News

ေ႐ႊဘို ေညာင္ကိုင္း႐ြာရိွ စစ္အုပ္စုကို ဒ႐ုန္းသုံး၍ ဗုံးျဖင္႔ တိုက္ခိုက္ရာ ႏွစ္ဦးေသဆံုး…(ရုပ္သံ)

ေ႐ႊဘို ေညာင္ကိုင္း႐ြာရိွ စစ္အုပ္စုကို ဒ႐ုန္းသုံး၍ ဗုံးျဖင္႔ တိုက္ခိုက္ရာ ႏွစ္ဦးေသဆံုး…(ရုပ္သံ)

စစ္ကိုင္းတိုင္း ေ႐ႊဘိုၿမိဳ႕နယ္အတြင္း လူသတ္၊ ပစၥည္းလုကာ ထင္တိုင္းက်ဲ ေမႊေႏွာက္ေသာင္းက်န္းေနေသာ အၾကမ္းဖက္သမားမ်ား ေညာင္ကိုင္းေက်း႐ြာသို႔ ေရာက္ရွိေနခ်ိန္

ဒ႐ုန္းအသုံးျပဳ၍ ဗုံးပစ္တိုက္ခိုက္ခဲ့ရာ ႏွစ္ဦးေသေၾကာင္း The Guys Of Burma Revolution Force – GBRF က ထုတ္ျပန္သည္။

ယေန႔ ေဖေဖာ္ဝါရီ(၁)ရက္ မြန္းလြဲ(၁)နာရီက ေ႐ႊဘိုၿမိဳ႕နယ္ ေညာင္ကိုင္းေက်း႐ြာသို႔ ေရာက္ရွိေနေသာ စစ္အုပ္စုကို ဒ႐ုန္းအသုံးျပဳကာ ဗုံးထုတိုက္ခိုက္ခဲ့ေၾကာင္း၊

အဆိုပါ အုပ္စုသည္ ေ႐ႊဘိုၿမိဳ႕နယ္ ႐ြာစိုး ၊ ေပါက္ခ်ိဳင္ ၊ ဆင္အင္း ၊ ႐ုန္းေတာ အစရွိသည့္ ႐ြာမ်ားသို႔ လက္နက္ျပ၍

အၾကမ္းဖက္ စီးနင္းဝင္ေရာက္ကာ လူသတ္၊ ပစၥည္းလု၊ ေနအိမ္မီးရႈိ႕ဖ်က္ဆီးစသည့္ အၾကမ္းဖက္ လုပ္ရပ္မ်ား က်ဴးလြန္ကာ ထင္တိုင္းက်ဲ ေသာင္း က်န္းေနသူမ်ားျဖစ္ေၾကာင္း GBRF က ဆိုသည္။

“ေဖေဖာ္ဝါရီ(၁)ရက္ေန႔တြင္ ႏိုင္ငံတဝွမ္းမွ ျပည္သူမ်ား၏ တိတ္ဆိတ္ျခင္း သပိတ္ ေအာင္ျမင္ျခင္းကို ဂုဏ္ျပဳသည့္ အေနျဖင့္ ကြၽႏ္ုပ္တို႔အဖြဲ႕မွလည္း မိမိတို႔၏ တိုက္ခိုက္ေရး တာဝန္ကို ေက်ပြန္ေစခဲ့ပါသည္” ဟု ယင္းအဖြဲ႕့ေဖာ္ျပသည္။

ထိုသို႔ ဒ႐ုန္းအသုံးျပဳ၍ ဗုံးထုတိုက္ခိုက္ရာ အၾကမ္းဖက္သမား ႏွစ္ဦး ေသၿပီး တစ္ဦး အျပင္းအထန္ ဒဏ္ရာ ရရွိသြားေၾကာင္း၊

တိုက္ခိုက္ခံလိုက္ရ၍ ေသြးပ်က္သြားေသာ စစ္အုပ္စုသည္ လက္နက္ႀကီးႏွစ္ခ်က္အပါအဝင္ လက္နက္ငယ္မ်ားျဖင့္ ရမ္းကာပစ္ခတ္ေသာ္လည္း မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕မ်ား အႏၲရာယ္ကင္းစြာ ျပန္လည္ ဆုတ္ခြာႏိုင္ခဲ့သည္ဟုဆိုသည္။

အဆိုပါ တိုက္ခိုက္မႈကို The Guys of Burma Revolution Force ၊ Snake Eye- PDF (Shwebo) ႏွင့္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားမွ ဦးေဆာင္၍ သေျပညိဳ ေျပာက္က်ားတပ္ဖြဲ႕၊

Ayadaw Bone Naing-PDF(A.B.N.PDF)၊ Knights Of The Red Land (KORL)ေပ်ာက္ၾကားတပ္ဖြဲ႕၊ Ayardaw Falcon Force(AF2)၊ ပတၱျမားညီေနာင္ ေပ်ာက္ၾကားတပ္ဖြဲ႕ M.R.T.Fတပ္ဖြဲ႕၊

The Guys Of Burma Revolution Force(GBRF)၊ တမန္ေတာ္ ေျပာက္က်ားတပ္ဖြဲ႕(APOSTLE) ၊ Burmese Farmers Defence Force ညီေနာင္ (၁၁) ဖြဲ႕ ပူးေပါင္း ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

MFP ၊ February – 1

Unicode Version ျဖင္႔ဖတ္ရန္

ရွှေဘို ညောင်ကိုင်းရွာရှိ စစ်အုပ်စုကို ဒရုန်းသုံး၍ ဗုံးဖြင့် တိုက်ခိုက်ရာ နှစ်ဦးသေဆုံး…(ရုပ်သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း လူသတ်၊ ပစ္စည်းလုကာ ထင်တိုင်းကျဲ မွှေနှောက်သောင်းကျန်းနေသော အကြမ်းဖက်သမားများ ညောင်ကိုင်းကျေးရွာသို့ ရောက်ရှိနေချိန်

ဒရုန်းအသုံးပြု၍ ဗုံးပစ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေကြောင်း The Guys Of Burma Revolution Force – GBRF က ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီ(၁)ရက် မွန်းလွဲ(၁)နာရီက ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာသို့ ရောက်ရှိနေသော စစ်အုပ်စုကို ဒရုန်းအသုံးပြုကာ ဗုံးထုတိုက်ခိုက်ခဲ့ကြောင်း၊

အဆိုပါ အုပ်စုသည် ရွှေဘိုမြို့နယ် ရွာစိုး ၊ ပေါက်ချိုင် ၊ ဆင်အင်း ၊ ရုန်းတော အစရှိသည့် ရွာများသို့ လက်နက်ပြ၍

အကြမ်းဖက် စီးနင်းဝင်ရောက်ကာ လူသတ်၊ ပစ္စည်းလု၊ နေအိမ်မီးရှို့ဖျက်ဆီးစသည့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ကာ ထင်တိုင်းကျဲ သောင်း ကျန်းနေသူများဖြစ်ကြောင်း GBRF က ဆိုသည်။

“ဖေဖော်ဝါရီ(၁)ရက်နေ့တွင် နိုင်ငံတဝှမ်းမှ ပြည်သူများ၏ တိတ်ဆိတ်ခြင်း သပိတ် အောင်မြင်ခြင်းကို ဂုဏ်ပြုသည့် အနေဖြင့် ကျွန်ုပ်တို့အဖွဲ့မှလည်း မိမိတို့၏ တိုက်ခိုက်ရေး တာဝန်ကို ကျေပွန်စေခဲ့ပါသည်” ဟု ယင်းအဖွဲ့့ဖော်ပြသည်။

ထိုသို့ ဒရုန်းအသုံးပြု၍ ဗုံးထုတိုက်ခိုက်ရာ အကြမ်းဖက်သမား နှစ်ဦး သေပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိသွားကြောင်း၊

တိုက်ခိုက်ခံလိုက်ရ၍ သွေးပျက်သွားသော စစ်အုပ်စုသည် လက်နက်ကြီးနှစ်ချက်အပါအဝင် လက်နက်ငယ်များဖြင့် ရမ်းကာပစ်ခတ်သော်လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို The Guys of Burma Revolution Force ၊ Snake Eye- PDF (Shwebo) နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဦးဆောင်၍ သပြေညို ပြောက်ကျားတပ်ဖွဲ့၊

Ayadaw Bone Naing-PDF(A.B.N.PDF)၊ Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ M.R.T.Fတပ်ဖွဲ့၊

The Guys Of Burma Revolution Force(GBRF)၊ တမန်တော် ပြောက်ကျားတပ်ဖွဲ့(APOSTLE) ၊ Burmese Farmers Defence Force ညီနောင် (၁၁) ဖွဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

MFP ၊ February – 1