Astrology






















ရုပ်သံအားကြည့်ရန်

Source: Internet

ခုနှရက်သားသမီးများအတွက် ဖေဖေါ်ဝါရီလ တစ်လစာ ဗေဒင်ဟောစာတမ်း…

အောက်တွင် ရုပ်သံဖိုင်အား ဖော်ပြထားပါသည်။

ဈေးသုံးလည်းမလွယ်နဲ့၊ ရှေးထုံးလည်းမပယ်နဲ့ ဆိုတဲ့ ဆိုရိုးစကားအတိုင်း မင်္ဂလာပြုသင့်တဲ့ ရက်မြတ်တွေကို ဝေမျှ ဖော်ပြပေးလိုက်ပါတယ်

မြန်မာတို့ရဲ့ ထုံတမ်းအစဉ်အလာမှာ တစ်ဦးနဲ့တစ်ဦး လက်ထပ်ထိမ်းမြားတော့မယ်ဆိုရင် ဗေဒင်တွေမေးပြီးပြက္ခဒိန်တွေ ကြည့်ကာ နေ့ကောင်းရက်သာတွေ ရွေးချယ်ပြီးမှ ထိမ်းမြားလက်ထပ်လေ့ရှိပါတယ်။

ဒီလို ထုံးတမ်းစဉ်လာက ရှေးအရင်အချိန်တည်းက လူကြီးမိဘတွေ ပြုလုပ်လာကြတဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာတော့ အယူအဆတွေ သိပ်မရှိတော့ဘူးဆိုပေမယ့် ဈေးသုံးလည်းမလွယ်နဲ့၊ ရှေးထုံးလည်းမပယ်နဲ့ ဆိုတဲ့ ဆိုရိုးစကားအတိုင်း လက်ထပ်တော့မယ့် ဇနီးမောင်နှံများအတွက်

ရှေးအရင်တည်းက တွက်ချက်ထားတဲ့ အိမ်ထောင်ဖက်၊ ရန်ဖက်များနဲ့အတူ မင်္ဂလာပြုသင့်တဲ့ ရက်မြတ်တွေကို ဝေမျှ ဖော်ပြပေးလိုက်ပါတယ်။

အိမ်ထောင်ဖက် – ဦး၊ သာ၊ စိန်၊ ပန်း၊ ဒန်း၊ လှ၊ ကို၊ ရှာ

ဦး-သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက် စိန်-ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်

ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက် ကို-ရှာ တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်

အိမ်ထောင်ပြုရန်မသင့်တဲ့ ရန်ဖက် – ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ

ဓ မ္မာ – စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့် သော က – သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်

အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့် ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်

မိတ်ဖက် – အောင်၊ ပ၊ ကုလား၊ ဆွေသား၊ နောင်ရင်း

အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည် ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်

ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည် နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်

ကမ္ဘာ့ရန် – ဦးညို၊ ခေမာ၊ သုတ၊ ဝေရီ

ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ခေ-မာ တနင်္လာနှင့် ကြာသပတေး

သု-တ သောကြာနှင့် စနေ ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု

Credit- Original Writer

ရုပ်သံအားကြည့်ရန်