Beauty

ဆံပင္မသန္တဲ့မိန္းကေလးေတြအတြက္ ဆံပင္အျမန္ဆုံး ရွည္လာေစမယ့္နည္းလမ္း(၄)သြယ္…

ဆံပင္မသန္တဲ့မိန္းကေလးေတြအတြက္ ဆံပင္အျမန္ဆုံး ရွည္လာေစမယ့္နည္းလမ္း(၄)သြယ္…

မိန္းကေလးေတြအေနနဲ႕ မ်က္ႏွာအလွအပကအေရးႀကီးသလို ဆံေကသာအလွကလည္း အလြန္ကိုအေရးႀကီးပါတယ္။

ဆံပင္မသန္စြမ္းတာ၊ အရွည္ႏွေးတာ၊ ဆံပင္ပ်က္စီးတာေတြျဖစ္ေနရင္ မ်က္ႏွာေလးဘယ္ေလာက္လွေအာင္ျပင္ထားထား အလွကမျပည့္စုံနိုင္ပါဘူး။

ဒါေၾကာင့္ ဆံပင္နဲ႕ပတ္သက္တဲ့ျပႆနာေတြကိုႀကဳံေတြ႕ေနရတဲ့ပ်ိဳေမတို႔အတြက္ ဆံပင္သန္ၿပီး ျမန္ျမန္ရွည္လြယ္မယ့္ သဘာဝနည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေခါင္းမေလွ်ာ္ခင္ ဦးေရျပားကို ေသြးလွည့္ပတ္မႈေကာင္းေအာင္လုပ္ပါ

ဆံပင္ရွည္လြယ္ဖို႔၊ ဆံပင္ေကာင္းဖို႔အတြက္ဆိုရင္ ေခါင္းေလွ်ာ္တဲ့နည္းလမ္းက အလြန္အေရးႀကီးပါတယ္။

ေခါင္းမေလွ်ာ္ခင္မွာ ဦးေရျပားကိုႏြေးသြားေအာင္လုပ္ေပးဖို႔ ဆံပင္အရင္းနားေလးေတြကိုလက္ဖ်ားေလးေတြနဲ႕ထိုးဖြေပးပါ၊ လက္ဝါးႏွစ္ဖက္ကို ပူႏြေးလာေအာင္ ပြတ္တိုက္ၿပီး ဦးေရျပားမွာကပ္ေပးပါ။

အဲ့ဒီလိုမ်ိဳး ၅ မိနစ္ေလာက္လုပ္ေပးၿပီးမွ ေခါင္းေလွ်ာ္ေပးလိုက္ရင္ ဆံသားကိုပိုေကာင္းေစၿပီး ျမန္ျမန္ရွည္လာေစပါတယ္။

၂။ အိႏၵိယရိုးရာ ႏွိပ္နည္းသုံးပါ

ဆံပင္အရင္းေတြကို လက္ႏွစ္ဖက္နဲ႕ဆုပ္ကိုင္ၿပီး ျဖည္းျဖည္းခ်င္းဆြဲေပးပါ။ ၿပီးရင္လက္မကိုသုံးၿပီး ဦးေခါင္းေနာက္ျခမ္းကိုႏွိပ္ပါ၊

လက္ေခ်ာင္းထိပ္ေလးေတြနဲ႕ လည္ပင္းေနာက္ဘက္တေလွ်ာက္ႏွိပ္ေပးပါ။ ေနာက္ဆုံးမွ နဖူးဆံစပ္တေလွ်ာက္ကို လက္ဝါးနဲ႕ပြတ္တိုက္ေပးပါ။

ဒီနည္းလမ္းက အိႏၵိယလူမ်ိဳးအမ်ိဳးသမီးေတြ ဆံပင္သန္ဖို႔သုံးၾကတဲ့ရိုးရာနည္းတစ္ခုျဖစ္ပါတယ္။

၃။ ဦးေရျပားကို ေအာက္စီဂ်င္ရေအာင္ လုပ္ေပးပါ

ဆံပင္သန္ဖို႔၊ ဆံပင္ျမန္ျမန္ရွည္ဖို႔ဆိုရင္ ဦးေရျပားကေအာက္စီဂ်င္ရဖို႔လိုပါတယ္။ ဦးေရျပား ေအာက္စီဂ်င္ရေအာင္ ဦးေခါင္းေသြးလွည့္ပတ္မႈေကာင္းေအာင္လုပ္ေပးရမွာပါ။

ဦးေခါင္းေသြးလွည့္ပတ္မႈေကာင္းဖို႔အတြက္ ဦးေခါင္းကိုအိပ္ရာအစြန္ဘက္မွာ ၁၀မိနစ္ေလာက္ ေနာက္ျပန္လွန္ထားေပးရပါမယ္။

၄။ ၾကက္ဥနဲ႕အၿမဲ ေပါင္းတင္ေပးပါ

ၾကက္ဥရဲ႕ပရိုတင္းဓာတ္က ဆံပင္ျမန္ျမန္ရွည္ဖို႔ အေကာင္းဆုံးလိုအပ္ခ်က္တစ္ခုပါ။ ဒါေၾကာင့္ ဆံပင္ေပါင္းတင္တဲ့တျခညးနည္းလမ္းေတြမလုပ္ျဖစ္ရင္ေတာင္ ကၾကက္ဥနဲ႕ေတာ့ တစ္ပတ္တစ္ခါပုံမွန္ေပါင္းတင္ေပးပါ။

ၾကက္ဥတစ္လုံးလုံးကိုသံလြင္ဆီတစ္ဇြန္းနဲ႕ေရာၿပီး တစ္ေခါင္းလုံးအႏွံ႕လိမ္းၿပီး ၁၅မိနစ္ၾကာရင္ေခါင္းေလွ်ာ္ေပးပါ။ ဒီအတိုင္းေပါင္းတင္ေပးတာက ဆံပင္ကိုသိသိသာသာရွည္လာေစပါတယ္။

May

Unicode Version

ဆံပင်မသန်တဲ့မိန်းကလေးတွေအတွက် ဆံပင်အမြန်ဆုံး ရှည်လာစေမယ့်နည်းလမ်း(၄)သွယ်…

မိန်းကလေးတွေအနေနဲ့ မျက်နှာအလှအပကအရေးကြီးသလို ဆံကေသာအလှကလည်း အလွန်ကိုအရေးကြီးပါတယ်။

ဆံပင်မသန်စွမ်းတာ၊ အရှည်နှေးတာ၊ ဆံပင်ပျက်စီးတာတွေဖြစ်နေရင် မျက်နှာလေးဘယ်လောက်လှအောင်ပြင်ထားထား အလှကမပြည့်စုံနိုင်ပါဘူး။

ဒါကြောင့် ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာတွေကိုကြုံတွေ့နေရတဲ့ပျိုမေတို့အတွက် ဆံပင်သန်ပြီး မြန်မြန်ရှည်လွယ်မယ့် သဘာဝနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခေါင်းမလျှော်ခင် ဦးရေပြားကို သွေးလှည့်ပတ်မှုကောင်းအောင်လုပ်ပါ

ဆံပင်ရှည်လွယ်ဖို့၊ ဆံပင်ကောင်းဖို့အတွက်ဆိုရင် ခေါင်းလျှော်တဲ့နည်းလမ်းက အလွန်အရေးကြီးပါတယ်။

ခေါင်းမလျှော်ခင်မှာ ဦးရေပြားကိုနွေးသွားအောင်လုပ်ပေးဖို့ ဆံပင်အရင်းနားလေးတွေကိုလက်ဖျားလေးတွေနဲ့ထိုးဖွပေးပါ၊ လက်ဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး ဦးရေပြားမှာကပ်ပေးပါ။

အဲ့ဒီလိုမျိုး ၅ မိနစ်လောက်လုပ်ပေးပြီးမှ ခေါင်းလျှော်ပေးလိုက်ရင် ဆံသားကိုပိုကောင်းစေပြီး မြန်မြန်ရှည်လာစေပါတယ်။

၂။ အိန္ဒိယရိုးရာ နှိပ်နည်းသုံးပါ

ဆံပင်အရင်းတွေကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ဖြည်းဖြည်းချင်းဆွဲပေးပါ။ ပြီးရင်လက်မကိုသုံးပြီး ဦးခေါင်းနောက်ခြမ်းကိုနှိပ်ပါ၊

လက်ချောင်းထိပ်လေးတွေနဲ့ လည်ပင်းနောက်ဘက်တလျှောက်နှိပ်ပေးပါ။ နောက်ဆုံးမှ နဖူးဆံစပ်တလျှောက်ကို လက်ဝါးနဲ့ပွတ်တိုက်ပေးပါ။

ဒီနည်းလမ်းက အိန္ဒိယလူမျိုးအမျိုးသမီးတွေ ဆံပင်သန်ဖို့သုံးကြတဲ့ရိုးရာနည်းတစ်ခုဖြစ်ပါတယ်။

၃။ ဦးရေပြားကို အောက်စီဂျင်ရအောင် လုပ်ပေးပါ

ဆံပင်သန်ဖို့၊ ဆံပင်မြန်မြန်ရှည်ဖို့ဆိုရင် ဦးရေပြားကအောက်စီဂျင်ရဖို့လိုပါတယ်။ ဦးရေပြား အောက်စီဂျင်ရအောင် ဦးခေါင်းသွေးလှည့်ပတ်မှုကောင်းအောင်လုပ်ပေးရမှာပါ။

ဦးခေါင်းသွေးလှည့်ပတ်မှုကောင်းဖို့အတွက် ဦးခေါင်းကိုအိပ်ရာအစွန်ဘက်မှာ ၁၀မိနစ်လောက် နောက်ပြန်လှန်ထားပေးရပါမယ်။

၄။ ကြက်ဥနဲ့အမြဲ ပေါင်းတင်ပေးပါ

ကြက်ဥရဲ့ပရိုတင်းဓာတ်က ဆံပင်မြန်မြန်ရှည်ဖို့ အကောင်းဆုံးလိုအပ်ချက်တစ်ခုပါ။ ဒါကြောင့် ဆံပင်ပေါင်းတင်တဲ့တခြညးနည်းလမ်းတွေမလုပ်ဖြစ်ရင်တောင် ကကြက်ဥနဲ့တော့ တစ်ပတ်တစ်ခါပုံမှန်ပေါင်းတင်ပေးပါ။

ကြက်ဥတစ်လုံးလုံးကိုသံလွင်ဆီတစ်ဇွန်းနဲ့ရောပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပြီး ၁၅မိနစ်ကြာရင်ခေါင်းလျှော်ပေးပါ။ ဒီအတိုင်းပေါင်းတင်ပေးတာက ဆံပင်ကိုသိသိသာသာရှည်လာစေပါတယ်။

May