News




အိမ်ကအမေပြိုလဲပါတယ်






‌အော်………ကြမ္မာ






⚰️RIPပါသူငယ်ချင်း၇၃ရေ

#Credit – NwayOoLin

Unicode Version

ဖလူးလေးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်၊CDM ရဲဝန်ထမ်း ကိုထွန်းအောင်ဝေ…

သူရဲကောင်း‌တို့ ကြွေလွင့်ချိန်

အိမ်ကအမေပြိုလဲပါတယ်

ဌာနေဝယ် သူ့သတင်းမွှေးလို့

ရင်ထဲမှာတော့စို့နေလျှက်

ရက်စက်တဲ့ ကြမ္မာ ဖန်လာပုံက

သူရဲကောင်းတို့ ကြာကြာနေခွင့်မရ

လူ့ဘဝ လူ့အထှာ မှန်ကန်စွာရပ်တည်သူကပင်ပန်းဆင်းရဲရတယ်

‌အော်………ကြမ္မာ

နာကျင်စရာတွေပေးမယ့်အစား သူရဲကောင်းတို့အတွက် ပျော်ရွှင်စရာတွေပေးပါ့လား

ငိုစရာတွေပေးမယ့်အစား

သူရဲကောင်းတို့အတွက် ကြင်နာမှုတွေပေးပါ့လား

ငိုခြင်းအစ ငိုခြင်းအဆုံး

တစ်ဘဝလုံး ပေးဆပ်သူများအဖို့ မတန်လိုက်တာဗျာ မတန်လိုက်တာ

⚰️RIPပါသူငယ်ချင်း၇၃ရေ

#Credit – NwayOoLin