News

အသံတိတ္သပိတ္ေန႔မွာ ဆိုင္ေတြဖြင့္ဖို႔ ေၾကညာေနသူတစ္ဦး ပစ္ခတ္ခံရ…

အသံတိတ္သပိတ္ေန႔မွာ ဆိုင္ေတြဖြင့္ဖို႔ ေၾကညာေနသူတစ္ဦး ပစ္ခတ္ခံရ…

နတ္တလင္းမွာ အသံတိတ္သပိတ္ေန႔မွာ ဆိုင္ေတြ ဖြင့္ဖို႔ ေၾကညာေနသူတဦး ေသနတ္နဲ႔ပစ္ခတ္ခံရ

ပဲခူးတိုင္းေဒသႀကီး၊ အေနာက္ဘက္ျခမ္းမွာရွိတဲ့ နတ္တလင္းၿမိဳ႕နယ္ တံခြန္တိုင္႐ြာမွာ ဒီကေန႔ဇန္နဝါရီ ၂၈ မနက္ပိုင္းက အ

သံတိတ္သပိတ္မွာ မပါဝင္ဖို႔ လိုက္လံေၾကညာေနသူတစ္ဦး ေသနတ္နဲ႔ပစ္ခတ္ခံရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

နတ္တလင္းေဒသခံ PDF အဖြဲ႕တခုျဖစ္တဲ့ နတ္စစ္သည္ အဖြဲ႕ကေတာ့ စစ္ေကာင္စီ အလိုအက် ေဖေဖာ္ဝါရီ(၁)ရက္ေန႔မွာ ဆိုင္မဖြင့္ဖို႔ ေလာ္နဲ႔လိုက္ေအာ္ေနသူတဦး ကို အဖြဲ႕ကပစ္ခတ္ခဲ့ေၾကာင္းနဲ႔

ေသဆုံးသြားၿပီလို႔ ထုတ္ျပန္ထားပါတယ္။

“ နတ္တလင္းၿမိဳ႕အစြန္က ၿမိဳ႕အထြက္႐ြာမွာျဖစ္တာ၊ ဒီကေန႔မနက္ ဆိုင္ကယ္နဲ႔လိုက္ေအာ္ေနတာ ျဖစ္ျဖစ္ခ်င္းေတာ့ မေသဘူး။

ခုေတာ့ေသသြားၿပီလားေတာ့ေသခ်ာမသိေသးဘူး” လို႔ေဒသခံတဦးက ဘီဘီစီကိုေျပာပါတယ္။

စစ္တပ္ကအာဏာသိမ္းတာ တႏွစ္ျပည့္တဲ့ လာမယ့္ေဖေဖာ္ဝါရီ ၁ရက္ေန႔မွာ စစ္အာဏာသိမ္းတာကို အသံတိတ္ၿငိမ္သက္ျခင္းနဲ႔ ဆႏၵထုတ္ေဖာ္ဖို႔ ေတာ္လွန္ေရးအင္အားစုေတြက ႏႈိးေဆာ္ထားၿပီး

စစ္ေကာင္စီဘက္ကလည္း အဲ့ဒီေန႔မွာဆိုင္ေတြဖြင့္ထားဖို႔ကို ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ

သတိေပးေၾကညာတာေတြ လုပ္ေနသလို ဖိအားေပး လက္မွတ္ထိုးခိုင္းတာေတြရွိေနတယ္လို႔ ကိုယ္တိုင္ႀကဳံရသူေတြက ဘီဘီစီကို ဆက္သြယ္ေျပာၾကားထားပါတယ္။

#ဘီဘီစီျမန္မာပိုင္း

Unicode Version

အသံတိတ်သပိတ်နေ့မှာ ဆိုင်တွေဖွင့်ဖို့ ကြေညာနေသူတစ်ဦး ပစ်ခတ်ခံရ…

နတ်တလင်းမှာ အသံတိတ်သပိတ်နေ့မှာ ဆိုင်တွေ ဖွင့်ဖို့ ကြေညာနေသူတဦး သေနတ်နဲ့ပစ်ခတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ အနောက်ဘက်ခြမ်းမှာရှိတဲ့ နတ်တလင်းမြို့နယ် တံခွန်တိုင်ရွာမှာ ဒီကနေ့ဇန်နဝါရီ ၂၈ မနက်ပိုင်းက အ

သံတိတ်သပိတ်မှာ မပါဝင်ဖို့ လိုက်လံကြေညာနေသူတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

နတ်တလင်းဒေသခံ PDF အဖွဲ့တခုဖြစ်တဲ့ နတ်စစ်သည် အဖွဲ့ကတော့ စစ်ကောင်စီ အလိုအကျ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဆိုင်မဖွင့်ဖို့ လော်နဲ့လိုက်အော်နေသူတဦး ကို အဖွဲ့ကပစ်ခတ်ခဲ့ကြောင်းနဲ့

သေဆုံးသွားပြီလို့ ထုတ်ပြန်ထားပါတယ်။

“ နတ်တလင်းမြို့အစွန်က မြို့အထွက်ရွာမှာဖြစ်တာ၊ ဒီကနေ့မနက် ဆိုင်ကယ်နဲ့လိုက်အော်နေတာ ဖြစ်ဖြစ်ချင်းတော့ မသေဘူး။

ခုတော့သေသွားပြီလားတော့သေချာမသိသေးဘူး” လို့ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းတာ တနှစ်ပြည့်တဲ့ လာမယ့်ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်အာဏာသိမ်းတာကို အသံတိတ်ငြိမ်သက်ခြင်းနဲ့ ဆန္ဒထုတ်ဖော်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပြီး

စစ်ကောင်စီဘက်ကလည်း အဲ့ဒီနေ့မှာဆိုင်တွေဖွင့်ထားဖို့ကို မြို့နယ်တော်တော်များများမှာ

သတိပေးကြေညာတာတွေ လုပ်နေသလို ဖိအားပေး လက်မှတ်ထိုးခိုင်းတာတွေရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဘီဘီစီကို ဆက်သွယ်ပြောကြားထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း