Cele News
ရေမွန့်ရဲ့နာရေးကူငွေတွေကို Idiots Band အဖွဲ့သားတွေက မတရားသဖြင့်တောင်းဆိုခဲ့တာတွေရှိကြောင်း…
အဆိုတော်ရေမွန်ကတော့ သူချစ်တဲ့မိသားစုတွေရော သူငယ်ချင်းတွေရောအားလုံးကို နှုတ်ဆက်ထွက်ခွာသွားတာ အခုဆိုရင် (၆)လကျော်တိုင်ရှိခဲ့ပြီပဲဖြစ်ပါတယ်။
ရေမွန်မရှိတော့ပေမယ့် သူ့ရဲ့မိခင်ခင်မြတ်မွန်ကတော့ ရေမွန်အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးသလို ရေမွန့်ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက်လည်း အမှတ်တရတွေကို ဝေမျှနေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ခင်မြတ်မွန်က ရေမွန့်ရဲ့ နာရေးကူငွေတွေကို Idiots Band အဖွဲ့သားတွေက မတရားသဖြင့် တောင်းဆိုခဲ့တာတွေရှိကြောင်း အခုလိုပဲ ဖော်ထုတ်လာပါ။
တယ်။“သား(ဖိုးလုံး)ရေ..အန်တီသားတို့ကိုပေးခဲ့တဲ့ (၆၈)သိန်းကိုအန်တီမှတ်မှတ်ယယရှိနေတာက တစ်လုံးတစ်ခဲ ထဲပေးလိုက်တာမို့ပါ။
ကျန် တစ်ခြားလှူဒါန်းပေးကမ်းခဲ့တာတွေကတော့ ဟိုအဖွဲ့တစ်သိန်း၊ဒီအသင်းနှစ်သိန်းနဲ့ အနဲအကျဉ်းစီ လစဉ်ခွဲလှူခဲ့တာမို့ အသေးစိတ်မမှတ်ထားမိတာတစ်ကြောင်း စာရင်းအတိအကျလဲမရှိလို့မဖေါ်ပြဖြစ်တာပါ။
(၆၈)သိန်းရဲ့ ဇာတ်လမ်းအစကလဲ သားတို့ကစခဲ့တာမို့သိပြီးသားဖြစ်မှာပါ။ မေ့နေတယ်ထင်လို့ အစဖေါ်လိုက်ပါ့မယ်။
ဒီလိုလေ.. တွတ်ပီရက်လည်ပြီးနောက်တစ်နေ့ (30.6.21)တွတ်ပီအခန်းမှာငွေစာရင်းရှင်းဖို့ သားတို့ခေါ်လို့အန်တီတို့လာတယ်။
သားတို့ Acc အသီးသီးမှ လက်ခံထားတဲ့ တွတ်ပီနာရေးကူငွေ၊ရက်လည်နေ့ ရငွေအားလုံးစာရင်းချုပ်၊ရက်လည်နေ့ အသုံးစရိတ်နှုတ်ဖြတ်ပြီး လက်ကျန်ငွေကို အသုဘရှင်(အမေဖြစ်သူ) အန်တီ့ဆီ အပ်ပီး
ကျန်ရစ်သူမိသားစု‌ရှေ့ရေးအတွက် အစီအစဉ်‌တစ်ခုခု ဆွဲ‌ပေးမယ်လို့ထင်မှတ်ထားခဲ့တာ တုံတုံ့ကိုလဲ (တွတ်ပီမရှိတော့လို့အားမငယ်ဖို့၊ ရှေ့ဆက်ပြီး fatherless child (ခုတော့ရာထူးတိုးပြီး Uncleless ပါဖြစ်သွားပြီ)
လူမမယ်ခလေးအတွက်ဘာစီစဉ်ထားလဲ.? ထုတ်ခဲ့တဲ့ခွေ Album ထဲကသီချင်းတွေ mvရိုက်ချင်လား..? တွတ်ပီသီ ချင်းတစ်ချို့ ပြန်ဆိုချင်လား..?
အန်တီ(အမေအိုကြီး)ရော ရှေ့လျှောက် ဘာအစီအစဉ်ရှိလဲ ကျနော်တို့ရှိတယ်၊အား မငယ်နဲ့..) ဆိုတဲ့အားပေးစကားတွေ၊Plan တွေ အရင်းနှီးဆုံးတွေဆီက ကြားရမယ်၊ပြောဆိုတိုင်ပင် ကြမယ်လို့ မျှော်လင့်ထားခဲ့တာ။
(တကယ်လဲ အဲ့လိုဖြစ်သင့်တာလေ)”“တကယ်လက်တွေ့မှာတော့ သားကဦးဆောင်ပြီး(တစ် Band လုံးရဲ့ကိုယ်စား)စတင်ပြောခဲ့တာက ဒီကာလမှာ ငွေကြေးအခက်အခဲရှိလို့
တွတ်ပီနာရေးကူငွေထဲက Idiots အဖွဲ့သားဟောင်း(၃)ဦးနဲ့အဖွဲ့သားအသစ်တစ်ဦး၊ပေါင်း(၄)ဦးတို့အတွက် July တစ်လစာအသုံးစရိတ်ဆိုပြီးတောင်း လို့ အန်တီသားတို့(၃)ဦးအတွက် (၁၅သိန်း)နဲ့
အသစ်အတွက်(၃)သိန်း စုစုပေါင်း(၁၈)သိန်းပေးဖို့သဘောတူခဲ့ တယ်။
သားကဘဲဆက်ပြီးတော့ သားတို့(ဟောင်း)၃‌ယောက် ဒီကာလမှာ လုပ်ကိုင်စားသောက်ဖို့ တစ်ဦးလျင် Truck ကားတစ်စီး(ခန့်မှန်းဈေးတစ်စီးလျင် ကျပ်သိန်းခုနှစ်ဆယ်မှကျပ်တစ်ရာခန့်ရှိ)နဲ့ (၃)စီးဝယ်ပေးဖို့တောင်းဆိုခဲ့ တယ်
အန်တီဟာ သိပ်ချစ်ရတဲ့သား ဆုံးရှုံးခဲ့တာ ပူပူနွေးနွေးရက်ပိုင်းလေးဘဲရှိသေး (၈ရက်မြောက်နေ့ပါ)
တာကြောင့် သားစိတ်နဲ့ရူးမတတ်စိတ်လွတ်နေတဲ့ အမေမို့ အမှန်အမှား၊ဖြစ်သင့်မဖြစ်သင့် မဝေခွဲနိုင်လောက်အောင် ထွေနေချိန် ဘာမှမစဉ်းစားနိုင်ဘဲခေါင်းငြိမ့်ခဲ့မိတယ်။
သားကထပ်မံပြီး နာရေးကူငွေနဲ့ မြို့ပြင်ဖက်မှာခြံတစ်ခြံဝယ် ထားမယ်။ နောင် အိမ်ဆောက်ပြီး သားတို့သင်တန်းဖွင့်စားမယ် ဆိုတဲ့တောင်းဆိုမှုကိုလဲ ရင်ကွဲနာကျနေတဲ့အရူး မကြီးက ဘာမှမဆင်ခြင်နိုင်ဘဲ လက်ခံခဲ့ပြန်ရော
အန်တီကတော့ တောင်းဆိုသမျှတွေအားလုံးခေါင်းငြိမ့်ခဲ့တာပေါ့၊ အန်တီ့စိတ်ထဲလတ်တလော တွတ်ပီအပူကြီးလွန်းလို့တခြား ဘာကိုမှထည့်မစဉ်းစားနိုင်ဘဲကိုး
အိမ်ပြန်ရောက်လို အေးအေးဆေးဆေးစဉ်းစားကြည့်တော့မှ သေဆုံးသူက Raymond လေ။ Idiots တစ်ဖွဲ့လုံးဆုံးတာမှမဟုတ်တာ ရခဲ့တာလဲနာရေးကူငွေလေ !!!
သားတို့စိတ်တိုင်းကျခွဲဝေယူရအောင် Idiots show ပွဲတီးခမဟုတ်သလို ဘဏ္ဍာထိ န်းဂေါပက ၊ဖျောင်ထားတဲ့ဘုရားအလှုခံငွေလဲမဟုတ်ဘူး။
နာရေးတစ်ခုဖြစ်ရင် သေဆုံးသူရဲ့အဓိက တော်စပ်သူ၊နစ် နာသူတွေကဘဲ ကောင်းကျိုးဆိုးကျိုးခံစားဖြေရှင်းကြရမှာမဟုတ်လား..?”
“သဘာဝမကျတဲ့ပြင် Fair မဖြစ်ဘူးထင် လို့ သားတို့တောင်းဆိုခဲ့တဲ့ အကြီးကြီး(၃)ချက်ထဲက တစ်လစာ(၁၈)သိန်း + တတ်နိုင်သလောက်သဒ္ဒါကြေး သိန်း(၅၀)၊ပေါင်း(၆၈)သိန်းဘဲပေးနိုင်ခဲ့တယ်။
တောင်းဆိုသမျှသာအကုန်လိုက်လျောပြီ ရူးကြောင်ကြောင်နဲ့ ထုတ်ပေးခဲ့ရင် သားဖေါ်ခဲ့တဲ့ သိန်းတစ်‌ထောင်တောင်‌မ‌လောက်‌လောက်ဘူး
တွတ်ပီတစ်လပြည့်အလှူအတွက် တက်သွားတဲ့အချိန်(၆၈)သိန်းကိစ္စ သား ဖုံးဆက်တော့ အဲ့ဒီငွေဟာ အန်တီအစထဲကစိတ်ပိုင်းဖြတ်ပြီးပေးခဲ့တာ။
သားတို့ဘာဘဲလုပ်လုပ်အန်တီနဲ့မဆိုင်တော့တာမို့ ပြန်ယူဖို့အကြောင်းမရှိပါ။ ပြန်လက်မခံတော့ (တကယ်တော့ ၆၈ သိန်းဆိုတာကျနော်တို့အတွက် ပါးပါးလေးပါ၊
ကျနော်တို့လဲ ဒီဖက်မှာအလှူငွေတွေ အများကြီးရထားပါ‌သေးတယ်)လို သားပြောခဲ့တယ်။ ကူငွေမှန်သမျှဟာ တွတ်ပီဆုံးလို့ရတာမို့ ကျန်ရစ်သူမိသားစုနဲ့ဘဲ သက်ဆိုင်တယ်လို့ထင်ပါတယ်။
ခုလိုကြပ်တည်းခက်ခဲကြတဲ့ကာလမှာ ငွေ(၆၈)သိန်းကို ပါးပါးလေးလို့ သားတို့ သဘောထားနိုင်ခဲ့တဲ့အတွက် ဂုဏ် လဲယူပါတယ်။
ဘယ်တော့မှပြန်မလာနိုင်တော့တဲ့တွတ်ပီ အသက်နဲ့ရင်းထားလို့ရခဲ့တဲ့ နာရေးကူငွေဟာ အန်တီ တို့အတွက်တစ်ကျပ်ဆိုလဲတန်ဖိုးရှိပါတယ်။ တန်ဖိုးထားရပါတယ်။ တွတ်ပီဟာ တန်ဖိုးမဖြတ်နိုင်သူပါ။
သားရဲ့(ပါးပါးလေးပါ)ဆိုတဲ့စကားအတွက် အန်တီအတော်လေးစိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။
နောက်တစ်ခု တွတ်ပီသေ ဆုံးလို့သင်္ဂြိုလ်ပြီးတာမှ တစ်ပါတ်(၈ရက်မြောက်နေ့)ဘဲရှိသေး တွတ်ပီရဲ့အရိုးပြာကအပူငွေ့တောင်မကုန်သေးဘဲ ငွေ့ငွေ့လေးနွေးနေသေးချိန်
ပရိဒေဝမီးတောက်လောင်နေတဲ့ အန်တီတို့ကို မိဘသေလို့သားသမီးတွေလောဘ တက်ပြီး အမွေခွဲသလို၊အမဲဖျက်ဖို့ ကြံရက်ကြတာကိုတော့အံ့ဩခြင်းကြီးစွာနဲ့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်”
“တွတ်ပီ သိခဲ့ကြားခဲ့ရင်လဲ သူသံယောဇဉ်ကြီးလွန်း၊ယုံကြည်စိတ်ချလွန်းပြီး ညီအကိုလိုပေါင်းသင်းဆက်ဆံခဲ့တဲ့ သူတွေက ကျန်ရစ်တဲ့သူ့မိသားစု အပေါ်မကြံသင့်တာကြံခဲ့ကြတဲ့အတွက် အံ့ဩပြီးစိတ်မကောင်းဖြစ်မလား၊
ဒေါသတွေဘဲထွက်မလား..? ဒါပါဘဲသားရေ..တွတ်ပီပြခန်းလေးအတွက်အန်တီတို့တင်ခဲ့တဲ့ post အပေါ် မလိုသူတစ်ချို့ရဲ့ပွဲဖျက်တဲ့ com: တွေအတွက် သံသယရှင်းအောင်ဖြေရှင်းခဲ့ရာမှာ
လတ်တလောမှတ်မိပြီး Amount များခဲ့တဲ့(၆၈)သိန်းကို ရိုး သားစွာစာရင်းချပြခဲ့တာဘဲရှိပါတယ်။ ဒါကိုEthic မရှိစွာ၊စာနာထောက်ထားမှုမဲ့စွာ (လိုလဲမလိုအပ်ဘဲ)သိန်း တစ်ထောင်ကျော်ရပါတယ်လို့ public မှာချပြခြင်းဟာ
အန်တီတို့နဲ့ တွတ်ပီ fan တွေကြား နားလည်မှုလွဲမှားအောင် ရန်တိုက်၊ပွဲဖျက်ပေးတယ်လို့ သဘောပေါက်ပါတယ်။ မိသားစုအတွက် Safe မဖြစ်နိုင်တာလဲ ဟုတ်တယ်။
နာရေး ကူငွေတွေအတွက်အားလုံးသော ချစ်ခင်သူ၊စေတနာရှင်များကို လှိုက်လှစွာ So thanks ပါလို့ပြောရုံမှတပါး ဘယ် အသုဘရှင်မှ ကူငွေ၊အသုံးစရိတ်ကိုချပြဖို့မလို၊ချပြရိုးထုံးစံမရှိတာ
မေးမြန်းရိုး၊ဖေါ်ထုတ်ရိုးထုံးစံမရှိတာ လူ့ကျင့်ဝတ် နားလည်သူအားလုံးသိရှိ လက်ခံပြီးသားမို့ မြွေမှန်ရင်တွင်းဝင်ဖြောင့်ပါတယ်။ လုပ်ဆောင်ခဲ့တဲ့ကိစ္စတွေအပေါ် လိပ်ပြာလုံပါတယ်သားရေ။
ပွဲဖျက်ဖို့ကြိုးစားရတာ ပင်ပန်းပါတယ်။ လူတိုင်းဟာ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းကြရမှာဘဲ။ အလှူငွေတစ်ထောင်ကျော်ဘဲရရ တစ်သောင်းကျော်ဘဲဖြစ်ဖြစ်
စေတနာရှင်တွေရဲ့ကျေနပ်စွာစိတ်ဖြတ်လှူဒါန်းခဲ့ကြတဲ့ သဒ္ဒါတရားဟာ ကျန်ရစ်သူမိသားစုနဲ့ဘဲသက်ဆိုင်တာမို့ အားလုံးကို အန်တီတို့စာရင်းချပြဖို့မလိုအပ်သလို ခရေစေ့တွင်းကျဖြေဆိုဖို့လဲတာဝန်မရှိပါဘူး။
ကိန်းဂဏန်းအတိ အကျချပြခြင်းဟာ ယနေ့ Lawless Country မှာ မားမားမတ်မတ်ရပ်တည်ပေးမဲ့ ယောက်ျားသနာမရှိတော့တဲ့ မိန်းမသား ၂ဦးနဲ့လူမမယ်အရွယ်ခလေးငယ်တို့အတွက်
အန္တရာယ်များမှန်း ဆင်ခြင်တုံတရားရှိသူတိုင်း သိကြမှာပါ။
ခုတော့…သားပြောလို့သိသွားကြပြီ But လုံခြုံတဲ့နေရာမှာ သိမ်းထားတာမို့ No problem သားလဲ(၆၈) သိန်းကိစ္စ အန်တီနဲ့တကွ အားလုံးကို စာရင်းအတိအကျချပြဖို့မလိုပါ။
အန်တီကျေနပ်စွာပေးခဲ့တဲ့ငွေမို့ သားတို့ကြိုက်သလိုလုပ် ပါ။ တွတ်ပီအတွက်တော့ သူ့အမေနဲ့မိသားစုက မစားရရင်နေ၊ငတ်ကာမှငတ်ရော အမြဲကုသိုလ်ပြု လှူဒါန်းပေးသွား မှာပါ။
သားတို့တောင်းဆိုခဲ့တဲ့ Truck ကား(၃)စီး၊ ခြံဝယ်ပြီးသင်တန်းဖွင့်ရန် ကိစ္စတွေမဖြည့်ဆည်း၊ မလိုက်လျောပေးနိုင်ခဲ့တဲ့ အတွက်တော့ စိတ်မကောင်းပါဘူး So so sorry…
ဒီပြသနာတွေကို တွတ်ပီတစ်နေရာ ကကြားသိခဲ့ရင် သူ့မိသားစုအတွက် အတော်လေးစိတ်မကောင်းဖြစ်နေမှာဘဲ သူ စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့နိုင်မယ် မထင်ဘူး…
Truck carနဲ့ခြံဝယ်ဖို့ကိစ္စတွေမဖြစ်မြောက်ခဲ့လို့ တစ်ကိုယ်လုံးတက်တူးအပြည့်ထိုးထားပြီး ယောင်္ကျားရင့်မကြီး တစ်‌ယောက်လုံး(၁၀)နှစ်ကျော် ကိုယ်ပေးကမ်း၊ထောက်ပံ့ စောင့်ရှောက် ပညာပေး၊အလုပ်ပေးခဲ့ဖူးတဲ့မျက်နှာမှမထောက်
f.b ပေါ်ရော အပြင်မှာပါ ကက်ကက်လန်အောင်ရန်တွေ့ခံခဲ့ရတဲ့ အကြောင်းတွေ တွတ်ပီရက် လည်ပြီးနောက်နေ့ သူအင်မတန်နှစ်ခြိုက်မြတ်နိုးသုံးစွဲခဲ့တဲ့ (Ps 5 game စက်ကြီးကို)စကားတွေနဲ့ တန်ဆာဆင်
အကြောင်းပြ လှည့်ပတ်တောင်းရမ်းခဲ့တဲ့အံ့ဖွယ်ကိစ္စတွေ အန်တီတို့ (၇)လကျော် ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။
”“ဒါဟာလဲ ကျန်ခဲ့တဲ့ Idiots band အနာဂတ်ပုံရိပ်နဲ့ တွတ်ပီအရမ်းမျှော်လင့်အားစိုက်ခဲ့ရတဲ့ 3 rd Album လေးထွက်ရှိဖို့အရေးမချောမွေ့မှာစိုးလို့ ခံစားရတာ၊ခံပြင်းခဲ့ရတာတွေဘယ်သူ့မှ ရင်မဖွင့်ဘဲ ကြိတ်မှိတ်မျိုချခဲ့တာပါ။
ခုဖွင့်ချဖို့မလိုအပ်တဲ့ သိန်းတစ်ထောင်ကိစ္စကိုသားက ဖွင့်ချပြီး ပွဲဖျက်ဖို့ကြံရွယ်ခဲ့တာမို့ ဆက်စပ်အကြောင်းအရာတွေကို ပရိတ်သတ်နဲ့ fan တွေရှင်းရှင်းလင်းလင်းသိရအောင် (မတတ်နိုင်တဲ့အဆုံး)ချပြလိုက်ပါပြီ
လှူချင်သူ ၊မလှူလိုသူ အားလုံးကိုယ့်သဘောကိုယ်ဆောင်ပါတယ်။ အန်တီဟာ တွတ်ပီကိုတစ်သက်တာလုံး လမ်းညွန်ဆုံးမခဲ့ တာ (အရာရာမှာ ရိုးသားဖြူစင်ဖို့ပါ)
သားသမီးကိုဆိုဆုံးမခဲ့တဲ့အတိုင်း အန်တီလဲ တစ်သက်တာလုံး ကျင့်သုံးခဲ့ပါတယ်။ ဆက်လက်ပြီးလဲကျင့်သုံးသွားဦးမှာပါ။ ခြွင်းချက်တော့ရှိတယ်။ ရိုးသားဖြူစင်တာဟာ မတရားမှု၊အနိုင်ကျင့်မှုတွေကို သီးခံရမယ်လို့တော့ မဆိုလိုဘူး။
အန်တီကတော့ တစ်ဘဝစာလုံးသုံးစွဲခဲ့တဲ့ဆောင်ပုဒ်‌လေးတွေအတိုင်း ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းကြရမယ်။ ရွက်မရှိတက်နဲ့၊တက်မရှိလက်နဲ့လှော်သွားမှာပါ။
(အန်တီသားဆီကိုရေးပို့တဲ့ ဒီစာတစ်လုံးချင်း၊တစ်ကြောင်းချင်းအတွက် တာဝန်ယူပါတယ် အမှန်တရားစစ်စစ်တွေမို့ပါ) ငြိမ်းချမ်း ၊ပျော်ရွင်၊အောင်မြင်ပါစေ”ဆိုပြီး ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။
Source – Khin Myat Mon