News

စစ္ေကာင္စီက ႏိုင္ငံတကာကန႔္သတ္လက္နက္ျဖစ္တဲ့ မီးစုန္းလက္နက္ႀကီး အသုံးျပဳ…

စစ္ေကာင္စီက ႏိုင္ငံတကာကန႔္သတ္လက္နက္ျဖစ္တဲ့ မီးစုန္းလက္နက္ႀကီး အသုံးျပဳ…

စစ္ေကာင္စီဟာ ႏိုင္ငံတကာ ကန႔္သတ္ထားတဲ႔ လက္နက္ျဖစ္တဲ့ မီးစုန္းလက္နက္ႀကီးကို အသုံးျပဳေနေၾကာင္း သိရပါတယ္။

ကႏၲာရဝတီတိုင္း(မ္)

ကရင္နီျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕ ေဒါငံခါးရပ္ကြက္ထဲမွာ ႏိုင္ငံတကာ ကန႔္သတ္လက္နက္ျဖစ္တဲ့ မီးစုန္းလက္နက္ႀကီး ၃လုံးထက္မနည္းကို ေတြ႕ရွိရတယ္လို႔

ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ ဒီးေမာ့ဆို႔ DMO-PDF က ထုတ္ျပန္ထားပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ တူးေဖာ္ေတြ႕ရွိခဲ့တာျဖစ္ၿပီး စစ္ေကာင္စီ အသုံးျပဳေနက် သာမာန္လက္နက္ႀကီး ၆၀မမ၊ ၁၂၀မမမ်ား မဟုတ္ဘဲ

မီးစုန္းလက္နက္ႀကီးလို႔ ထင္ရေလာက္ေသာ လက္နက္ႀကီးေတြကို တူးေဖာ္ေတြ႕ရွိခဲ့တယ္လို႔ဆိုပါတယ္။

မီးစုန္းလက္နက္ႀကီးကို တူးေဖာ္ခ်ိန္မွာ ေလာင္ကြၽမ္း ေနေသးတဲ့အတြက္ ထြက္ရွိလာတဲ့ အေငြ႕ကို ရႈမိတဲ့ ရဲေဘာ္အခ်ိဳ႕ဟာ

ေခ်ာင္းဆိုးယားယံမႈတို႔ ျဖစ္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီအေနနဲ႔ ကရင္နီျပည္နယ္ကို ႏိုင္ငံတကာကန႔္သတ္ထားတဲ့ လက္ကန္ေတြ အသုံးျပဳမႈမ်ားလာတယ္လို႔ DMO-PDF က ထုတ္ျပန္ထားပါတယ္။

ကႏၲာရဝတီတိုင္း(မ္) အေနနဲ႔ မီးစုန္းလက္နက္ႀကီး ဟုတ္မဟုတ္ကို သီးျခား အတည္ျပဳႏိုင္ျခင္းမရွိေသးပါဘူး။

ဓာတ္ပုံ – DMO – PDF

ကႏၲာရဝတီတိုင္း(မ္)

Unicode Version

စစ်ကောင်စီက နိုင်ငံတကာကန့်သတ်လက်နက်ဖြစ်တဲ့ မီးစုန်းလက်နက်ကြီး အသုံးပြု…

စစ်ကောင်စီဟာ နိုင်ငံတကာ ကန့်သတ်ထားတဲ့ လက်နက်ဖြစ်တဲ့ မီးစုန်းလက်နက်ကြီးကို အသုံးပြုနေကြောင်း သိရပါတယ်။

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်ထဲမှာ နိုင်ငံတကာ ကန့်သတ်လက်နက်ဖြစ်တဲ့ မီးစုန်းလက်နက်ကြီး ၃လုံးထက်မနည်းကို တွေ့ရှိရတယ်လို့

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို့ DMO-PDF က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီ အသုံးပြုနေကျ သာမာန်လက်နက်ကြီး ၆၀မမ၊ ၁၂၀မမများ မဟုတ်ဘဲ

မီးစုန်းလက်နက်ကြီးလို့ ထင်ရလောက်သော လက်နက်ကြီးတွေကို တူးဖော်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

မီးစုန်းလက်နက်ကြီးကို တူးဖော်ချိန်မှာ လောင်ကျွမ်း နေသေးတဲ့အတွက် ထွက်ရှိလာတဲ့ အငွေ့ကို ရှုမိတဲ့ ရဲဘော်အချို့ဟာ

ချောင်းဆိုးယားယံမှုတို့ ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ ကရင်နီပြည်နယ်ကို နိုင်ငံတကာကန့်သတ်ထားတဲ့ လက်ကန်တွေ အသုံးပြုမှုများလာတယ်လို့ DMO-PDF က ထုတ်ပြန်ထားပါတယ်။

ကန္တာရဝတီတိုင်း(မ်) အနေနဲ့ မီးစုန်းလက်နက်ကြီး ဟုတ်မဟုတ်ကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ – DMO – PDF

ကန္တာရဝတီတိုင်း(မ်)