ကြားသိရသမျှ

သူတို႔ စခန္းေနရာကလြဲလို႔ က်ေနာ္တို႔ ၿမိဳ႕နယ္ကို ပိုင္ပိုင္ႏိုင္ႏိုင္ လႊမ္းမိုးထားႏိုင္ခဲ့တယ္…

သူတို႔ စခန္းေနရာကလြဲလို႔ က်ေနာ္တို႔ ၿမိဳ႕နယ္ကို ပိုင္ပိုင္ႏိုင္ႏိုင္ လႊမ္းမိုးထားႏိုင္ခဲ့တယ္…

စစ္အာဏာသိမ္းၿပီး တစ္ႏွစ္ၾကာခ်ိန္မွာ ပုလဲၿမိဳ႕နယ္က ေတာ္လွန္ေရး ရဲေဘာ္ေတြဟာ စစ္ေကာင္စီ အေျခစိုက္စခန္းေနရာေတြက လြဲၿပီး က်န္တဲ့ေနရာ အားလုံးကို ပိုင္ပိုင္ႏိုင္ႏိုင္ လႊမ္းမိုးထားႏိုင္ၿပီလို႔ ပုလဲ PDF ေခါင္းေဆာင္ ဗိုလ္နဂါးက ေျပာပါတယ္။

စစ္အာဏာသိမ္းၿပီး တစ္ႏွစ္ကာလအတြင္း PDF ေတြဟာ လက္လုပ္ လက္နက္ အမ်ိဳးအစား ၈ မ်ိဳးအထိ တီထြင္စမ္းသပ္ ေအာင္ျမင္ထားတယ္လို႔ ကနီၿမိဳ႕နယ္၊ ေက်ာက္လုံးႀကီး အဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

စစ္ေကာင္စီကေတာ့ ပုလဲၿမိဳ႕နယ္ထဲမွာ PDF ေတြကို ေတာနင္းရွာေဖြေနၿပီး ဇန္နဝါရီ ၃၁ ရက္ေန႔က ေမြ႕တုံ႐ြာကို အၾကမ္းဖက္မီးရႈိ႕တာေၾကာင့္ ေနအိမ္ ၁၀၀ ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔မနက္ပိုင္းမွာလည္း ပန္း႐ြာကို ထပ္မံမီးရႈိ႕ခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈ အေသးစိတ္ကိုေတာ့ အတည္မျပဳႏိုင္ေသးပါဘူး။

ဇန္နဝါရီ ၁၀ ရက္ေန႔က ဦးေႏွာက္ေက်း႐ြာကို စစ္ေကာင္စီက ေလေၾကာင္းကေန ထိုးစစ္ဆင္ခဲ့ၿပီး PDF ေတြကို ရွင္းလင္းဖို႔ႀကိဳးစားခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ မေအာင္ျမင္ႏိုင္ ျဖစ္ေနတာပါ။

ေမြ႕တုံ႐ြာနဲ႔ ပန္႐ြာကို မီးရႈိ႕တာ PDF ေတြလို႔ စစ္ေကာင္စီကသူတို႔ပိုင္မီဒီယာေတြကေန သတင္းထုတ္လႊင့္ထားေပမဲ့ သူတို႔ေျပာတဲ့စကားကို ဘယ္သူကမွ အယုံအၾကည္မရွိေတာ့တဲ့အတြက္ စိုးရိမ္စရာမရွိဘူးလို႔ ဗိုလ္နဂါးကတုံ႔ျပန္ပါတယ္။

ပုလဲ PDF ေခါင္းေဆာင္ ဗိုလ္နဂါးက “ဒီေကာင္ေတြက မိုက္႐ုံတင္ မကေတာ့ဘူး။ စိတ္ေတြပါ ေဖာက္ျပန္သြားၿပီ။ ေျပာရရင္ေတာ့ ႐ူးေနၿပီ။

႐ူးေနတဲ့ လူတစ္ေယာက္က သူေျပာတဲ့စကားကိုပတ္ဝန္းက်င္က အေလးထားလား မထားလားလည္း မသိေတာ့ဘူး။ သူ႔စိတ္ထင္ရာ ျမင္ရာကို ေလွ်ာက္ေျပာေနမွာ၊ ကေနမွာပဲ။

သူတို႔ ဘယ္ေလာက္ပဲ ဝါဒျဖန႔္ေနေန ကမာၻကလည္း မယုံဘူး။ က်ေနာ္တို႔ႏိုင္ငံမွာ ထိုက္သင့္တဲ့ အေတြးအေခၚရွိတဲ့ လူအမ်ားစုကလည္း မယုံဘူး။ က်ေနာ့္ၿမိဳ႕နယ္မွာ ပ်ဴေစာထီးလည္း မရွိဘူး။ ဒလန္လည္း မရွိဘူး။

သူတို႔ စခန္းေနရာကလြဲလို႔ က်ေနာ္တို႔ၿမိဳ႕နယ္ကို က်ေနာ္တို႔ ပိုင္ပိုင္ႏိုင္ႏိုင္ လႊမ္းမိုးထားႏိုင္ခဲ့တယ္။ က်ေနာ္တို႔ၿမိဳ႕နယ္မွာ ပ်ဴေစာထီးေတြကို သင္တန္း ေပးဖို႔ ႀကိဳးစားတယ္။

က်ေနာ္တို႔နဲ႔ တိုက္ပြဲ ျဖစ္တဲ့အခါ အဲဒီသင္တန္းေပးထားတဲ့ သူေတြကို ေရွ႕ကတိုက္ခိုင္းတယ္။ အဲဒီလူေတြက မတိုက္ရဲတဲ့အခါ သူတို႔ကိုယ္တိုင္ ပစ္သတ္တယ္။ အဲဒါကို က်ေနာ္တို႔လည္း ျမင္တယ္။ ျပည္သူေတြလည္း ျမင္တယ္။

ေမြ႕တုံ႐ြာကို ဇန္နဝါရီ ၃၁ ရက္ေန႔မွာ မီးရႈိ႕တယ္။ အိမ္ေျခရာနဲ႔ခ်ီ ပ်က္စီးတယ္။ ဒီေန႔မနက္ပိုင္းမွာ ပန္း႐ြာကို မီးရႈိ႕ျပန္တယ္။ က်ေနာ္တို႔မွာ ကိုယ့္ေဒသက ႐ြာေတြကို မီးရႈိ႕စရာ ဘာအေၾကာင္းမွမရွိဘူး” လို႔ ေျပာပါတယ္။

စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္း ဧၿပီလအထိ အေနာက္ ေျမာက္တိုင္း စစ္ေဒသထဲမွာ အၾကမ္းမဖက္တဲ့ သပိတ္ေတြနဲ႔ပဲ ဒီမိုကေရစီ ျပန္လည္ ရရွိေရးကို ျပည္သူေတြက ေတာင္းဆိုခဲ့တာပါ။

အဲဒီေနာက္ပိုင္းမွာ စစ္ေကာင္စီက ေဒသခံေတြကို အၾကမ္းဖက္ သတ္ျဖတ္ခဲ့တာေၾကာင့္ ျပည္သူေတြက ရရာလက္နက္နဲ႔ ခုခံကာကြယ္ခဲ့ရတာ ျဖစ္ပါတယ္။

အခ်ိန္တစ္ႏွစ္ၾကာခ်ိန္မွာ တူမီး၊ တူမီးေျပာင္းတြဲ၊ လက္လုပ္မိုင္း၊ ပခုံးထမ္း၊ ေျမေထာက္စိန္ေျပာင္း၊ ၄၀-မမ ပုံစံတူေတြအပါအဝင္ လက္နက္ ၈ မ်ိဳးအထိ တီထြင္စမ္းသပ္ေအာင္ျမင္ထားတယ္လို႔

ကနီၿမိဳ႕နယ္၊ ေက်ာက္လုံးႀကီးအဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။ စစ္ေကာင္စီက အင္အားသုံးအၾကမ္းဖက္ခ်ိန္မွာ ရဲေဘာ္ေတြ အထိမနာေအာင္ လူမဲ့တိုက္ခိုက္ႏိုင္မယ့္ နည္းလမ္းေတြကိုလည္း အသုံးျပဳႏိုင္ေနၿပီလို႔ ဆိုပါတယ္။

ကနီၿမိဳ႕နယ္၊ ေက်ာက္လုံးႀကီးအဖြဲ႕တာဝန္ရွိသူတစ္ဦးက “စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ သုံးလာတဲ့အခါ က်ေနာ္တို႔က တူမီးအႀကီးေတြ လုပ္တယ္။

ေျမေထာက္စိန္ေျပာင္းေတြ လုပ္တယ္။ သူတို႔က ေလယာဥ္ေတြနဲ႔ပါ ပစ္လာတဲ့အေျခအေနမ်ိဳးရွိလာတဲ့အခါက်ေတာ့ က်ေနာ္တို႔က ရဲေဘာ္ေတြ လုံၿခဳံေရးအတြက္ လူမဲ့တိုက္ပြဲေတြ ေဖာ္ရတယ္။

လူမဲ့အတြဲလိုက္ တူမီးေျပာင္းတြဲႀကီး ေတြလုပ္ခဲ့ၾကတယ္။ ပခုံးထမ္း RPG သေဘာမ်ိဳးေတြ လုပ္ခဲ့တယ္။ အခုက်ေတာ့ ၄၀-မမ ကို အတုခိုးၿပီးေတာ့ လက္လုပ္လက္နက္လုပ္ခဲ့ရာမွာလည္း ေအာင္ျမင္ေနပါၿပီဗ်။

ၿပီးခဲ့တဲ့တိုက္ပြဲမွာ စစ္ေကာင္စီေရေၾကာင္းက တက္လာတဲ့အေနအထားမွာ ေမာ္ေတာ္ကို မီးေလာင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာလည္း အဲ့ဒီ ၄၀-မမ ေၾကာင့္ပါဗ်။

စုစုေပါင္းလက္နက္ ၈ မ်ိဳးေလာက္ စမ္းသပ္ထုတ္လုပ္ေအာင္ျမင္ခဲ့ပါတယ္” လို႔ ေျပာပါတယ္။ အေနာက္ေျမာက္တိုင္းစစ္ေဒသထဲမွာ ေျခလ်င္တပ္သားေတြ အင္အားခ်တာ၊

ခ်င္းတြင္းျမစ္႐ိုးတေလွ်ာက္ ရိကၡာနဲ႔ တပ္သားအင္အား ခ်တာေတြကို ေဒသခံ PDF ေတြက ေျပာက္က်ားစနစ္နဲ႔ ၾကားျဖတ္တိုက္ခိုက္တာေၾကာင့္ စစ္ေကာင္စီဟာ အထိနာခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေလေၾကာင္းကိုပါ အသုံးျပဳၿပီးတိုက္ခိုက္တာ၊ တပ္သားေနရာ ခ်တာ၊ ရိကၡာပို႔ေဆာင္တာေတြ ျပဳလုပ္ၿပီး ဗ်ဴဟာ ေျပာင္းလဲခဲ့ပါတယ္။

အရပ္ဝတ္ သကၤန္းဝတ္ေတြနဲ႔ PDF ေတြကိုရွာေဖြတာ၊ ဘာသာေရး လူမ်ိဳးေရး မႈိင္းတိုက္ဖို႔ ႀကိဳးစားတာေတြကိုလည္း စစ္ေကာင္စီက ျပဳလုပ္ခဲ့ပါတယ္။

ေဒသခံျပည္သူေတြကေတာ့ ေနအိမ္ေတြပ်က္စီးဆုံးရႈံးတာ၊ မိသားစုဝင္ေတြ ေသဆုံး ဒဏ္ရာရတာေတြေၾကာင့္ စစ္အာဏာသိမ္းတာကို လုံးဝလက္မခံဘဲ အခ်ိန္တစ္ႏွစ္ၾကာတဲ့အထိ ျပန္လည္ခုခံေနၾကတာျဖစ္ပါတယ္။

Credit – DVB

သူတို့ စခန်းနေရာကလွဲလို့ ကျနော်တို့ မြို့နယ်ကို ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးထားနိုင်ခဲ့တယ်…

စစ်အာဏာသိမ်းပြီး တစ်နှစ်ကြာချိန်မှာ ပုလဲမြို့နယ်က တော်လှန်ရေး ရဲဘော်တွေဟာ စစ်ကောင်စီ အခြေစိုက်စခန်းနေရာတွေက လွဲပြီး ကျန်တဲ့နေရာ အားလုံးကို ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးထားနိုင်ပြီလို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကာလအတွင်း PDF တွေဟာ လက်လုပ် လက်နက် အမျိုးအစား ၈ မျိုးအထိ တီထွင်စမ်းသပ် အောင်မြင်ထားတယ်လို့ ကနီမြို့နယ်၊ ကျောက်လုံးကြီး အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီကတော့ ပုလဲမြို့နယ်ထဲမှာ PDF တွေကို တောနင်းရှာဖွေနေပြီး ဇန်နဝါရီ ၃၁ ရက်နေ့က မွေ့တုံရွာကို အကြမ်းဖက်မီးရှို့တာကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မနက်ပိုင်းမှာလည်း ပန်းရွာကို ထပ်မံမီးရှို့ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီ ၁၀ ရက်နေ့က ဦးနှောက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ထိုးစစ်ဆင်ခဲ့ပြီး PDF တွေကို ရှင်းလင်းဖို့ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်အထိ မအောင်မြင်နိုင် ဖြစ်နေတာပါ။

မွေ့တုံရွာနဲ့ ပန်ရွာကို မီးရှို့တာ PDF တွေလို့ စစ်ကောင်စီကသူတို့ပိုင်မီဒီယာတွေကနေ သတင်းထုတ်လွှင့်ထားပေမဲ့ သူတို့ပြောတဲ့စကားကို ဘယ်သူကမှ အယုံအကြည်မရှိတော့တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ဗိုလ်နဂါးကတုံ့ပြန်ပါတယ်။

ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက “ဒီကောင်တွေက မိုက်ရုံတင် မကတော့ဘူး။ စိတ်တွေပါ ဖောက်ပြန်သွားပြီ။ ပြောရရင်တော့ ရူးနေပြီ။

ရူးနေတဲ့ လူတစ်ယောက်က သူပြောတဲ့စကားကိုပတ်ဝန်းကျင်က အလေးထားလား မထားလားလည်း မသိတော့ဘူး။ သူ့စိတ်ထင်ရာ မြင်ရာကို လျှောက်ပြောနေမှာ၊ ကနေမှာပဲ။

သူတို့ ဘယ်လောက်ပဲ ဝါဒဖြန့်နေနေ ကမာ္ဘကလည်း မယုံဘူး။ ကျနော်တို့နိုင်ငံမှာ ထိုက်သင့်တဲ့ အတွေးအခေါ်ရှိတဲ့ လူအများစုကလည်း မယုံဘူး။ ကျနော့်မြို့နယ်မှာ ပျူစောထီးလည်း မရှိဘူး။ ဒလန်လည်း မရှိဘူး။

သူတို့ စခန်းနေရာကလွဲလို့ ကျနော်တို့မြို့နယ်ကို ကျနော်တို့ ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးထားနိုင်ခဲ့တယ်။ ကျနော်တို့မြို့နယ်မှာ ပျူစောထီးတွေကို သင်တန်း ပေးဖို့ ကြိုးစားတယ်။

ကျနော်တို့နဲ့ တိုက်ပွဲ ဖြစ်တဲ့အခါ အဲဒီသင်တန်းပေးထားတဲ့ သူတွေကို ရှေ့ကတိုက်ခိုင်းတယ်။ အဲဒီလူတွေက မတိုက်ရဲတဲ့အခါ သူတို့ကိုယ်တိုင် ပစ်သတ်တယ်။ အဲဒါကို ကျနော်တို့လည်း မြင်တယ်။ ပြည်သူတွေလည်း မြင်တယ်။

မွေ့တုံရွာကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ မီးရှို့တယ်။ အိမ်ခြေရာနဲ့ချီ ပျက်စီးတယ်။ ဒီနေ့မနက်ပိုင်းမှာ ပန်းရွာကို မီးရှို့ပြန်တယ်။ ကျနော်တို့မှာ ကိုယ့်ဒေသက ရွာတွေကို မီးရှို့စရာ ဘာအကြောင်းမှမရှိဘူး” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဧပြီလအထိ အနောက် မြောက်တိုင်း စစ်ဒေသထဲမှာ အကြမ်းမဖက်တဲ့ သပိတ်တွေနဲ့ပဲ ဒီမိုကရေစီ ပြန်လည် ရရှိရေးကို ပြည်သူတွေက တောင်းဆိုခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက ဒေသခံတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူတွေက ရရာလက်နက်နဲ့ ခုခံကာကွယ်ခဲ့ရတာ ဖြစ်ပါတယ်။

အချိန်တစ်နှစ်ကြာချိန်မှာ တူမီး၊ တူမီးပြောင်းတွဲ၊ လက်လုပ်မိုင်း၊ ပခုံးထမ်း၊ မြေထောက်စိန်ပြောင်း၊ ၄၀-မမ ပုံစံတူတွေအပါအဝင် လက်နက် ၈ မျိုးအထိ တီထွင်စမ်းသပ်အောင်မြင်ထားတယ်လို့

ကနီမြို့နယ်၊ ကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီက အင်အားသုံးအကြမ်းဖက်ချိန်မှာ ရဲဘော်တွေ အထိမနာအောင် လူမဲ့တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေကိုလည်း အသုံးပြုနိုင်နေပြီလို့ ဆိုပါတယ်။

ကနီမြို့နယ်၊ ကျောက်လုံးကြီးအဖွဲ့တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီဘက်က လက်နက်ကြီးတွေ သုံးလာတဲ့အခါ ကျနော်တို့က တူမီးအကြီးတွေ လုပ်တယ်။

မြေထောက်စိန်ပြောင်းတွေ လုပ်တယ်။ သူတို့က လေယာဉ်တွေနဲ့ပါ ပစ်လာတဲ့အခြေအနေမျိုးရှိလာတဲ့အခါကျတော့ ကျနော်တို့က ရဲဘော်တွေ လုံခြုံရေးအတွက် လူမဲ့တိုက်ပွဲတွေ ဖော်ရတယ်။

လူမဲ့အတွဲလိုက် တူမီးပြောင်းတွဲကြီး တွေလုပ်ခဲ့ကြတယ်။ ပခုံးထမ်း RPG သဘောမျိုးတွေ လုပ်ခဲ့တယ်။ အခုကျတော့ ၄၀-မမ ကို အတုခိုးပြီးတော့ လက်လုပ်လက်နက်လုပ်ခဲ့ရာမှာလည်း အောင်မြင်နေပါပြီဗျ။

ပြီးခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီရေကြောင်းက တက်လာတဲ့အနေအထားမှာ မော်တော်ကို မီးလောင်အောင် စွမ်းဆောင်နိုင်ခဲ့တာလည်း အဲ့ဒီ ၄၀-မမ ကြောင့်ပါဗျ။

စုစုပေါင်းလက်နက် ၈ မျိုးလောက် စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်” လို့ ပြောပါတယ်။ အနောက်မြောက်တိုင်းစစ်ဒေသထဲမှာ ခြေလျင်တပ်သားတွေ အင်အားချတာ၊

ချင်းတွင်းမြစ်ရိုးတလျှောက် ရိက္ခာနဲ့ တပ်သားအင်အား ချတာတွေကို ဒေသခံ PDF တွေက ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဟာ အထိနာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ လေကြောင်းကိုပါ အသုံးပြုပြီးတိုက်ခိုက်တာ၊ တပ်သားနေရာ ချတာ၊ ရိက္ခာပို့ဆောင်တာတွေ ပြုလုပ်ပြီး ဗျူဟာ ပြောင်းလဲခဲ့ပါတယ်။

အရပ်ဝတ် သင်္ကန်းဝတ်တွေနဲ့ PDF တွေကိုရှာဖွေတာ၊ ဘာသာရေး လူမျိုးရေး မှိုင်းတိုက်ဖို့ ကြိုးစားတာတွေကိုလည်း စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

ဒေသခံပြည်သူတွေကတော့ နေအိမ်တွေပျက်စီးဆုံးရှုံးတာ၊ မိသားစုဝင်တွေ သေဆုံး ဒဏ်ရာရတာတွေကြောင့် စစ်အာဏာသိမ်းတာကို လုံးဝလက်မခံဘဲ အချိန်တစ်နှစ်ကြာတဲ့အထိ ပြန်လည်ခုခံနေကြတာဖြစ်ပါတယ်။

Credit – DVB