News

ကေလးေမြးရန္ရက္ပိုင္းသာလိုေတာ့သည့္ ကိုယ္ဝန္ေဆာင္သည္ မခ်စ္ခ်စ္ထြန္းကို…

ကေလးေမြးရန္ရက္ပိုင္းသာလိုေတာ့သည့္ ကိုယ္ဝန္ေဆာင္သည္ မခ်စ္ခ်စ္ထြန္းကို…

ပဲခူး နန္းေတာ္ရာရပ္ကြက္တြင္ အၾကမ္းဖက္ စကစက ကေလးေမြးရန္ ရက္ပိုင္းသာလိုေတာ့သည့္ ကိုယ္ဝန္ေဆာင္သည္ မခ်စ္ခ်စ္ထြန္းကို ပစ္သတ္ခဲ႔…

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁

ပဲခူးတိုင္း နန္းေတာ္ရာရပ္ကြက္ အင္းဝင္ ၁၀ လမ္းထိပ္တြင္ ကေလးေမြးရန္ ရက္ပိုင္းသာလိုေတာ့သည့္ ကိုယ္ဝန္ေဆာင္သည္ အသက္ ၂၃ႏွစ္အ႐ြယ္ မခ်စ္ခ်စ္ထြန္းကို ဇန္နဝါရီလ ၃၁ ရက္ေန႔ ည ၉နာရီ ၃ဝမိနစ္ခန္႔တြင္

အၾကမ္းဖက္ စစ္တပ္က ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံျပည္သူမ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

စစ္တပ္ ပစ္သတ္ခဲ့သည့္ ကိုယ္ဝန္ေဆာင္သည္ မခ်စ္ခ်စ္ထြန္းသည္ အင္းဝင္ ၁၀ လမ္းထိပ္တြင္ ပင္လယ္စာႏွင့္ အကင္ဆိုင္ ဖြင့္လွစ္ထားသူျဖစ္ၿပီး အဆိုပါ ဆိုင္ေ႐ွ႕၌ပင္ ပစ္သတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

” အင္းဝင္ ၁၀လမ္းထိပ္မွာ ကိုယ္ဝန္ေဆင္သည္ တစ္ဦး ပစ္သတ္ခံရတယ္။ သူပစ္ခံရတဲ့ ေနရာနဲ႔ တစ္လမ္းေက်ာ္သာ ကြာတဲ့ ေ႐ႊဘုန္းျမင့္ ဘုန္းႀကီးေက်ာင္းမွာ စစ္တပ္က တပ္စြဲထားတယ္။

အဲလို ပစ္ခတ္သံ ၾကားတာေတာင္ စစ္တပ္က လာၿပီး စစ္ေဆးတာေတြ မလုပ္ဘူး။ အဲဒီ ေ႐ႊဘုန္းႀကီးေက်ာင္းမွာ တပ္စြဲထားတဲ့ စစ္တပ္က အေၾကာင္းမဲ့ ခဏခဏ ပစ္ခတ္ေလ့႐ွိတယ္။

ဗုံးေပါက္သံၾကားရင္ အနီးပတ္ဝန္းက်င္ကို ပစ္ခတ္ပါတယ္။ ေသဆုံးသူ အမ်ိဳးသမီးက ေကာင္းေရာင္းေကာင္းဝယ္ လုပ္စားသူပါ။ ႏိုင္ငံေရးေတြ ဘာေတြလည္း ပတ္သက္တာေတြလည္းမ႐ွိဘူး။

ေဒသ ေပ်ာက္က်ားေတြ ပစ္ခတ္ရင္လည္း ခ်က္ျခင္းမိမဲ့ ေနရာႀကီး စစ္တပ္႐ွိေနတာကို ေက်ာ္ၿပီး လာဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး” ဟု ေဒသခံျပည္သူ တစ္ဦးကေျပာဆိုသည္။

အဆိုပါ ကိုယ္ဝန္ေဆာင္သည္ မခ်စ္ခ်စ္ထြန္း ပစ္ခတ္ခံရေသာ အခ်ိန္သည္ အမ်ားျပည္သူ လမ္းသြားလမ္းလာ မ႐ွိေတာ့သည့္ ညမထြက္ရ ထုတ္ျပန္ထားသည့္ အခ်ိန္ နီးကပ္ေနခ်ိန္ျဖစ္ၿပီး

ဘယ္ဘက္ရင္အုံကို ေသနတ္က်ည္ ထိမွန္ကာ ေဆး႐ုံ၌ေသဆုံးခဲ့ေၾကာင္း သိရသည္။

ခရက္တစ္

Unicode Version

ကလေးမွေးရန်ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်းကို…

ပဲခူး နန်းတော်ရာရပ်ကွက်တွင် အကြမ်းဖက် စကစက ကလေးမွေးရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်းကို ပစ်သတ်ခဲ့…

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပဲခူးတိုင်း နန်းတော်ရာရပ်ကွက် အင်းဝင် ၁၀ လမ်းထိပ်တွင် ကလေးမွေးရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်သည် အသက် ၂၃နှစ်အရွယ် မချစ်ချစ်ထွန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉နာရီ ၃ဝမိနစ်ခန့်တွင်

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ် ပစ်သတ်ခဲ့သည့် ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်းသည် အင်းဝင် ၁၀ လမ်းထိပ်တွင် ပင်လယ်စာနှင့် အကင်ဆိုင် ဖွင့်လှစ်ထားသူဖြစ်ပြီး အဆိုပါ ဆိုင်ရှေ့၌ပင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

” အင်းဝင် ၁၀လမ်းထိပ်မှာ ကိုယ်ဝန်ဆေင်သည် တစ်ဦး ပစ်သတ်ခံရတယ်။ သူပစ်ခံရတဲ့ နေရာနဲ့ တစ်လမ်းကျော်သာ ကွာတဲ့ ရွှေဘုန်းမြင့် ဘုန်းကြီးကျောင်းမှာ စစ်တပ်က တပ်စွဲထားတယ်။

အဲလို ပစ်ခတ်သံ ကြားတာတောင် စစ်တပ်က လာပြီး စစ်ဆေးတာတွေ မလုပ်ဘူး။ အဲဒီ ရွှေဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က အကြောင်းမဲ့ ခဏခဏ ပစ်ခတ်လေ့ရှိတယ်။

ဗုံးပေါက်သံကြားရင် အနီးပတ်ဝန်းကျင်ကို ပစ်ခတ်ပါတယ်။ သေဆုံးသူ အမျိုးသမီးက ကောင်းရောင်းကောင်းဝယ် လုပ်စားသူပါ။ နိုင်ငံရေးတွေ ဘာတွေလည်း ပတ်သက်တာတွေလည်းမရှိဘူး။

ဒေသ ပျောက်ကျားတွေ ပစ်ခတ်ရင်လည်း ချက်ခြင်းမိမဲ့ နေရာကြီး စစ်တပ်ရှိနေတာကို ကျော်ပြီး လာဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်း ပစ်ခတ်ခံရသော အချိန်သည် အများပြည်သူ လမ်းသွားလမ်းလာ မရှိတော့သည့် ညမထွက်ရ ထုတ်ပြန်ထားသည့် အချိန် နီးကပ်နေချိန်ဖြစ်ပြီး

ဘယ်ဘက်ရင်အုံကို သေနတ်ကျည် ထိမှန်ကာ ဆေးရုံ၌သေဆုံးခဲ့ကြောင်း သိရသည်။

ခရက်တစ်