Cele News







သရုပ်ဆောင်လောကထဲ စတင်ဝင်ရောက်လာတဲ့ ပထမဆုံး ခြေလှမ်းကတော့ ကျမ အချစ်ဆုံး ယောကျာ်း သုံးယောက် ရုပ်ရှင်ကြီးမှာ ပြေတီဦး ရန်အောင် မင်းဦးအိန္ဒြာကျော်ဇင်တို့လို ဝါရင့်အနုပညာရှင်များ နဲ့ ပါဝင်ခွင့်ရခဲ့တယ်။







ထိုက်ထိုက်တန်တန် ယခု့လို အောင်မြင်လာသူမို့ ဆက်လက်အားပေးလျက်ပါ မောင်ဘုန်းလေးး



CREDIT

Unicode Version

(၂)မိနစ်နဲ့အပီး မောင်ဘုန်း သမိုင်းကြောင်း မြေလှန်လိုက်ရအောင်…

စေတလုံး ဇာတ်ရုပ်နဲ့ အောင်မြင်နေတဲ့ ဆျာလေး မောင်ဘုန်း သို့မဟုတ် သရုပ်ဆောင် မင်းဘုန်းမြတ် နောက်ကြောင်း ရာဇဝင်အနည်း ငယ်ကို စပ်စုလိုက်ရအောင်။

အသက်ဆယ့်ခြောက်နှစ်မှာ ဆယ်တန်းအောင်တယ် အောင်အောင်ပြီးချင်း ဆျာ ဂျွန်လွင့် မော်ဒယ် သင်တန်းကျောင်းမှာ စတက်နေပြီ။

အဲ့ချိန်ကတည်းက မော်ဒယ် Showပွဲ တွေ စလျောက် မဂ္ဂဇင်း တွေ တီဗီကြော်ငြာ အချို့မှာ သူ့ပုံတွေ ပါနေပြီ။

မော်ဒယ်ဘဝထဲ သုံးလေး နှစ်လောက် ကျင်လည်ခဲ့ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) သရုပ်ဆောင် သင်တန်းတက်နေစဉ်

သရုပ်ဆောင်လောကထဲ စတင်ဝင်ရောက်လာတဲ့ ပထမဆုံး ခြေလှမ်းကတော့ ကျမ အချစ်ဆုံး ယောက်ျား သုံးယောက် ရုပ်ရှင်ကြီးမှာ ပြေတီဦး ရန်အောင် မင်းဦးအိန္ဒြာကျော်ဇင်တို့လို ဝါရင့်အနုပညာရှင်များ နဲ့ ပါဝင်ခွင့်ရခဲ့တယ်။

2017 ခု့နှစ်မှာတော့ MRTV 4 ရဲ့ Talent တစ်ယောက်အနေ နဲ့ ရွေး ချယ် ခံရပြီး ဇာတ်လမ်းတွဲတွေ စတင် ရိုက်ကူး လာခဲ့တယ်။

ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်တဲ့ မနေ့ကဖြစ်သည် အတွဲ – ၂ မှာ ရှိုင်းဇာတ်ကောင်နဲ့ သရုပ်ဆောင်ခဲ့ပီး ပရိသတ် လက်ခံ အားပေးမှု ရရှိလာတယ်။

အဲ့နောက် 2020ခု့နှစ် ထုတ်လွှင့်ခဲ့တဲ့ MRTV – 4 ရဲ့ မာယာ လှည့်ကွက် ဇာတ်လမ်းတွဲ မှာ ထူးမြတ်ပိုင် အမည်နဲ့ ခေါင်းဆောင်မင်းသား နေရာက ပါဝင်ခဲ့ပြီး အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်ခု့ ဖြစ်ခဲ့တယ်။

ဒီမင်းသားတစ်ယောက် သရုပ်ဆောင်ပိုင်း ထူးချွန်ရုံမက အဆိုပိုင်း တွင်လည်း ပါရမီ ရှိသူတစ်ဦးပါ။ 2020 ခုနှစ်က ထွက် ခဲ့တဲ့ လေတံခွန် သီချင်းဟာလည်း ပရိသတ် တခဲနက်အားပေး ရရှိခဲ့တယ်။

YouTube မှာ ရေပန်းစား ကြည့်ရှု့သူ သုံးသန်းကျော် ရှိတဲ့ အလိုက်တသိ music video မှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်။

ငယ်ငယ် ရွယ်ရွယ်နဲ့ ရုပ်ရှင် ဇာတ်ကား အနည်းငယ်မှာသာ ပါဝင်သရုပ်ဆောင် ခွင့်ရပေမဲ့ ဒီလောက်ထိ နမည်ကြီးလာတာကတော့ သူ့ပါရမီ လုံ့လ ဝီရိယတို့ကြောင့်

ထိုက်ထိုက်တန်တန် ယခု့လို အောင်မြင်လာသူမို့ ဆက်လက်အားပေးလျက်ပါ မောင်ဘုန်းလေး

မည်သို့ပင်ဆိုစေ မောင်ဘုန်းဇာတ်ရုပ်နဲ့ မှမင်းဘုန်းမြတ်ဆိုတာ စသိလာတဲ့ ကျနော့်အဖို့ အထက်လမ်းကျင့်စဉ်တွေ စကျင့်ဖို့ ဆုံးဖြတ်ထားတယ်။

ကဝေမ ချောချောလေး တွေနဲ့ တွေ့မလားလို့ အလကားစတာ တကယ်တွေ့ရင် ပိုကောင်းတယ်။

CREDIT