News

ထမင္း အစစ္ စားခ်င္တယ္…

ထမင္း အစစ္ စားခ်င္တယ္…

(ေဒၚေအာင္ဆန္းစုၾကည္၊ စတုတၳအႀကိမ္ ႐ုံးခ်ိန္း)

ဒီစကားေလးကို ႏွစ္ပိုင္း ေတြးယူရမယ္။ ပထမအပိုင္းသည္ လက္ေတြ႕ပိုင္း၊ ဒုတိယ အပိုင္းသည္ နိုင္ငံေရးပိုင္း။

လက္ေတြ႕ပိုင္းမွာ မင္းေအာင္လွိုင္သည္ လူယုတ္မာ၊ ဘာသာေၾကာင္၊ လူေၾကာက္၊ ေဗဒင္ယၾတာ အားကိုးသူ ျဖစ္တယ္။

ဒါ့ေၾကာင့္ ျပည့္မိခင္ကို သိမ္ဖ်င္းယုတ္ညံ့တဲ့ အႀကံနဲ႔ ဓာတ္ဆင္ ဓာတ္ရိုက္တာ၊ အာစက္လ်ာစက္ ေလ်ာ့ပါးေအာင္ အစီအရင္ ထမင္းဟင္းေတြ ေကၽြးမွာ မလြဲဘူး။

အင္မတန္ စိတ္မေကာင္းစရာ ျဖစ္သလို အင္မတန္ နာက်ည္းစရာလည္း ျဖစ္တယ္။

လူထုက အေမစုကို ေမတၱာ ဝိုင္းပို႔ရင္ မင္းေအာင္လွိုင္ သူ႔အစီအရင္ သူပဲ ခံရလိမ့္မယ္

နိုင္ငံေရးပိုင္း အေနနဲ႔ ၾကည့္ရင္ မင္းေအာင္လွိုင္တို႔ အေမစုကို ေကၽြးေနတဲ့ ထမင္းဟင္းေတြဟာ တိုင္းျပည္က ခိုးဆိုး လုယက္ထားတဲ့ မသထာေရစာေတြ ျဖစ္တယ္။

သံေတြ ခဲေတြ ၿမိဳရသလို အပူစာေတြ ျဖစ္တယ္။ ဒီထမင္းမ်ိဳး အေမ မစားခ်င္ေတာ့ဘူး။

ျပည္သူက ၾကည္ျဖဴတဲ့ ထမင္းသာ ထမင္းအစစ္ျဖစ္တယ္။ နိုင္ငံဝန္ထမ္းၿပီး သမၼာ အာဇီဝနဲ႔ စီရင္ေသာ ထမင္းကို အေမ စားခ်င္ေနၿပီ။ အခ်ိန္မဆြဲၾကနဲ႔ေတာ့။ ဒီလို ယူရင္လည္း ရတယ္။

လက္ေတြ႕ပိုင္းနဲ႔ ယူယူ၊ နိုင္ငံေရး သေဘာတရားပိုင္း ယူယူ၊ ကၽြန္ေတာ္တို႔ ပိုအားစိုက္ရေတာ့မယ္

သကၠမိုးညိဳ

Unicode Version

ထမင်း အစစ် စားချင်တယ်…

(ဒေါ်အောင်ဆန်းစုကြည်၊ စတုတ္ထအကြိမ် ရုံးချိန်း)

ဒီစကားလေးကို နှစ်ပိုင်း တွေးယူရမယ်။ ပထမအပိုင်းသည် လက်တွေ့ပိုင်း၊ ဒုတိယ အပိုင်းသည် နိုင်ငံရေးပိုင်း။

လက်တွေ့ပိုင်းမှာ မင်းအောင်လှိုင်သည် လူယုတ်မာ၊ ဘာသာကြောင်၊ လူကြောက်၊ ဗေဒင်ယတြာ အားကိုးသူ ဖြစ်တယ်။

ဒါ့ကြောင့် ပြည့်မိခင်ကို သိမ်ဖျင်းယုတ်ညံ့တဲ့ အကြံနဲ့ ဓာတ်ဆင် ဓာတ်ရိုက်တာ၊ အာစက်လျာစက် လျော့ပါးအောင် အစီအရင် ထမင်းဟင်းတွေ ကျွေးမှာ မလွဲဘူး။

အင်မတန် စိတ်မကောင်းစရာ ဖြစ်သလို အင်မတန် နာကျည်းစရာလည်း ဖြစ်တယ်။

လူထုက အမေစုကို မေတ္တာ ဝိုင်းပို့ရင် မင်းအောင်လှိုင် သူ့အစီအရင် သူပဲ ခံရလိမ့်မယ်

နိုင်ငံရေးပိုင်း အနေနဲ့ ကြည့်ရင် မင်းအောင်လှိုင်တို့ အမေစုကို ကျွေးနေတဲ့ ထမင်းဟင်းတွေဟာ တိုင်းပြည်က ခိုးဆိုး လုယက်ထားတဲ့ မသထာရေစာတွေ ဖြစ်တယ်။

သံတွေ ခဲတွေ မြိုရသလို အပူစာတွေ ဖြစ်တယ်။ ဒီထမင်းမျိုး အမေ မစားချင်တော့ဘူး။

ပြည်သူက ကြည်ဖြူတဲ့ ထမင်းသာ ထမင်းအစစ်ဖြစ်တယ်။ နိုင်ငံဝန်ထမ်းပြီး သမ္မာ အာဇီဝနဲ့ စီရင်သော ထမင်းကို အမေ စားချင်နေပြီ။ အချိန်မဆွဲကြနဲ့တော့။ ဒီလို ယူရင်လည်း ရတယ်။

လက်တွေ့ပိုင်းနဲ့ ယူယူ၊ နိုင်ငံရေး သဘောတရားပိုင်း ယူယူ၊ ကျွန်တော်တို့ ပိုအားစိုက်ရတော့မယ်

သက္ကမိုးညို