ကြားသိရသမျှ

ေဖေဖာ္ဝါရီလ(၁၂)ရက္ေန႔တြင္ မင္းေအာင္လိႈင္ႏွင့္ဇနီး သမၼတအိမ္ေတာ္အနီးပစ္ခြင့္ေပးထား…

ေဖေဖာ္ဝါရီလ(၁၂)ရက္ေန႔တြင္ မင္းေအာင္လိႈင္ႏွင့္ဇနီး သမၼတအိမ္ေတာ္အနီးပစ္ခြင့္ေပးထား…

မင္းေအာင္လိႈင္ႏွင့္ဇနီး သမၼတအိမ္ေတာ္အနီး ဗိုလ္႐ႈခံ အေဆာက္အအုံတြင္ ၾကည္း၊ေရ၊ေလ စစ္ေၾကာင္းမ်ားျဖင့္ အေလးျပဳခံရန္ လုံျခဳံေရးတင္းက်ပ္၊

ဒ႐ုန္းျဖင့္တိုက္ခိုက္မည္ကို စိုးရိမ္ေန၍ ေဝဟင္ လုံျခဳံေရး အထူး စီမံထားၿပီး အနားကပ္လာသည့္ မသကၤာသူ မွန္သမွ်ကို ပစ္ခြင့္ေပးထား

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃

အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္ႏွင့္ ဇနီးတို႔သည္ သမၼတအိမ္ ေတာ္အနီး ေဆာက္လုပ္ထားေသာ ဗိုလ္႐ႈခံ အေဆာက္အအုံတြင္ ေဖေဖာ္ဝါ ရီလ ၁၂ ရက္ေန႔ စိန္ရတု ျပည္ေထာင္စု အေဆာက္အအုံတြင္

အေလးျပဳ ခံ မည္ျဖစ္ၿပီး ၾကည္း၊ေရ၊ေလ စစ္ေၾကာင္းမ်ား၊ ဝန္ႀကီးဌာန စစ္ေၾကာင္း မ်ား က ခ်ီတက္ အေလး ျပဳရမည္ျဖစ္ေၾကာင္း သိ႐ွိရသည္။

မင္းေအာင္လိႈင္သည္ စိန္ရတု ျပည္ေထာင္စု ေန႔ ဗိုလ္႐ႈခံတြင္ အေလး ျပဳခံ လိုေသာ္လည္း ဒ႐ုန္းျဖင့္ တိုက္ ခိုက္မႈမ်ား႐ွိလာမည္ကို စိုးရိမ္ေနေၾကာင္း၊

လုံျခဳံေရးကိုလည္း အထူးတင္းက်ပ္ထားၿပီး ေဝဟင္လုံျခဳံေရးအတြက္ လို အပ္ ေသာ ဒ႐ုန္းပစ္ခ်သည့္ လက္နက္မ်ား၊ ေလေၾကာင္းရန္ ကာကြယ္ေရး အစီအမံမ်ားကို အထူး တင္းက်ပ္စြာ လုပ္ေဆာင္ေနေၾကာင္း သိ႐ွိရသည္။

လက္႐ွိတြင္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ သာမန္ေလ့က်င့္ျခင္း၊ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔တြင္ ဝတ္စုံျပည့္ ေလ့က်င့္ျခင္း မ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း၊

မင္း ေအာင္လိႈင္ကို အေလးျပဳရမည့္ ျပည္နယ္ႏွင့္တိုင္း အလွျပယာဥ္ စီးေရ ၅၀ ေက်ာ္ကိုလည္း

ေနျပည္ေတာ္ ဥပါနသိႏၲိေစတီ ဘုရားေ႐ွ႕ တေပါင္းကြင္းမွ ယေန႔ ညေနပိုင္း ျပည္သူ႕လႊတ္ေတာ္ဝင္းအတြင္းသို႔ ေျပာင္းေ႐ႊ႕ ေနၿပီျဖစ္ ေၾကာင္း သိ႐ွိရသည္။

ဗိုလ္႐ႈခံေန႔အတြက္ လုံျခဳံေရး အစီအမံတြင္ မင္းေအာင္လိႈင္ အနီးသို႔ ၎၏ ကိုယ္ရံေတာ္ လုံျခဳံေရးတပ္မ်ားမွ အပ မည္သူကိုမွ ကပ္ခြင့္မေပးဘဲ ပစ္ခတ္ ခြင့္မ်ားပါ ေပးထားေၾကာင္း သိ႐ွိရသည္။

Credit – Khit Thit

Unicode Version ျဖင္႔ဖတ္ရန္

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် မင်းအောင်လှိုင်နှင့်ဇနီး သမ္မတအိမ်တော်အနီးပစ်ခွင့်ပေးထား…

မင်းအောင်လှိုင်နှင့်ဇနီး သမ္မတအိမ်တော်အနီး ဗိုလ်ရှုခံ အဆောက်အအုံတွင် ကြည်း၊ရေ၊လေ စစ်ကြောင်းများဖြင့် အလေးပြုခံရန် လုံခြုံရေးတင်းကျပ်၊

ဒရုန်းဖြင့်တိုက်ခိုက်မည်ကို စိုးရိမ်နေ၍ ဝေဟင် လုံခြုံရေး အထူး စီမံထားပြီး အနားကပ်လာသည့် မသင်္ကာသူ မှန်သမျှကို ပစ်ခွင့်ပေးထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီးတို့သည် သမ္မတအိမ် တော်အနီး ဆောက်လုပ်ထားသော ဗိုလ်ရှုခံ အဆောက်အအုံတွင် ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့ စိန်ရတု ပြည်ထောင်စု အဆောက်အအုံတွင်

အလေးပြု ခံ မည်ဖြစ်ပြီး ကြည်း၊ရေ၊လေ စစ်ကြောင်းများ၊ ဝန်ကြီးဌာန စစ်ကြောင်း များ က ချီတက် အလေး ပြုရမည်ဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သည် စိန်ရတု ပြည်ထောင်စု နေ့ ဗိုလ်ရှုခံတွင် အလေး ပြုခံ လိုသော်လည်း ဒရုန်းဖြင့် တိုက် ခိုက်မှုများရှိလာမည်ကို စိုးရိမ်နေကြောင်း၊

လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားပြီး ဝေဟင်လုံခြုံရေးအတွက် လို အပ် သော ဒရုန်းပစ်ချသည့် လက်နက်များ၊ လေကြောင်းရန် ကာကွယ်ရေး အစီအမံများကို အထူး တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း သိရှိရသည်။

လက်ရှိတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ သာမန်လေ့ကျင့်ခြင်း၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဝတ်စုံပြည့် လေ့ကျင့်ခြင်း များ လုပ်ဆောင်မည်ဖြစ်ကြောင်း၊

မင်း အောင်လှိုင်ကို အလေးပြုရမည့် ပြည်နယ်နှင့်တိုင်း အလှပြယာဉ် စီးရေ ၅၀ ကျော်ကိုလည်း

နေပြည်တော် ဥပါနသိန္တိစေတီ ဘုရားရှေ့ တပေါင်းကွင်းမှ ယနေ့ ညနေပိုင်း ပြည်သူ့လွှတ်တော်ဝင်းအတွင်းသို့ ပြောင်းရွှေ့ နေပြီဖြစ် ကြောင်း သိရှိရသည်။

ဗိုလ်ရှုခံနေ့အတွက် လုံခြုံရေး အစီအမံတွင် မင်းအောင်လှိုင် အနီးသို့ ၎င်း၏ ကိုယ်ရံတော် လုံခြုံရေးတပ်များမှ အပ မည်သူကိုမှ ကပ်ခွင့်မပေးဘဲ ပစ်ခတ် ခွင့်များပါ ပေးထားကြောင်း သိရှိရသည်။

Credit – Khit Thit