News

ယေန႔ တာခ်ီလိတ္ တပ္ေထာက္ခံပြဲ၌ ဗုံးကြဲမူ ျဖစ္စဥ္…(ရုပ္သံ)

ယေန႔ တာခ်ီလိတ္ တပ္ေထာက္ခံပြဲ၌ ဗုံးကြဲမူ ျဖစ္စဥ္…(ရုပ္သံ)

တာခ်ီလိတ္ စစ္တပ္ေထာက္ခံပြဲ ဗုံးေပါက္ကြဲၿပီးေနာက္ စစ္တပ္က ပစ္ခတ္၍ တပ္ေထာက္ခံသူ ၂ ဦး ေသဆုံးၿပီး လူ ၃၀ ေက်ာ္ဒဏ္ရာရ

ရုပ္သံကိုေတာ႔ ေအာက္မွာေဖာ္ျပေပးထားပါတယ္။

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁

စစ္ေကာင္စီ လက္ေအာက္ခံမ်ား၏ လိုက္လံပစ္ခတ္မႈေၾကာင့္ ေထာက္ခံပြဲတြင္ ပါဝင္သူ (၂)ဦးေသဆုံးၿပီး ပစ္ခတ္ ဗုံးကြဲျခင္းေၾကာင့္ စစ္မႉထမ္းေဟာင္းမ်ား အပါအဝင္ (၃၅)ဦးေက်ာ္ ထိခိုက္ဒဏ္ရာရ႐ွိသြားေၾကာင္း သိရပါတယ္။

႐ွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ယေန႔ မြန္းတည့္ ၁၂ နာရီ အခ်ိန္ စစ္တပ္ေထာက္ခံပြဲ လုပ္ေနစဥ္ ဗုံးေပါက္ကြဲၿပီးေနာက္ စစ္တပ္က ရမ္းကားပစ္ခတ္သျဖင့္ တပ္ေထာက္ခံသူ ၂ ဦး ေသဆုံး‌ၿပီး

လူ ၃၀ ေက်ာ္ဒဏ္ရာရ႐ွိေၾကာင္း ၿမိဳ႕ခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

“က်ည္ထိၿပီး ဆုံးတာက လူအုပ္ထဲက သူတို႔လူေတြ ေသတာ ။ ၃၀ ေက်ာ္ဒဏ္ရာရတာက လမ္းသြားလမ္းလာေတြေရာ စစ္တပ္ေထာက္ခံပြဲက လူေတြေရာ ျဖစ္တာ။

ပစ္တာက အရပ္ဝတ္ေတြနဲ႔ လုံျခဳံေရးယူေနတဲ့ စစ္တပ္က ပစ္တာ။ အခုေတာ့ တစ္ၿမိဳ႕လုံး အျပင္မထြက္ရဲၾကဘူး” ဟုေဒသခံတစ္ဦးက ေျပာသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေန႔လည္ ၁၂ နာရီေက်ာ္အခ်ိန္က အၾကမ္းဖက္စစ္တပ္ႏွင့္ စစ္ေကာင္စီ ေထာက္ခံပြဲအတြင္း ဗုံးကြဲမႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ ႏွင့္ရဲတို႔က ရမ္းသမ္းပစ္ခတ္မႈမ်ား ျပဳလုပ္ျခင္းေၾကာင့္

ျပည္သူ ထိခိုက္/ေသဆုံးမႈမ်ား႐ွိေၾကာင္း၊ အျပင္ထြက္လာသည့္ လူငယ္မွန္သမွန္ကို ႐ိုက္ႏွက္ဖမ္းဆီးမႈမ်ား ျပဳလုပ္ေနေၾကာင္း၊ စစ္တပ္၏ ရမ္းကားပစ္ခတ္မႈေၾကာင့္ ထိခိုက္/ေသဆုံးသူမ်ားကို

လူနာတင္ယာဥ္ျဖင့္ သယ္ေဆာင္သြားေၾကာင္း၊ ထိခိုက္ ေသဆုံးမႈ အေရအတြက္ မသိရေသးေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာဆိုၾကသည္။

ရုပ္သံၾကည္႔ရန္

Photo – CJ

သတင္း – Khit Thit Media

Unicode Version

ယနေ့ တာချီလိတ် တပ်ထောက်ခံပွဲ၌ ဗုံးကွဲမူ ဖြစ်စဉ်…(ရုပ်သံ)

တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ပစ်ခတ်၍ တပ်ထောက်ခံသူ ၂ ဦး သေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရ

ရုပ်သံကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စစ်ကောင်စီ လက်အောက်ခံများ၏ လိုက်လံပစ်ခတ်မှုကြောင့် ထောက်ခံပွဲတွင် ပါဝင်သူ (၂)ဦးသေဆုံးပြီး ပစ်ခတ် ဗုံးကွဲခြင်းကြောင့် စစ်မှူထမ်းဟောင်းများ အပါအဝင် (၃၅)ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်ယနေ့ မွန်းတည့် ၁၂ နာရီ အချိန် စစ်တပ်ထောက်ခံပွဲ လုပ်နေစဉ် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ရမ်းကားပစ်ခတ်သဖြင့် တပ်ထောက်ခံသူ ၂ ဦး သေဆုံး‌ပြီး

လူ ၃၀ ကျော်ဒဏ်ရာရရှိကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျည်ထိပြီး ဆုံးတာက လူအုပ်ထဲက သူတို့လူတွေ သေတာ ။ ၃၀ ကျော်ဒဏ်ရာရတာက လမ်းသွားလမ်းလာတွေရော စစ်တပ်ထောက်ခံပွဲက လူတွေရော ဖြစ်တာ။

ပစ်တာက အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူနေတဲ့ စစ်တပ်က ပစ်တာ။ အခုတော့ တစ်မြို့လုံး အပြင်မထွက်ရဲကြဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်က အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် နှင့်ရဲတို့က ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့်

ပြည်သူ ထိခိုက်/သေဆုံးမှုများရှိကြောင်း၊ အပြင်ထွက်လာသည့် လူငယ်မှန်သမှန်ကို ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်/သေဆုံးသူများကို

လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း၊ ထိခိုက် သေဆုံးမှု အရေအတွက် မသိရသေးကြောင်း မြို့ခံများက ပြောဆိုကြသည်။

ရုပ်သံကြည့်ရန်

Photo – CJ

သတင်း – Khit Thit Media