ကြားသိရသမျှ







သိပ်လှတာပဲ…သား





















LoiKaw

CREDIT

သားလေးရယ်… ဖမ်းသွားတာ 25….27 ပြန်တွေ့ရတာ ငါ့သားအလာင်းတဲ့လား

သားလေးရေ…လက်ကလေးကသိပ်လှတာပဲ

ရှည်ရှည်တွယ်တွယ်လေးနဲ့…အနုပညာရှင်လက်လို့…

အမေ…ဂုဏ်ယူစွာနဲ့ပြောခဲ့ဖူးတယ်ငါ့သားက..အနုပညာဆန်လိုက်တာနော်…

လက်ကောက်ဝတ်လေးမှာတောင်….အသဲပုံလက်ပတ်လေးနဲ့..

သိပ်လှတာပဲ…သား

အားတင်းပြီးလျှောက်ကြနော်လို့ မပြောခဲ့ရုံလေးပဲ… သားရဲ့လက်ညိုးလေးက..အရှေ့ကိုညွန်ပြထားတာ

အမေ…သိပ်ဝမ်းသာတယ်…သားဟော်…သားရဲ့လက်ကောက်ဝတ်လေးအောက်မှာ..

မြက်ရိုင်းလို့ထင်ထားတဲ့…ပန်းလေးတွေက..

သားရဲ့လက်ကို..ပိုလှစေတယ်…ပိုပြီးအသက်ဝင်စေတယ်

အမေဂုဏ်ယူတယ်…သားသားရဲ့လက်ကလေးကို…အမေကိုင်လိုက်တိုင်း..

နုဖတ်နေတာပဲ…သားရယ်…အမေ အလုပ်ကြမ်းလုပ်ခိုင်းရမှာတောင်သားကို..သနားတယ်…

ဒါပေမယ့်…သားကအမေ့ကိုပြုံးပြီးကြည့်နေတဲ့အချိန်…အမေလွမ်းတယ်…သား

လက်ကလေးကိုင်တိုင်း…နူးညံ့တဲ့ သားရဲ့လက်ကလေး…

အနုပညာဆန်ပါတယ်..ဆိုတဲ့..သားရဲ့လက်ကလေး…

နွေးထွေးမူမရှိပဲ..ဒီနေ့…အေးစက်နေတာပဲသား

သားသိပ်ကြိုက်တဲ့…လက်ကောက်ဝတ်နားမှာ ဝတ်ထားတဲ့..

အသဲပုံးလေးရဲ့..ဟမ်းချိန်းလေး…အမေ..မဖြုတ်ခဲ့ဘူး

သားသိပ်ကြိုက်တာ…အမေသိလို့လေ….

သားရေ…သားရဲ့လက်ကလေး..အမေကိုင်ခွင့်မရတော့ဘူး..

နူးညံတဲ့သားရဲ့…လက်ဖမိုးလေး..အမေ နမ်းခွင့်မရတော့ဘူး..

ဒါပေမယ့်…သားရဲ့အငွေ့သက်လေး..အမေ့မှာရှိတုန်းပဲ

သားရေ…ကောင်းစွာအိပ်စက်တော့နော်…

အမေ…သားအတွက်ဆုတောင်းပေးတယ်…အရမ်းလည်းချစ်တယ်..သား

(လက်ကလေးပုံကိုကြည့်ပြီး…ရင်ထဲကခံစားချက်နဲ့ရေးမိတာပါ

အမှားပါသွားရင် ခွင့်လွှတ်ပေးပါ..)

LoiKaw

CREDIT