News

ဒီသတင္းအရဆိုရင္ အသံတိတ္ သပိတ္ျပဳလုပ္‌မယ့္ေန႔ အထူးဂ႐ုစိုက္ၾကဖို႔ လိုပါျပီ…

ဒီသတင္းအရဆိုရင္ အသံတိတ္ သပိတ္ျပဳလုပ္‌မယ့္ေန႔ အထူးဂ႐ုစိုက္ၾကဖို႔ လိုပါျပီ…

ေအာက္တြင္႐ုပ္သံဖိုင္အား ေဖာ္ျပထားသည္။

ဒီဇင္ဘာ ၁၀ ရက္တုန္းက ျပဳလုပ္ခဲ႔တဲ႔ စစ္အာဏာ႐ွင္ စနစ္ကို ဆန္႔က်င္တဲ့ အသံတိတ္သပိတ္ (Silent Strike)အေၾကာင္းကို ႏိုင္ငံတကာ မီဒီယာေတြမွာ အေလးထား ေဖာ္ျပခဲ့ၾကပါတယ္။

ဒီဇင္ဘာ ၁၀ ရက္၊ မနက္ ၁၀ နာရီကေန ညေန ၄ နာရီထိ သတ္မွတ္ေၾကညာထားတဲ့ Silent Strikeကို ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္တို႔လို ၿမိဳ႕ႀကီးေတြ အပါအဝင္ ႏိုင္ငံအႏွံ႔မွာ

ျပည္သူေတြက တစ္စိတ္တစ္ဝမ္းတည္း ပူးေပါင္း ပါဝင္ခဲ့ၾကၿပီး စစ္တပ္ ႀကီးစိုးမႈအေပၚ ဘယ္ေလာက္ နာက်ည္း မုန္းတီးေနသလဲ ဆိုတာကို ညီညီၫြတ္ၫြတ္ ဆႏၵထုတ္ေဖာ္ ျပသခဲ့ၾကပါတယ္။

ေစ်းေတြ၊ ဆိုင္ခန္းေတြ၊ ပုဂၢလိက ႐ုံးေတြပါ အဲဒီေန႔မွာ ပိတ္ခဲ့ၾကတာကို စစ္တပ္က အတင္း အဓမၼ ျပန္ဖြင့္ဖို႔ ခိုင္းေစတာမ်ိဳး ႐ွိခဲ့ေပမယ့္

တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ က်ယ္ျပန္႔ခဲ့တဲ့ Silent Strikeရဲ႕ ပုံရိပ္ကိုေတာ့ ဘယ္လိုမွ မဖ်က္ဆီးႏိုင္ခဲ့ပါဘူး။

စစ္တပ္ လက္ပါးေစ မီဒီယာေတြကေတာ့ NUG အစိုးရ အဖြဲ႕ရဲ႕ လက္နက္အားကိုး ၿခိမ္းေျခာက္မႈေၾကာင့္ ျပည္သူေတြရဲ႕ ဆႏၵ အမွန္နဲ႔ မဟုတ္ဘဲ Silent Strikeမွာ ပါဝင္ခဲ့ရပါတယ္လို႔ ေဖာ္ျပေနၾကတာ ေတြ႕ရပါတယ္။

အာဏာသိမ္းမႈေနာက္ပိုင္း ဒုတိယအႀကိမ္ ျပဳလုပ္ခဲ့တဲ့ ျပည္လုံးကြၽတ္ Silent Strikeရဲ႕ ေအာင္ျမင္မႈဟာ ႏိုင္ငံတကာ အာ႐ုံကိုလည္း ဖမ္းစားႏိုင္ခဲ့ပါတယ္။

ယခု အခါတြင္လည္း ရန္ကုန္မွာ စစ္ကားေတြနဲ႔ ပတ္ၿပီး လမ္းေဘး ေစ်းသည္ေတြ ဆိုင္မဖြင့္ႏိုင္ေအာင္ ဖိအား လိုက္ေပးေနသလို

တခ်ိဳ႕ၿမိဳ႕႐ြာေတြမွာ ကိုဗစ္ေရာဂါ တားဆီးေရး အေၾကာင္းျပခ်က္နဲ႔ ေစ်းေတြ ပိတ္ခိုင္းတာမ်ိဳး ႐ွိေနေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းေတြအတြင္း စစ္တပ္က ဆႏၵျပသူေတြကို ကားနဲ႔ ဝင္တိုက္တာ၊ အရပ္သား ျပည္သူေတြကို မီး႐ိႈ႕ သတ္ျဖတ္တာလိုမ်ိဳး ရက္စက္တဲ့ အျပဳအမူေတြက ျပည္သူေတြရဲ႕ နာက်ည္းစိတ္ကို မီးစာျမႇင့္ေပးခဲ့ၿပီး

Silent Strike ပိုမို ေအာင္ျမင္ဖို႔ တြန္းအား ျဖစ္ေစခဲ့တယ္လို႔ ႏိုင္ငံေရး ေလ့လာသူေတြက သုံးသပ္ထားၾကပါတယ္။

ခရက္ဒစ္ဗြီဒီယို

ခရက္ဒစ္ – မူရင္း

Unicode Version

ဒီသတင်းအရဆိုရင် အသံတိတ် သပိတ်ပြုလုပ်‌မယ့်နေ့ အထူးဂရုစိုက်ကြဖို့ လိုပါပြီ…

အောက်တွင်ရုပ်သံဖိုင်အား ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၀ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ အသံတိတ်သပိတ် (Silent Strike)အကြောင်းကို နိုင်ငံတကာ မီဒီယာတွေမှာ အလေးထား ဖော်ပြခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ သတ်မှတ်ကြေညာထားတဲ့ Silent Strikeကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးတွေ အပါအဝင် နိုင်ငံအနှံ့မှာ

ပြည်သူတွေက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်း ပါဝင်ခဲ့ကြပြီး စစ်တပ် ကြီးစိုးမှုအပေါ် ဘယ်လောက် နာကျည်း မုန်းတီးနေသလဲ ဆိုတာကို ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော် ပြသခဲ့ကြပါတယ်။

ဈေးတွေ၊ ဆိုင်ခန်းတွေ၊ ပုဂ္ဂလိက ရုံးတွေပါ အဲဒီနေ့မှာ ပိတ်ခဲ့ကြတာကို စစ်တပ်က အတင်း အဓမ္မ ပြန်ဖွင့်ဖို့ ခိုင်းစေတာမျိုး ရှိခဲ့ပေမယ့်

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်ခဲ့တဲ့ Silent Strikeရဲ့ ပုံရိပ်ကိုတော့ ဘယ်လိုမှ မဖျက်ဆီးနိုင်ခဲ့ပါဘူး။

စစ်တပ် လက်ပါးစေ မီဒီယာတွေကတော့ NUG အစိုးရ အဖွဲ့ရဲ့ လက်နက်အားကိုး ခြိမ်းခြောက်မှုကြောင့် ပြည်သူတွေရဲ့ ဆန္ဒ အမှန်နဲ့ မဟုတ်ဘဲ Silent Strikeမှာ ပါဝင်ခဲ့ရပါတယ်လို့ ဖော်ပြနေကြတာ တွေ့ရပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ဒုတိယအကြိမ် ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ် Silent Strikeရဲ့ အောင်မြင်မှုဟာ နိုင်ငံတကာ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့ပါတယ်။

ယခု အခါတွင်လည်း ရန်ကုန်မှာ စစ်ကားတွေနဲ့ ပတ်ပြီး လမ်းဘေး ဈေးသည်တွေ ဆိုင်မဖွင့်နိုင်အောင် ဖိအား လိုက်ပေးနေသလို

တချို့မြို့ရွာတွေမှာ ကိုဗစ်ရောဂါ တားဆီးရေး အကြောင်းပြချက်နဲ့ ဈေးတွေ ပိတ်ခိုင်းတာမျိုး ရှိနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်တပ်က ဆန္ဒပြသူတွေကို ကားနဲ့ ဝင်တိုက်တာ၊ အရပ်သား ပြည်သူတွေကို မီးရှို့ သတ်ဖြတ်တာလိုမျိုး ရက်စက်တဲ့ အပြုအမူတွေက ပြည်သူတွေရဲ့ နာကျည်းစိတ်ကို မီးစာမြှင့်ပေးခဲ့ပြီး

Silent Strike ပိုမို အောင်မြင်ဖို့ တွန်းအား ဖြစ်စေခဲ့တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ခရက်ဒစ်ဗွီဒီယို

ခရက်ဒစ် – မူရင်း