News

ဂ်ဴံးဂ်ဴံးက်တို႔ရဲ႕ ဖုံးမရ ဖိမရ သတင္း….

ဂ်ဴံးဂ်ဴံးက်တို႔ရဲ႕ ဖုံးမရ ဖိမရ သတင္း….

စစ္ေကာင္စီတပ္က စစ္လက္႐ုံးတပ္ဖြဲ႕ဝင္မ်ားကို စစ္ဆင္ေရးႏွင့္ လုံၿခဳံေရးေစလႊတ္ရာတြင္ ေျခလ်င္တိုက္ခိုက္ေရးဘက္တံဆိပ္မ်ား ေျပာင္းလဲတပ္ဆင္ရန္ ၫႊန္ၾကားထား

ေဖေဖာ္ဝါရီ ၃ ရက္

စစ္ေကာင္စီတပ္က ၄င္းတို႔၏လက္ေအာက္ရွိ စစ္လက္႐ုံးတပ္ဖြဲ႕ဝင္မ်ားကို စစ္ဆင္ေရးႏွင့္လုံၿခဳံေရးတာဝန္မ်ားေစ ခိုင္းရာတြင္ လက္႐ုံးတပ္ဘက္တံဆိပ္မ်ားခြာ၍

တိုက္ခိုက္ ေရးဘက္တံဆိပ္မ်ားတပ္ဆင္ရန္ၫႊန္ၾကားထားေၾကာင္းစစ္ေကာင္စီတပ္အသိုင္းအဝိုင္းထံကသိရသည္။

လက္ရွိတြင္ စစ္ေကာင္စီတပ္က စစ္လက္႐ုံးတပ္ဖြဲ႕ဝင္မ်ားကိုပါ စစ္ဆင္ေရးႏွင့္လုံၿခဳံေရးတာဝန္မ်ား ေစလႊတ္ေနရၿပီး ယင္းကဲ့သို႔တာဝန္ေပးေစလႊတ္ပါက

သက္ဆိုင္ ရာလက္႐ုံးဘက္တံဆိပ္မ်ားအစား ေျခလ်င္တိုက္ခိုက္ေရးဘက္တံဆိပ္ႏွင့္ နီးစပ္ရာတပ္မမ်ား၏ ဘက္တံဆိပ္မ်ားတပ္ဆင္ေနရေၾကာင္း သိရသည္။

” ခုၿမိဳ႕ေပၚေတြမွာ စစ္ေဆးေရးလုပ္ေနတာေတြအေတာ္မ်ားမ်ားက လက္႐ုံးတပ္ေတြက စစ္သားေတြ။ ခုလက္႐ုံးတပ္ေတြကိုလည္းေရွ႕တန္းေခၚတယ္ ။

ေရွ႕တန္းလိုက္ရတာျဖစ္ျဖစ္၊ လုံၿခဳံေရးထြက္ရတာျဖစ္ျဖစ္ ေျခလ်င္ဘက္ တံဆိပ္(ခေမာက္ဘက္) ေတြနဲ႔တပ္မနံပါတ္ဘက္တံဆိပ္ေျပာင္းခိုင္းတယ္။

ေျခလ်င္တိုက္ခိုက္ေရးတပ္ေတြက စစ္ဆင္ေရးနယ္ေျမေတြကိုျဖန္႔ၿပီးပို႔ထားရလို႔ လူမရွိဘူး”ဟု မေကြးတိုင္းအတြင္းကစစ္လက္႐ုံးတပ္မိသားစုဝင္တဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

ယင္းကဲ့သို႔ဘက္တံဆိပ္မ်ားေျပာင္းလဲတပ္ဆင္ခိုင္းျခင္း သည္ စစ္ေကာင္စီတပ္အတြင္း အင္အားေလ်ာ့နည္းေန သည္ကို ဖုံးကြယ္ရန္အတြက္ျဖစ္ၿပီး

သာမာန္ၾကည့္ပါက စစ္သားမ်ားေလ်ာ့နည္းေနမႈမရွိဘူး ဟု ထင္ျမင္ေအာင္ျပဳလုပ္ျခင္းျဖစ္ေၾကာင္း တပ္မေတာ္သားေဟာင္းတဦးကသုံးသပ္ေျပာဆိုသည္။

” ကြၽန္ေတာ္ထင္တာကေတာ့ အရပ္သားေတြျမင္ရင္ ျဖစ္ ျဖစ္၊ သူတို႔ေထာက္ခံတဲ့သူေတြျမင္ရင္ျဖစ္ျဖစ္ လက္႐ုံးဘက္တံဆိပ္ေတြနဲ႔ဆို

လက္႐ုံးတပ္ေတြေတာင္ ဒီလိုေတြေရွ႕တန္းေတြ လုံၿခဳံေရးေတြလိုက္ေနရတယ္ဆိုတာမ်ိဳး မသိေစခ်င္လို႔။

ေျခလ်င္စစ္သားပုံစံဟန္ေဆာင္တာေပါ့။ ေျခလ်င္စစ္သားေတြဘဲရွိေသးတယ္၊ လက္႐ုံးတပ္က်န္ေသးတယ္ဆိုတာမ်ိဳးထင္ေအာင္။ ဟန္ကိုယ့္ဖို႔ ဆိုတာမ်ိဳးေပါ့ဗ်ာ။

ေနာက္တခုက လက္႐ုံးတပ္ေတြက စစ္ဆင္ေရးအေတြ႕အႀကဳံနည္းေတာ့ လက္႐ုံးဘက္ေတြနဲ႔ဆို သူတို႔ကိုေ႐ြးၿပီးေဆာ္မွာစိုးလို႔ ခုလိုေျပာင္းတပ္ခိုင္းတာ။

ခုတပ္ေတြမွာက စစ္ဆင္ေရးနယ္ေျမေတြကပိုၿပီးက်ယ္ျပန္႔လာေတာ့ စကခေတြ၊တပ္မေတြအကုန္ထုတ္သုံး၊

အဲ့တာနဲ႔မေလာက္ေတာ့ လက္႐ုံးတပ္ေတြပါ ဘက္တံဆိပ္ေျပာင္းၿပီးေရွ႕တန္းေခၚ၊ ၿမိဳ႕ေပၚေတြနဲ႔ စစ္ေဆးေရးဂိတ္ေတြ၊

ဌာနဆိုင္ရာအေဆာက္အဦလုံၿခဳံေရးေတြမွာက လက္႐ုံးတပ္ေတြဝင္ခိုင္း၊ တပ္ရင္းေတြမွာက စစ္သည္မိန္းမေတြက ကင္းေစာင့္နဲ႔ ၿခဳံေျပာရရင္ ခုလမ္းေတြေပၚနဲ႔စစ္ဆင္ေရးမွာရွိတဲ့စစ္သားအကုန္ဘဲလို႔ေျပာလို႔ရတယ္။

တပ္ရင္းေတြမွာ လက္က်န္မရွိသေလာက္ဘဲ”ဟု ၄င္းက ဆိုသည္။

ၿပီးခဲ့သည့္စစ္အာဏာသိမ္းခါစ လူထုဆႏၵျပပြဲမ်ားကိုၿဖိဳခြင္းရာတြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အင္အား ၅၀၀၀ ကို ရဲယူနီေဖာင္းမ်ားဝတ္ဆင္ေစ၍ ၿဖိဳခြင္းမႈမ်ားျပဳလုပ္ရန္ ၫႊန္ၾကားခဲ့ေၾကာင္း

စစ္ေကာင္စီတပ္ အသိုင္းအဝိုင္း ထံကသိရသည္။

ဓာတ္ပုံ – ပုံေဟာင္း

ဟိန္းစံ/ဧရာဝတီတိုင္းမ္

Unicode Version

ဂျူံးဂျူံးကျတို့ရဲ့ ဖုံးမရ ဖိမရ သတင်း….

စစ်ကောင်စီတပ်က စစ်လက်ရုံးတပ်ဖွဲ့ဝင်များကို စစ်ဆင်ရေးနှင့် လုံခြုံရေးစေလွှတ်ရာတွင် ခြေလျင်တိုက်ခိုက်ရေးဘက်တံဆိပ်များ ပြောင်းလဲတပ်ဆင်ရန် ညွှန်ကြားထား

ဖေဖော်ဝါရီ ၃ ရက်

စစ်ကောင်စီတပ်က ၎င်းတို့၏လက်အောက်ရှိ စစ်လက်ရုံးတပ်ဖွဲ့ဝင်များကို စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များစေ ခိုင်းရာတွင် လက်ရုံးတပ်ဘက်တံဆိပ်များခွာ၍

တိုက်ခိုက် ရေးဘက်တံဆိပ်များတပ်ဆင်ရန်ညွှန်ကြားထားကြောင်းစစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်လက်ရုံးတပ်ဖွဲ့ဝင်များကိုပါ စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များ စေလွှတ်နေရပြီး ယင်းကဲ့သို့တာဝန်ပေးစေလွှတ်ပါက

သက်ဆိုင် ရာလက်ရုံးဘက်တံဆိပ်များအစား ခြေလျင်တိုက်ခိုက်ရေးဘက်တံဆိပ်နှင့် နီးစပ်ရာတပ်မများ၏ ဘက်တံဆိပ်များတပ်ဆင်နေရကြောင်း သိရသည်။

” ခုမြို့ပေါ်တွေမှာ စစ်ဆေးရေးလုပ်နေတာတွေအတော်များများက လက်ရုံးတပ်တွေက စစ်သားတွေ။ ခုလက်ရုံးတပ်တွေကိုလည်းရှေ့တန်းခေါ်တယ် ။

ရှေ့တန်းလိုက်ရတာဖြစ်ဖြစ်၊ လုံခြုံရေးထွက်ရတာဖြစ်ဖြစ် ခြေလျင်ဘက် တံဆိပ်(ခမောက်ဘက်) တွေနဲ့တပ်မနံပါတ်ဘက်တံဆိပ်ပြောင်းခိုင်းတယ်။

ခြေလျင်တိုက်ခိုက်ရေးတပ်တွေက စစ်ဆင်ရေးနယ်မြေတွေကိုဖြန့်ပြီးပို့ထားရလို့ လူမရှိဘူး”ဟု မကွေးတိုင်းအတွင်းကစစ်လက်ရုံးတပ်မိသားစုဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ဘက်တံဆိပ်များပြောင်းလဲတပ်ဆင်ခိုင်းခြင်း သည် စစ်ကောင်စီတပ်အတွင်း အင်အားလျော့နည်းနေ သည်ကို ဖုံးကွယ်ရန်အတွက်ဖြစ်ပြီး

သာမာန်ကြည့်ပါက စစ်သားများလျော့နည်းနေမှုမရှိဘူး ဟု ထင်မြင်အောင်ပြုလုပ်ခြင်းဖြစ်ကြောင်း တပ်မတော်သားဟောင်းတဦးကသုံးသပ်ပြောဆိုသည်။

” ကျွန်တော်ထင်တာကတော့ အရပ်သားတွေမြင်ရင် ဖြစ် ဖြစ်၊ သူတို့ထောက်ခံတဲ့သူတွေမြင်ရင်ဖြစ်ဖြစ် လက်ရုံးဘက်တံဆိပ်တွေနဲ့ဆို

လက်ရုံးတပ်တွေတောင် ဒီလိုတွေရှေ့တန်းတွေ လုံခြုံရေးတွေလိုက်နေရတယ်ဆိုတာမျိုး မသိစေချင်လို့။

ခြေလျင်စစ်သားပုံစံဟန်ဆောင်တာပေါ့။ ခြေလျင်စစ်သားတွေဘဲရှိသေးတယ်၊ လက်ရုံးတပ်ကျန်သေးတယ်ဆိုတာမျိုးထင်အောင်။ ဟန်ကိုယ့်ဖို့ ဆိုတာမျိုးပေါ့ဗျာ။

နောက်တခုက လက်ရုံးတပ်တွေက စစ်ဆင်ရေးအတွေ့အကြုံနည်းတော့ လက်ရုံးဘက်တွေနဲ့ဆို သူတို့ကိုရွေးပြီးဆော်မှာစိုးလို့ ခုလိုပြောင်းတပ်ခိုင်းတာ။

ခုတပ်တွေမှာက စစ်ဆင်ရေးနယ်မြေတွေကပိုပြီးကျယ်ပြန့်လာတော့ စကခတွေ၊တပ်မတွေအကုန်ထုတ်သုံး၊

အဲ့တာနဲ့မလောက်တော့ လက်ရုံးတပ်တွေပါ ဘက်တံဆိပ်ပြောင်းပြီးရှေ့တန်းခေါ်၊ မြို့ပေါ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေ၊

ဌာနဆိုင်ရာအဆောက်အဦလုံခြုံရေးတွေမှာက လက်ရုံးတပ်တွေဝင်ခိုင်း၊ တပ်ရင်းတွေမှာက စစ်သည်မိန်းမတွေက ကင်းစောင့်နဲ့ ခြုံပြောရရင် ခုလမ်းတွေပေါ်နဲ့စစ်ဆင်ရေးမှာရှိတဲ့စစ်သားအကုန်ဘဲလို့ပြောလို့ရတယ်။

တပ်ရင်းတွေမှာ လက်ကျန်မရှိသလောက်ဘဲ”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်စစ်အာဏာသိမ်းခါစ လူထုဆန္ဒပြပွဲများကိုဖြိုခွင်းရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀၀၀ ကို ရဲယူနီဖောင်းများဝတ်ဆင်စေ၍ ဖြိုခွင်းမှုများပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း

စစ်ကောင်စီတပ် အသိုင်းအဝိုင်း ထံကသိရသည်။

ဓာတ်ပုံ – ပုံဟောင်း

ဟိန်းစံ/ဧရာဝတီတိုင်းမ်