စခများကို PDF လေးတွေ အရှင်ဖမ်းမိသောအခါ…(ရုပ်သံ)

ပြည်သူအပေါ် ရိုင်းစိုင်းသတ်ဖြတ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရချိန် ရိုကျိုးမှုပြသကြ၊ PDF နှင့် တိုင်းရင်းသားတပ်များကလည်း စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ဆက်ဆံ (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ပြည်သူအပေါ် ရိုင်းစိုင်းသတ်ဖြတ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်များက လက်ရ အရှင်ဖမ်းဆီးရရှိမှုများ များပြားလာလျက်ရှိနေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ပြည်သူအပေါ် ရိုင်းစိုင်းသတ်ဖြတ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ PDF များနှင့် တိုင်းရင်းသားလက်နက် ကိုင်များက လက်ရ အရှင်ဖမ်းဆီးရမိချိန် အလွန် ရိုကျိုးမှုပြသကြပြီး

PDFများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကလည်း စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ဆက်ဆံကြသည်။

ကရင်နီပြည် ရှားတောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းတပ်ခန်းတစ်ခုဖြစ်သည့် ကျားပါးစပ်စခန်းကို ဇန်နဝါရီလ ၇ ရက်နေ့ နံနက်တွင် ကရင်နီတပ်မတော် KA က တိုက်ခိုက်သိမ်းပိုက်စဉ်

စစ်ကောင်စီစစ်သား ၃၂ ဦးသေဆုံးကာ ၁၀ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း KA ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျားပါးစပ်စခန်းကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်သား ၃၂ ဦးသေဆုံးပြီး အခြားစစ်သား ၁၀ ဦးမှာ လက်နက်ချအဖမ်းခံခဲ့ကြောင်း

ကရင်နီရဲဘော် ၂ ဦးကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီတပ်မတော် ထံမှ သိရှိရသည်။

အရှင်အဖမ်းခံခဲ့ရသော စစ်ကောင်စီတပ်သားတစ်ဦးက “ကျနော် အိမ်သာ တက်ချင်လို့၊ မပြေးပါဘူးဗျာ ပြေးရင် တစ်ခါတည်း ပစ်သတ်” ဟု ဆိုခဲ့သည်ကို လက်ရဖမ်းမိသည့် ဗီဒီယိုတွင် မြင်တွေ့ရသည်။

KNU အုပ်ချုပ်မှုနယ်မြေများတွင်လည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖမ်းမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာ ကျွေး မွေးဧည့်ခံပြီး ထိန်းသိမ်းထားရှိသည်။

ယင်းကဲ့သို့ပင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားရှိရန် တရားဝင် အမိန့်ထုတ်ပြန်ထားသည်။

Credit