Knowledge

မခၽြဲတတ္တဲ့ ေကာင္မေလးေတြမွာသာရွိေနတဲ့ အားသာခ်က္မ်ား…

မခၽြဲတတ္တဲ့ ေကာင္မေလးေတြမွာသာရွိေနတဲ့ အားသာခ်က္မ်ား…

ခၽြဲတတ္တဲ့ ေကာင္မေလးေတြက ခ်စ္ဖို႔ေကာင္းတယ္လို႔ ဆိုၾကပါတယ္။ ခၽြဲတတ္တဲ့ မိန္းကေလး ရွိသလို မခၽြဲတတ္တဲ့ ေကာင္မေလးေတြလည္း ရွိေနပါတယ္။

သူတို႔ကေတာ့ မခၽြဲတတ္တာ ကိစၥမရွိဘူးလို႔ ယူဆၾကၿပီး အားသာခ်က္ေတြလည္း ပိုင္ဆိုင္ထားၾကပါတယ္။ သူမ်ားတဲ့ မတူစြာပဲ သူတို႔က အခုလို အားသာမႈေတြ ရွိေနၾကတာ ျဖစ္ပါတယ္။

(၁) ထက္ျမက္တယ္

သူတို႔ေတြက ဉာဏ္ေကာင္းၾကတတ္ပါတယ္။ ခၽြဲတာထက္ ဉာဏ္ရည္က ပိုၿပီး အသံုးက်တယ္လို႔ ယူဆၾကသလို သူတို႔ကိုယ္ သူတို႔လည္း ယံုၾကည္မႈ ရွိၾကပါတယ္။

ကိုယ့္အရည္အခ်င္းကို ဉာဏ္ရည္က တဆင့္ အသံုးျပဳရတာကို သိပ္ကို သေဘာက်လို႔ သူတို႔ ေတာ္ေၾကာင္း ထက္္ေၾကာင္းကို အနားကသူေတြကေတာင္ သိေနၾကပါတယ္။

(၂) တည္တံ့တယ္

ခၽြဲရတာကို ရွက္တတ္ၾကၿပီး ခၽြဲၿပီး အခြင့္အေရး ယူရတာမ်ိဳးကို လိပ္ျပာလည္း မလံုသလို ျဖစ္တတ္ၾကပါတယ္။

ဒါေၾကာင့္ သူတို႔ေတြက ခၽြဲတာကို အရည္အခ်င္း တစ္ခုလို လုပ္တဲ့သူေတြကိုလည္း အထင္မႀကီးတတ္ၾကပါဘူး။

သူတို႔ ကိုယ္တိုင္လည္း ေပ်ာ္ခ်င္ေပ်ာ္မယ္၊ ေပါေတာေတာ ေနခ်င္ေနမယ္ဆိုေပမယ့္ ေကာင္ေလးေတြကို ခၽြဲၿပီး ဆက္ဆံတာမ်ိဳးကိုေတာ့ မလုပ္တတ္ၾကပါဘူး။

(၃) ကိုယ့္ကိုယ္ကို ေလးစားတယ္

သူတို႔က ကိုယ္တန္ဖိုး ကိုယ္ ျမွင့္ၾကတဲ့သူေတြလည္း ျဖစ္ပါတယ္။ ကိုယ့္အရည္အခ်င္းကိုလည္း ျဖည့္ဖို႔ ႀကိဳးစားတတ္ၾကသလို တျခားသူေတြအေပၚလည္း ေလးစားတတ္ၾကပါတယ္။

ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကို ေလးစားမွသာ တျခားသူေတြကလည္း ကိုယ့္အေပၚ ေလးစားမွာ ျဖစ္တယ္လို႔လည္း ခံယူထားတတ္ၾကပါတယ္။

(၄) အျမင္တင့္တယ္တယ္

ကေလးဘဝမွာပဲ ခၽြဲတာက ခ်စ္ဖို႔ေကာင္းတယ္လို႔ အျမင္ခံရတာ ျဖစ္ပါတယ္။ အသက္ေတြ ႀကီးလာတာနဲ႔အမွ် ရင့္က်က္ၿပီး တည္ၿငိမ္လာတဲ့သူကိုသာ လူအမ်ားက လက္ခံေလးစားၾကတာ ျဖစ္ပါတယ္။

အသက္နဲ႔ မလိုက္ေအာင္ ခၽြဲေနတာမ်ိဳးက ကိုယ့္ကို အထင္ေသးမႈ ျဖစ္ေစႏိုင္တဲ့ အခ်က္လည္း ျဖစ္လို႔ မခၽြဲတတ္တဲ့ ေကာင္မေလးေတြက တည္ၿငိမ္တယ္လို႔ လူအမ်ားက ျမင္တာမ်ိဳး ခံၾကရပါတယ္။

(၅) ယံုၾကည္မႈ ရွိတယ္

ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိတဲ့သူေတြက ဘာလုပ္လုပ္ ေအာင္ျမင္မႈ ရတာ မ်ားပါတယ္။

မခၽြဲတတ္လို႔ ရွက္စရာလို႔ သူတို႔က မျမင္ဘဲ ဒါက ကိုယ့္အားသာခ်က္လို႔ ျပန္ေျပာင္း ျမင္တတ္ၾကပါတယ္။

ဒီအခ်က္ေၾကာင့္ သူတို႔က မခၽြဲတတ္ျခင္းကို ဂုဏ္ယူၿပီး အလုပ္ေတြ မွန္သမွ်ကို ရလဒ္ေကာင္းမြန္ေအာင္သာ လုပ္ေဆာင္တတ္ၾကပါတယ္။

ဒီအခ်က္က သူတို႔ရဲ႕ ဆြဲေဆာင္မႈ ရွိေနေစတဲ့ အခ်က္တစ္ခ်က္လည္း ျဖစ္ေနပါေသးတယ္။

ခမ္း

Unicode Version

မချွဲတတ်တဲ့ ကောင်မလေးတွေမှာသာရှိနေတဲ့ အားသာချက်များ…

ချွဲတတ်တဲ့ ကောင်မလေးတွေက ချစ်ဖို့ကောင်းတယ်လို့ ဆိုကြပါတယ်။ ချွဲတတ်တဲ့ မိန်းကလေး ရှိသလို မချွဲတတ်တဲ့ ကောင်မလေးတွေလည်း ရှိနေပါတယ်။

သူတို့ကတော့ မချွဲတတ်တာ ကိစ္စမရှိဘူးလို့ ယူဆကြပြီး အားသာချက်တွေလည်း ပိုင်ဆိုင်ထားကြပါတယ်။ သူများတဲ့ မတူစွာပဲ သူတို့က အခုလို အားသာမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

(၁) ထက်မြက်တယ်

သူတို့တွေက ဉာဏ်ကောင်းကြတတ်ပါတယ်။ ချွဲတာထက် ဉာဏ်ရည်က ပိုပြီး အသုံးကျတယ်လို့ ယူဆကြသလို သူတို့ကိုယ် သူတို့လည်း ယုံကြည်မှု ရှိကြပါတယ်။

ကိုယ့်အရည်အချင်းကို ဉာဏ်ရည်က တဆင့် အသုံးပြုရတာကို သိပ်ကို သဘောကျလို့ သူတို့ တော်ကြောင်း ထက်ကြောင်းကို အနားကသူတွေကတောင် သိနေကြပါတယ်။

(၂) တည်တံ့တယ်

ချွဲရတာကို ရှက်တတ်ကြပြီး ချွဲပြီး အခွင့်အရေး ယူရတာမျိုးကို လိပ်ပြာလည်း မလုံသလို ဖြစ်တတ်ကြပါတယ်။

ဒါကြောင့် သူတို့တွေက ချွဲတာကို အရည်အချင်း တစ်ခုလို လုပ်တဲ့သူတွေကိုလည်း အထင်မကြီးတတ်ကြပါဘူး။

သူတို့ ကိုယ်တိုင်လည်း ပျော်ချင်ပျော်မယ်၊ ပေါတောတော နေချင်နေမယ်ဆိုပေမယ့် ကောင်လေးတွေကို ချွဲပြီး ဆက်ဆံတာမျိုးကိုတော့ မလုပ်တတ်ကြပါဘူး။

(၃) ကိုယ့်ကိုယ်ကို လေးစားတယ်

သူတို့က ကိုယ်တန်ဖိုး ကိုယ် မြှင့်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်အရည်အချင်းကိုလည်း ဖြည့်ဖို့ ကြိုးစားတတ်ကြသလို တခြားသူတွေအပေါ်လည်း လေးစားတတ်ကြပါတယ်။

ဒီလိုမျိုး ကိုယ့်ကိုယ်ကို လေးစားမှသာ တခြားသူတွေကလည်း ကိုယ့်အပေါ် လေးစားမှာ ဖြစ်တယ်လို့လည်း ခံယူထားတတ်ကြပါတယ်။

(၄) အမြင်တင့်တယ်တယ်

ကလေးဘဝမှာပဲ ချွဲတာက ချစ်ဖို့ကောင်းတယ်လို့ အမြင်ခံရတာ ဖြစ်ပါတယ်။ အသက်တွေ ကြီးလာတာနဲ့အမျှ ရင့်ကျက်ပြီး တည်ငြိမ်လာတဲ့သူကိုသာ လူအများက လက်ခံလေးစားကြတာ ဖြစ်ပါတယ်။

အသက်နဲ့ မလိုက်အောင် ချွဲနေတာမျိုးက ကိုယ့်ကို အထင်သေးမှု ဖြစ်စေနိုင်တဲ့ အချက်လည်း ဖြစ်လို့ မချွဲတတ်တဲ့ ကောင်မလေးတွေက တည်ငြိမ်တယ်လို့ လူအများက မြင်တာမျိုး ခံကြရပါတယ်။

(၅) ယုံကြည်မှု ရှိတယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူတွေက ဘာလုပ်လုပ် အောင်မြင်မှု ရတာ များပါတယ်။

မချွဲတတ်လို့ ရှက်စရာလို့ သူတို့က မမြင်ဘဲ ဒါက ကိုယ့်အားသာချက်လို့ ပြန်ပြောင်း မြင်တတ်ကြပါတယ်။

ဒီအချက်ကြောင့် သူတို့က မချွဲတတ်ခြင်းကို ဂုဏ်ယူပြီး အလုပ်တွေ မှန်သမျှကို ရလဒ်ကောင်းမွန်အောင်သာ လုပ်ဆောင်တတ်ကြပါတယ်။

ဒီအချက်က သူတို့ရဲ့ ဆွဲဆောင်မှု ရှိနေစေတဲ့ အချက်တစ်ချက်လည်း ဖြစ်နေပါသေးတယ်။

ခမ်း