ကြားသိရသမျှ



RIP ပါ ညီလေးရေ…














တစ်ကယ် တစ်ကယ်ပါ…😥😥😥😢😢

Credit – Yar ZAR

Unicode Version ဖြင့်ဖတ်ရန်

နဖူးကိုတေ့ပြီး ဘယ်သူပစ်သလဲဆိုတာ ကြွေလွင့်သွားတဲ့သူနဲ့ဘုရားပဲ သိနိုင်တော့မည်…

RIP ပါ ညီလေးရေ…

ပရဟိတ ကားလဲ မယုံလို့ တားတယ်စစ်တယ် ဟုတ်ပြီ ရတယ် တားပါ စစ်ပါ

ဘယ်လောက မဆို အကောင်းအဆိုး ရောပြွမ်းနေတာ သဘာဝမို့ ပရဟိတမှာလဲ အယောင်ဆောင် ပရဟိတ သမားတွေ ရှိနေတာပါပဲ

ဒါပေမယ့် လူနာတင်ယာဉ်ကို မောင်းလာတယ် လူနာတင်ယာဉ်ရဲ့ အမှတ်တံဆိပ် သင်္ကေတအားလုံးပြည့်စုံတယ် ဒါလဲ မသင်္ကာဘူး

တားတယ် ဟုတ်ပြီ ရပ်ပေးတယ် ထပ်ပြီးစစ်ဆေးတယ် ကြည်ဖြူစွာ အစစ်ဆေး ခံတယ်

အထဲမှာ လူနာပါတယ် တစ်ကယ်လဲလူနာပို့ သွားတယ် ပြီးပြီလေ ဘာကြောင့် ပစ်သတ် ရတာလဲပစ်သတ်ရတဲ့ အကြောင်းပြချက်က ဘာတဲ့လဲ အစစ်မခံပဲ မောင်းပြေးလို့လား

အထဲမှာ လူနာမပါလို့လား စစ်ဆေးလိုက်တော့ အယောင်ဆောင် လူနာတင်ကားမို့လို့လား

ပရဟိတသမားတွေကို အသိအမှတ် မပြုနိုင်ကြ တော့ဘူးလား ပရဟိတ သမားတွေခါးဝတ်ပုဆိုး လို လိုက်နာကျင့်သုံး ကြတဲ့ကျင့်ဝတ်တွေကို အသိအမှတ် မပြုကြတော့ဘူးလား

(ကျင့်ဝတ်နော် ကျင့်ဝတ်စည်းကမ်း မဟုတ်ဘူး ဥပဒေမဟုတ်ဘူးပရဟိတ သမားတွေ နှလုံးသားထဲက စွဲစွဲမြဲမြဲ လိုက်နာ ကျင့်သုံးကြတဲ့ ကျင့်ဝတ်)

ဒီနိုင်ငံမှာ ပရဟိတ သမားတွေရဲ့လုပ်အားတွေ စေတနာတွေ အနစ်နာခံစိတ်တွေ မလိုအပ်တော့ဘူးလား

မင်းတို့ ပရဟိတ သမားတွေက အခွင့်ထူးခံချင်တာလား မမေးပါနဲ့ အခွင့်ထူး ခံချင်မှတော့ ပရဟိတသမား လုပ်ပါတော့မလား

သေနတ်ကိုင် လိုက်တော့မှာပေါ့ဒါပေသည့် ဒီအချိန်လောက် ပရဟိတ လုပ်ရတာ နောက်ကျောမလုံရတဲ့အချိန် ကြုံကိုမကြုံဖူးဘူး

စိတ်ပျက်တယ် ဝမ်းနည်းတယ် စိတ်မကောင်းဘူး…

ဘာ အိုင် ပီ ညာ အိုင် ပီ မှ လဲ မပြောခြင်တော့ဘူးရယ်

တစ်ကယ် တစ်ကယ်ပါ…😥😥😥😢😢

Credit – Yar ZAR