Cele News

တိုင္းတစ္ပါးမွာ ပညာသင္ရင္းစားပြဲထိုး လုပ္ကိုင္ေနတဲ့ သ႐ုပ္ေဆာင္ ေနျခည္႐ႊန္းလက္…

တိုင္းတစ္ပါးမွာ ပညာသင္ရင္းစားပြဲထိုး လုပ္ကိုင္ေနတဲ့ သ႐ုပ္ေဆာင္ ေနျခည္႐ႊန္းလက္…

ဆံႏြယ္နက္နက္ ႐ွည္႐ွည္ေလးေတြနဲ႔ ျမန္မာ ဆန္ဆန္ ခ်စ္စရာေကာင္းတဲ့ မင္းသမီး ေခ်ာေလး ေနျခည္႐ႊန္းလက္ကေတာ့

“ပုဂံၿမိဳ႕သူ” ဇာတ္လမ္းတြဲ မွာကတည္းက ပရိသတ္ေတြရဲ႕ စိတ္ဝင္ စားျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

ေနျခည္႐ႊန္းလက္ က “မ်က္လုံးမွာအလြမ္း ႏႈတ္ခမ္းမွာ မာန” ဇာတ္လမ္းတြဲမွာေတာ့ ႏွင္းေႏြဆိုတဲ့ ေခါင္းေဆာင္ မင္းသမီးကာ႐ိုက္တာကို သ႐ုပ္ေဆာင္ခဲ့ၿပီး

မထင္ထား ေလာက္ေအာင္ကို အႏုပညာ အရည္အခ်င္းျပည့္ဝတာမို႔ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရ႐ွိခဲ့တာပဲ ျဖစ္ပါတယ္။

ကိုယ္တိုင္လည္း အႏုပညာကို ဝါသနာပါ႐ူးသြပ္တဲ့ ေနျခည္႐ႊန္းလက္က ၿပီးခဲ့တဲ့ ႏွစ္ကတည္းက အႏုပညာအလုပ္ေတြကို ရပ္နားထားတာျဖစ္ၿပီး

အေရးေတာ္ပုံမေအာင္မခ်င္းေတာ့ ဇာတ္ကားေတြျပန္႐ိုက္ကူးဖို႔ မျဖစ္ႏိုင္ေသးဘူးဆိုတဲ့အေၾကာင္းကို ေျပာလာပါတယ္။

ေနျခည္႐ႊန္းလက္က “ဟယ္လို မေတြ႕တာေတာ္ေတာ္ၾကာၿပီေနာ္။ ေနျခည့္ကိုလြမ္းေနတဲ့ ပရိသတ္ေတြက ေနျခည့္ရဲ႕ဇာတ္လမ္းတြဲေတြ ဘယ္ေတာ့ၾကည့္ရမွာလဲလာလာေမးၾကတယ္။

လြမ္းေနတဲ့ပရိတ္သတ္ေတြအတြက္ကေတာ့ စိတ္မေကာင္းစြာနဲ႔ေလာေလာဆယ္ တစ္ကားမွမ႐ွိဘူးလို႔ပဲေျပာပါရေစ။

ေနျခည္လည္းေတာ္ေတာ္ဝမ္းနည္းပါတယ္။ ေသေလာက္ေအာင္႐ိုက္ခ်င္ေနပင္မယ့္ အေရးေတာ္ပုံမေအာင္မခ်င္းေတာ့႐ွိလာမွာ မဟုတ္ပါဘူး။

ပုံကေတာ့စားပြဲထိုးေနတဲ့ေကာင္မေလးပုံပါ”ဆိုၿပီး ေျပာလာပါတယ္။

အႏုပညာကိုဝါသနာပါလြန္းတဲ့ ေနျခည္႐ႊန္းလက္ဟာ စစ္အာဏာ႐ွင္စနစ္ဆိုးေအာက္မွာ မေနႏိုင္လို႔ တိုင္းတစ္ပါးမွာ ပညာ႐ွာရင္း ဝမ္းစာပါ႐ွာေဖြေနတာပဲျဖစ္ပါတယ္။

ေနျခည္႐ႊန္းလက္တစ္ေယာက္ အစစအရာရာအဆင္ေျပေစဖို႔ ပရိသတ္ႀကီးက ဆုေတာင္းေပးၾကပါဦးေနာ္။

Credit to Original

Unicode Version

တိုင်းတစ်ပါးမှာ ပညာသင်ရင်းစားပွဲထိုး လုပ်ကိုင်နေတဲ့ သရုပ်ဆောင် နေခြည်ရွှန်းလက်…

ဆံနွယ်နက်နက် ရှည်ရှည်လေးတွေနဲ့ မြန်မာ ဆန်ဆန် ချစ်စရာကောင်းတဲ့ မင်းသမီး ချောလေး နေခြည်ရွှန်းလက်ကတော့

“ပုဂံမြို့သူ” ဇာတ်လမ်းတွဲ မှာကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင် စားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက် က “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန” ဇာတ်လမ်းတွဲမှာတော့ နှင်းနွေဆိုတဲ့ ခေါင်းဆောင် မင်းသမီးကာရိုက်တာကို သရုပ်ဆောင်ခဲ့ပြီး

မထင်ထား လောက်အောင်ကို အနုပညာ အရည်အချင်းပြည့်ဝတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်း အနုပညာကို ဝါသနာပါရူးသွပ်တဲ့ နေခြည်ရွှန်းလက်က ပြီးခဲ့တဲ့ နှစ်ကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားတာဖြစ်ပြီး

အရေးတော်ပုံမအောင်မချင်းတော့ ဇာတ်ကားတွေပြန်ရိုက်ကူးဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့အကြောင်းကို ပြောလာပါတယ်။

နေခြည်ရွှန်းလက်က “ဟယ်လို မတွေ့တာတော်တော်ကြာပြီနော်။ နေခြည့်ကိုလွမ်းနေတဲ့ ပရိသတ်တွေက နေခြည့်ရဲ့ဇာတ်လမ်းတွဲတွေ ဘယ်တော့ကြည့်ရမှာလဲလာလာမေးကြတယ်။

လွမ်းနေတဲ့ပရိတ်သတ်တွေအတွက်ကတော့ စိတ်မကောင်းစွာနဲ့လောလောဆယ် တစ်ကားမှမရှိဘူးလို့ပဲပြောပါရစေ။

နေခြည်လည်းတော်တော်ဝမ်းနည်းပါတယ်။ သေလောက်အောင်ရိုက်ချင်နေပင်မယ့် အရေးတော်ပုံမအောင်မချင်းတော့ရှိလာမှာ မဟုတ်ပါဘူး။

ပုံကတော့စားပွဲထိုးနေတဲ့ကောင်မလေးပုံပါ”ဆိုပြီး ပြောလာပါတယ်။

အနုပညာကိုဝါသနာပါလွန်းတဲ့ နေခြည်ရွှန်းလက်ဟာ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ မနေနိုင်လို့ တိုင်းတစ်ပါးမှာ ပညာရှာရင်း ဝမ်းစာပါရှာဖွေနေတာပဲဖြစ်ပါတယ်။

နေခြည်ရွှန်းလက်တစ်ယောက် အစစအရာရာအဆင်ပြေစေဖို့ ပရိသတ်ကြီးက ဆုတောင်းပေးကြပါဦးနော်။

Credit to Original