Knowledge

ျမန္မာျပည္ ဖားကန္႔ေဒသႀကီး၏ ေက်ာက္စိမ္းမ်ားမွရရွိခဲ့တဲ့ ဝင္ေငြသမိုင္းေၾကာင္း…

ျမန္မာျပည္ ဖားကန္႔ေဒသႀကီး၏ ေက်ာက္စိမ္းမ်ားမွရရွိခဲ့တဲ့ ဝင္ေငြသမိုင္းေၾကာင္း…

(၁၉၈၈ မွစတြက္လွ်င္ ၂၀၁၄ အထိ ေက်ာက္စိမ္းမွရရွိခဲ့ေသာဝင္ေငြမွာ ႏိုင္ငံသားတစ္ဦးစီတိုင္းအား တိုက္တစ္လုံး (သို႔မဟုတ္) ကားတစ္စီးေပးႏိုင္ေသာပမာဏျဖစ္ )

ျမန္မာျပည္ ဖားကန္႔ေဒသႀကီး၏ ေက်ာက္စိမ္းမ်ားမွ ရရွိခဲ့တဲ့ ဝင္ေငြ သမိုင္းေၾကာင္း

Global Witness အဖြဲ႕၏ တရားဝင္ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတြင္ ၂၀၁၄ တႏွစ္ထဲတြင္ပင္ ေက်ာက္စိမ္းမွ ရရွိခဲ့ေသာဝင္ေငြမွာ

အေမရိကန္ေဒၚလာ ၃၁ ဘီလွ်ံရွိ… ၁၉၈၈ မွစတြက္လွ်င္ ၂၀၁၄ အထိ ေက်ာက္စိမ္းမွရရွိခဲ့ေသာဝင္ေငြမွာ အနည္းဆုံး အေမရိကန္ေဒၚလာ ၂၀၀၀ ဘီလွ်ံအထိရွိႏိုင္…

၎ပမာဏသည္ ကြယ္လြန္သြားခဲ့ၾကေသာ ေရမေဆးေက်ာက္ရွာသူမ်ားအပါအဝင္ ႏိုင္ငံသားတစ္ဦးစီတိုင္းအား တိုက္တစ္လုံး (သို႔မဟုတ္) ကားတစ္စီးေပးႏိုင္ေသာပမာဏျဖစ္…

၎ပမာဏသည္ MIG 29 တိုက္ေလယာဥ္အစီးေရ တစ္ေသာင္းခန႔္ကို ဝယ္ႏိုင္ေသာပမာဏျဖစ္…

ေရငုတ္သေဘၤာအစီးေရ တစ္ေထာင္ခန႔္ဝယ္ႏိုင္ေသာပမာဏျဖစ္.. ဖရီးဂိတ္စစ္ေရယာဥ္ အစီးေရသုံးေထာင္ခန႔္ ဝယ္ႏိုင္ေသာပမာဏျဖစ္.. စစ္သည္မ်ားႏွင့္ ရဲေမမ်ားကို ကမာၻ႔အေကာင္းဆုံး

စစ္ဝတ္တန္ဆာ အိုးအိမ္အေဆာက္အဦး facility မ်ားဆင္ျမန္းေပး၍ တပ္ကထြက္ခ်ိန္တြင္ တင့္တင့္တယ္တယ္ထားႏိုင္ေသာပမာဏျဖစ္…

တစ္ႏိုင္ငံလုံးကို ေနရာလပ္မက်န္လွ်ပ္စစ္မီးေပးကာ ေတာေရာၿမိဳ႕ပါအႏွံ ႏိုင္လြန္ကတၱရာလမ္းခင္းေပးႏိုင္ေသာပမာျဖစ္.. သို႔ေသာ္လည္း ဖားကန႔္သာ ခ်ိဳင့္ျဖစ္သြားခဲ့ၿပီး တိုင္းျပည္အတြက္ဘာမွ အဖတ္မတင္ခဲ့.. ကခ်င္ေတြလည္း

ခံစားခြင့္မရခဲ့ၾက.. ျပည္သူေတြလည္းဘာမွမရခဲ့ၾက.. သတင္းအေမွာင္ခ်ထားသျဖင့္ ဤဝင္ေငြမ်ားကို သိေတာင္မသိခဲ့ၾက ၊

Global Witness အဖြဲ႕က ၎တို႔ႏွစ္ႏွင့္ခ်ီအေသးစိတ္စုံစမ္းသိရွိရသမွ်ကို ဖြင့္ခ်ျပ၍သာ ျပည္သူေတြသိခဲ့ရျခင္းျဖစ္..တပ္မေတာ္သားေတြလည္း ဘာမွမရခဲ့ၾက..

တပ္မေတာ္သည္ ၎၏ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ႏွင့္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) တို႔မွတဆင့္ ေက်ာက္စိမ္းက႑တြင္ တရားဝင္လုပ္ပိုင္ခြင့္ကိုထိမ္းခ်ဳပ္ထားေၾကာင္း Global Witness က ေဖာ္ျပထားသည္မွာ…

စစ္တပ္ပိုင္ကုမၸဏီမ်ား၏ တရားဝင္ျပပြဲမ်ားမွ ေရာင္းခ်မႈပမာဏမွာ ၂၀၁၃ ခုႏွစ္တြင္ အေမရိကန္ေဒၚလာသန္း ၁၀၀ ရွိၿပီး ၂၀၁၄ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ သန္း ၁၈၀ ရွိၿပီး

ထိုဝင္ေငြမ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ျပင္ပဘတ္ဂ်က္အျဖစ္သက္မွက္ထား.. တပ္မေတာ္ပိုင္ေက်ာက္မ်က္ကုမၸဏီမ်ားႏွင့္ ဦးပိုင္ႏွင့္ဆက္စပ္ကုမၸဏီမ်ားမွာ…

၁။ ျမန္မာအင္ပရီရယ္ဂ်ိတ္ေက်ာက္မ်က္ရတနာကုမၸဏီလီမိတက္

၂။ ကုံရာသီၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၃။ ေသာ္က ေက်ာက္မ်က္ကုမၸဏီ ၄။ ဖုသွ်ၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၅။ ဓနသိဒၶိၾကယ္ ေက်ာက္မ်က္ကုမၸဏီ

၆။ ဓူဝံၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၇။ သိန္းငွက္ၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၈။ ေစာင္းတာရာၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၉။ ျမန္မာ႐ူဘီအင္တာပ႐ိုက္ ၁၀။ ပုန္းညက္ ေက်ာက္မ်က္ကုမၸဏီ

၁၁။ ေ႐ႊအင္းဝ ေက်ာက္မ်က္ကုမၸဏီ ၁၂။ သစၥာပန္း ေက်ာက္မ်က္ကုမၸဏီ ၁၃။ Nothern Star ေက်ာက္မ်က္ကုမၸဏီ တို႔ျဖစ္သည္။

၂၀၁၄ ခုႏွစ္ ျမန္မာ့ေက်ာက္မ်က္ေရာင္းပြဲတြင္ စစ္တပ္ပိုင္ ျမန္မာအင္ပရီရယ္ဂ်ိတ္ကုမၸဏီမွ ေရာင္းရေငြမွာ ကုမၸဏီအားလုံး၏ ဒုတိယအျမင့္ဆုံးတြင္ရွိၿပီး အေမရိကန္ေဒၚလာသန္း ၁၅၀ ရွိ…

ဦးပိုင္လီမိတက္သည္ ေက်ာက္စိမ္းႏွင့္ သယံဇာတတူးေဖာ္ေရာင္းခ်မႈတြင္ တိုင္းျပည္ကိုႏွစ္ ၂၀ နီးပါးအခြန္မေဆာင္ခဲ့ေၾကာင္း မီဒီယာမ်ားထုတ္ေဖာ္.. ဖားကန႔္ရွိ ေက်ာက္စိမ္းကုမၸဏီအမ်ားစုမွာ ဦးပိုင္လီမိတက္ႏွင့္

ဦးသန္းေ႐ႊမိသားစု၏ ႀကိဳင္အျပည္ျပည္ဆိုင္ရာ ကုမၸဏီလီမိတက္ႏွင့္ စစ္ဗိုလ္ခ်ဳပ္မ်ား ႀကံ့ခိုင္ေရးပါတီေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဟာင္းမ်ား၊ ၎တို႔ႏွင့္ပက္သက္ေနေသာခ႐ိုနီႀကီးမ်ားပိုင္ေသာကုမၸဏီမ်ားျဖစ္ေၾကာင္း

Global Witness ကေဖာ္ျပ.. စစ္ေခါင္းေဆာင္မ်ားႏွင့္ ဆက္စပ္ေနေသာ ခ႐ိုနီမ်ား၏ Ever Winner ေက်ာက္မ်က္ကုမၸဏီသည္ ၂၀၁၄ ခုႏွစ္ေက်ာက္မ်က္အေရာင္းျပပြဲတြင္ အေမရိကန္ေဒၚလာ သန္း ၃၁၀ ရရွိခဲ့

၂၀၁၄ ခုႏွစ္တြင္ တ႐ုတ္သို႔ ေက်ာက္စိမ္းတရားမဝင္တင္ပို႔ခဲ့မႈပမာဏမွာလည္း အေမရိကန္ေဒၚလာ ၁၂.၄ ဘီလွ်ံပမာဏရွိခဲ့.. သတင္းရပ္ကြက္ေတာ္ေတာ္မ်ားမ်ား၏ အဆိုအရ

၂၀၁၁ ႏွစ္ကုန္ပိုင္းတြင္ ဖားကန႔္ရွိေက်ာက္စိမ္းလုပ္ကြက္မ်ားကို ခ်ဳပ္ကိုင္ႏိုင္ရန္ KIA ကို စတင္ထိုးစစ္ဆင္ခဲ့ေၾကာင္း Global Witness ကေဖာ္ျပ..

၂၀၁၁ မွစ၍ KIA ကိုထိုးစစ္ဆင္သည့္ကာလအတြင္း စစ္သည္သုံးေထာင္ခန႔္ က်ဆုံးၿပီး ငါးေထာင္ခန႔္ဒါဏ္ရာရရွိခဲ့ေၾကာင္း Jane Defence စာေဆာင္မွသုံးသပ္..

သဘာဝဓာတ္ေငြ႕ေရာင္းခ်မႈပမာဏမွာလည္း ၂၀၁၄ တႏွစ္ထဲတြင္ပင္ အေမရိကန္ေဒၚလာ ၄၀၂ မီလွ်ံရရွိခဲ့…

သဘာဝဓာတ္ေငြ႕ေရာင္းခ်မႈမွရရွိေသာေငြမ်ားကို ႏိုင္ငံ့ဘ႑ာထဲသို႔ တစ္ေဒၚလာလွ်င္ ျမန္မာေငြေျခာက္က်ပ္ႏႈန္းျဖင့္သာတြက္၍ ထည့္ခဲ့ေၾကာင္း ျပည္တြင္းသတင္းမီဒီယာမ်ားက ေဖာ္ထုတ္ေရးသား..

N Kham Aung Ref: Global Witness/Jane Defence

မြန်မာပြည် ဖားကန့်ဒေသကြီး၏ ကျောက်စိမ်းများမှရရှိခဲ့တဲ့ ဝင်ငွေသမိုင်းကြောင်း…

(၁၉၈၈ မှစတွက်လျှင် ၂၀၁၄ အထိ ကျောက်စိမ်းမှရရှိခဲ့သောဝင်ငွေမှာ နိုင်ငံသားတစ်ဦးစီတိုင်းအား တိုက်တစ်လုံး (သို့မဟုတ်) ကားတစ်စီးပေးနိုင်သောပမာဏဖြစ် )

မြန်မာပြည် ဖားကန့်ဒေသကြီး၏ ကျောက်စိမ်းများမှ ရရှိခဲ့တဲ့ ဝင်ငွေ သမိုင်းကြောင်း

Global Witness အဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၄ တနှစ်ထဲတွင်ပင် ကျောက်စိမ်းမှ ရရှိခဲ့သောဝင်ငွေမှာ

အမေရိကန်ဒေါ်လာ ၃၁ ဘီလျှံရှိ… ၁၉၈၈ မှစတွက်လျှင် ၂၀၁၄ အထိ ကျောက်စိမ်းမှရရှိခဲ့သောဝင်ငွေမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀၀ ဘီလျှံအထိရှိနိုင်…

၎င်းပမာဏသည် ကွယ်လွန်သွားခဲ့ကြသော ရေမဆေးကျောက်ရှာသူများအပါအဝင် နိုင်ငံသားတစ်ဦးစီတိုင်းအား တိုက်တစ်လုံး (သို့မဟုတ်) ကားတစ်စီးပေးနိုင်သောပမာဏဖြစ်…

၎င်းပမာဏသည် MIG 29 တိုက်လေယာဉ်အစီးရေ တစ်သောင်းခန့်ကို ဝယ်နိုင်သောပမာဏဖြစ်…

ရေငုတ်သင်္ဘောအစီးရေ တစ်ထောင်ခန့်ဝယ်နိုင်သောပမာဏဖြစ်.. ဖရီးဂိတ်စစ်ရေယာဉ် အစီးရေသုံးထောင်ခန့် ဝယ်နိုင်သောပမာဏဖြစ်.. စစ်သည်များနှင့် ရဲမေများကို ကမာ္ဘ့အကောင်းဆုံး

စစ်ဝတ်တန်ဆာ အိုးအိမ်အဆောက်အဦး facility များဆင်မြန်းပေး၍ တပ်ကထွက်ချိန်တွင် တင့်တင့်တယ်တယ်ထားနိုင်သောပမာဏဖြစ်…

တစ်နိုင်ငံလုံးကို နေရာလပ်မကျန်လျှပ်စစ်မီးပေးကာ တောရောမြို့ပါအနှံ နိုင်လွန်ကတ္တရာလမ်းခင်းပေးနိုင်သောပမာဖြစ်.. သို့သော်လည်း ဖားကန့်သာ ချိုင့်ဖြစ်သွားခဲ့ပြီး တိုင်းပြည်အတွက်ဘာမှ အဖတ်မတင်ခဲ့.. ကချင်တွေလည်း

ခံစားခွင့်မရခဲ့ကြ.. ပြည်သူတွေလည်းဘာမှမရခဲ့ကြ.. သတင်းအမှောင်ချထားသဖြင့် ဤဝင်ငွေများကို သိတောင်မသိခဲ့ကြ ၊

Global Witness အဖွဲ့က ၎င်းတို့နှစ်နှင့်ချီအသေးစိတ်စုံစမ်းသိရှိရသမျှကို ဖွင့်ချပြ၍သာ ပြည်သူတွေသိခဲ့ရခြင်းဖြစ်..တပ်မတော်သားတွေလည်း ဘာမှမရခဲ့ကြ..

တပ်မတော်သည် ၎င်း၏မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့မှတဆင့် ကျောက်စိမ်းကဏ္ဍတွင် တရားဝင်လုပ်ပိုင်ခွင့်ကိုထိမ်းချုပ်ထားကြောင်း Global Witness က ဖော်ပြထားသည်မှာ…

စစ်တပ်ပိုင်ကုမ္ပဏီများ၏ တရားဝင်ပြပွဲများမှ ရောင်းချမှုပမာဏမှာ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၁၀၀ ရှိပြီး ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ရှိပြီး

ထိုဝင်ငွေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြင်ပဘတ်ဂျက်အဖြစ်သက်မှက်ထား.. တပ်မတော်ပိုင်ကျောက်မျက်ကုမ္ပဏီများနှင့် ဦးပိုင်နှင့်ဆက်စပ်ကုမ္ပဏီများမှာ…

၁။ မြန်မာအင်ပရီရယ်ဂျိတ်ကျောက်မျက်ရတနာကုမ္ပဏီလီမိတက်

၂။ ကုံရာသီကြယ် ကျောက်မျက်ကုမ္ပဏီ ၃။ သော်က ကျောက်မျက်ကုမ္ပဏီ ၄။ ဖုသျှကြယ် ကျောက်မျက်ကုမ္ပဏီ ၅။ ဓနသိဒ္ဓိကြယ် ကျောက်မျက်ကုမ္ပဏီ

၆။ ဓူဝံကြယ် ကျောက်မျက်ကုမ္ပဏီ ၇။ သိန်းငှက်ကြယ် ကျောက်မျက်ကုမ္ပဏီ ၈။ စောင်းတာရာကြယ် ကျောက်မျက်ကုမ္ပဏီ ၉။ မြန်မာရူဘီအင်တာပရိုက် ၁၀။ ပုန်းညက် ကျောက်မျက်ကုမ္ပဏီ

၁၁။ ရွှေအင်းဝ ကျောက်မျက်ကုမ္ပဏီ ၁၂။ သစ္စာပန်း ကျောက်မျက်ကုမ္ပဏီ ၁၃။ Nothern Star ကျောက်မျက်ကုမ္ပဏီ တို့ဖြစ်သည်။

၂၀၁၄ ခုနှစ် မြန်မာ့ကျောက်မျက်ရောင်းပွဲတွင် စစ်တပ်ပိုင် မြန်မာအင်ပရီရယ်ဂျိတ်ကုမ္ပဏီမှ ရောင်းရငွေမှာ ကုမ္ပဏီအားလုံး၏ ဒုတိယအမြင့်ဆုံးတွင်ရှိပြီး အမေရိကန်ဒေါ်လာသန်း ၁၅၀ ရှိ…

ဦးပိုင်လီမိတက်သည် ကျောက်စိမ်းနှင့် သယံဇာတတူးဖော်ရောင်းချမှုတွင် တိုင်းပြည်ကိုနှစ် ၂၀ နီးပါးအခွန်မဆောင်ခဲ့ကြောင်း မီဒီယာများထုတ်ဖော်.. ဖားကန့်ရှိ ကျောက်စိမ်းကုမ္ပဏီအများစုမှာ ဦးပိုင်လီမိတက်နှင့်

ဦးသန်းရွှေမိသားစု၏ ကြိုင်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်နှင့် စစ်ဗိုလ်ချုပ်များ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဗိုလ်ချုပ်ဟောင်းများ၊ ၎င်းတို့နှင့်ပက်သက်နေသောခရိုနီကြီးများပိုင်သောကုမ္ပဏီများဖြစ်ကြောင်း

Global Witness ကဖော်ပြ.. စစ်ခေါင်းဆောင်များနှင့် ဆက်စပ်နေသော ခရိုနီများ၏ Ever Winner ကျောက်မျက်ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်ကျောက်မျက်အရောင်းပြပွဲတွင် အမေရိကန်ဒေါ်လာ သန်း ၃၁၀ ရရှိခဲ့

၂၀၁၄ ခုနှစ်တွင် တရုတ်သို့ ကျောက်စိမ်းတရားမဝင်တင်ပို့ခဲ့မှုပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁၂.၄ ဘီလျှံပမာဏရှိခဲ့.. သတင်းရပ်ကွက်တော်တော်များများ၏ အဆိုအရ

၂၀၁၁ နှစ်ကုန်ပိုင်းတွင် ဖားကန့်ရှိကျောက်စိမ်းလုပ်ကွက်များကို ချုပ်ကိုင်နိုင်ရန် KIA ကို စတင်ထိုးစစ်ဆင်ခဲ့ကြောင်း Global Witness ကဖော်ပြ..

၂၀၁၁ မှစ၍ KIA ကိုထိုးစစ်ဆင်သည့်ကာလအတွင်း စစ်သည်သုံးထောင်ခန့် ကျဆုံးပြီး ငါးထောင်ခန့်ဒါဏ်ရာရရှိခဲ့ကြောင်း Jane Defence စာဆောင်မှသုံးသပ်..

သဘာဝဓာတ်ငွေ့ရောင်းချမှုပမာဏမှာလည်း ၂၀၁၄ တနှစ်ထဲတွင်ပင် အမေရိကန်ဒေါ်လာ ၄၀၂ မီလျှံရရှိခဲ့…

သဘာဝဓာတ်ငွေ့ရောင်းချမှုမှရရှိသောငွေများကို နိုင်ငံ့ဘဏ္ဍာထဲသို့ တစ်ဒေါ်လာလျှင် မြန်မာငွေခြောက်ကျပ်နှုန်းဖြင့်သာတွက်၍ ထည့်ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ထုတ်ရေးသား..

N Kham Aung Ref: Global Witness/Jane Defence