Knowledge

မိန္းကေလးျဖစ္ရျခင္းက ေယာက်ၤားေလးေတြထက္ ပိုၿပီးအားသာေနတဲ့အခ်က္မ်ား…

မိန္းကေလးျဖစ္ရျခင္းက ေယာက်ၤားေလးေတြထက္ ပိုၿပီးအားသာေနတဲ့အခ်က္မ်ား…

မိန္းကေလးေတြ ျဖစ္ရတာ အလုပ္ရႈပ္တယ္လို႔ ေျပာၾကေလ့ ရွိပါတယ္။ တကယ္တမ္းမွာလည္း မိန္းကေလး ျဖစ္တာ မလြယ္ပါဘူး။

ဒီလို မလြယ္ျခင္းရဲ႕ ေနာက္မွာ အားသာခ်က္ေတြ အမ်ားႀကီး ပိုင္ဆိုင္ေနတာကလည္း မိန္းကေလးေတြပဲ ျဖစ္ပါတယ္ …။

မိန္းကေလးေတြရဲ႕ အခက္အခဲေတြနဲ႕အတူ ပိုင္ဆိုင္ထားၾကတဲ့ အားသာခ်က္ေတြကေတာ့….

(၁) ကိုယ္ဝန္ေဆာင္နိုင္ျခင္း

လူသားေတြ ရွင္သန္ေနရျခင္း အေၾကာင္းအရင္းေတြမွာ အမ်ိဳးသမီးေတြက အေရးပါပါတယ္။

မ်ိဳးဆက္သစ္ေတြကို ေမြးထုတ္ေပးနိုင္တဲ့ ခႏၶာကိုယ္တည္ေဆာက္ပုံေၾကာင့္ လူသားေတြ မ်ိဳးဆက္ျပန့္ပြားလို႔ ရတာပါ။

ဒါက ေယာကၤ်ားေလးမွာ မရွိတဲ့ မိန္းကေလးေတြရဲ႕ အားသာခ်က္တစ္ခုပါပဲ။

(၂) အေသးစိတ္ ေတြးနိုင္ျခင္း

မိန္းကေလးေတြရဲ႕ ဦးႏွောက္အလုပ္လုပ္ပုံက ခြဲျခမ္းစိတ္ျဖာေတြးတာမ်ိဳးကို ပိုၿပီး အားသာၾကတာ ျဖစ္ပါတယ္။

ဒါကို စုံတြဲေတြမွာ သိသာစြာ ျမင္ရနိုင္ပါတယ္။ မိန္းကေလးေတြက ေတြးၿပီး ေျပာၾကတာကို ေကာင္ေလးေတြက ဘာကိုဆိုလိုမွန္း မသိရတာ ဒီအခ်က္ေၾကာင့္ပါပဲ …။

(၃) အခက္အခဲကို ရင္ဆိုင္နိုင္စြမ္း

မိန္းကေလး ျဖစ္ရတာ မလြယ္ပါဘူး။

ေႏွာင့္ယွက္ စေနာက္တာေတြ၊ အထင္ေသးဆက္ဆံတာေတြ၊ ဖိႏွိပ္ခံရတာေတြနဲ႕ ပတ္ဝန္းက်င္ရဲ႕အၿမဲေစာင့္ၾကည့္ၿပီး ေျပာဆို ခံရတာေတြကို ႀကဳံၿပီး ႀကီးျပင္းရတာ ျဖစ္သလို

လက္တစ္ကမ္းမွာ အႏၱရာယ္ ရွိတာကို အၿမဲ သတိနဲ႕ ေနရတာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး အခက္အခဲေတြနဲ႕ ႀကီးျပင္းလာၾကလို႔ ရင္ဆိုင္နိုင္စြမ္း ျမင့္မားၾကပါတယ္။

(၄) ဖက္ရွင္အတြက္ ေ႐ြးခ်ယ္စရာ မ်ားျခင္း

ဖက္ရွင္ဆိုတာ လူေတြအတြက္ စတိုင္က် ၾကည့္ေကာင္း႐ုံသာမက ရာသီဥတုဒဏ္က ကာကြယ္ေပးပါတယ္။

ဒီလိုမ်ိဳး အဝတ္အစားေ႐ြးခ်ယ္ရာမွာေတာ့ မိန္းကေလးေတြက ေယာကၤ်ားေလးေတြ ပိုတဲ့ ပုံစံမ်ိဳးစုံကို ေ႐ြးခ်ယ္ခြင့္ ရွိတာကလည္း အားသာခ်က္ တစ္ခုပါပဲ။

(၅) စြန္႔လႊတ္နိုင္စိတ္

အမ်ိဳးသမီးေတြက ႀကီးက်ယ္ျမင့္ျမတ္ေၾကာင္းကို မိခင္ေတြကို ၾကည့္ၿပီး ေျပာၾကေလ့ ရွိပါတယ္။ သားသမီးေတြ စေမြးဖြားကလည္း မိခင္ဆိုတာ အသက္ကို ရင္းခဲ့ၾကပါတယ္။

ဒီလို စိတ္အေျခအေနက မိခင္စိတ္ေၾကာင့္ ျဖစ္ေပၚလာတာ ျဖစ္ၿပီး အေမခ်င္း ကိုယ္ခ်င္းစာစိတ္၊ အမ်ိဳးသမီးခ်င္း ကိုယ္ခ်င္းစာစိတ္ ရွိတတ္ၾကၿပီး

စြန္႔လႊတ္နိုင္စြမ္းက အမ်ိဳးသားေတြထက္ အမ်ိဳးသမီးမွာ ပိုရွိတတ္တာကလည္း ခ်ီးက်ဴး ဂုဏ္ယူစရာ အခ်က္ တစ္ခ်က္ပါပဲ …။

Kham

Unicode Version ျဖင္႔ဖတ္ရန္

မိန်းကလေးဖြစ်ရခြင်းက ယောင်္ကျားလေးတွေထက် ပိုပြီးအားသာနေတဲ့အချက်များ…

မိန်းကလေးတွေ ဖြစ်ရတာ အလုပ်ရှုပ်တယ်လို့ ပြောကြလေ့ ရှိပါတယ်။ တကယ်တမ်းမှာလည်း မိန်းကလေး ဖြစ်တာ မလွယ်ပါဘူး။

ဒီလို မလွယ်ခြင်းရဲ့ နောက်မှာ အားသာချက်တွေ အများကြီး ပိုင်ဆိုင်နေတာကလည်း မိန်းကလေးတွေပဲ ဖြစ်ပါတယ်။

မိန်းကလေးတွေရဲ့ အခက်အခဲတွေနဲ့အတူ ပိုင်ဆိုင်ထားကြတဲ့ အားသာချက်တွေကတော့….

(၁) ကိုယ်ဝန်ဆောင်နိုင်ခြင်း

လူသားတွေ ရှင်သန်နေရခြင်း အကြောင်းအရင်းတွေမှာ အမျိုးသမီးတွေက အရေးပါပါတယ်။

မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် လူသားတွေ မျိုးဆက်ပြန့်ပွားလို့ ရတာပါ။

ဒါက ယောင်္ကျားလေးမှာ မရှိတဲ့ မိန်းကလေးတွေရဲ့ အားသာချက်တစ်ခုပါပဲ။

(၂) အသေးစိတ် တွေးနိုင်ခြင်း

မိန်းကလေးတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံက ခွဲခြမ်းစိတ်ဖြာတွေးတာမျိုးကို ပိုပြီး အားသာကြတာ ဖြစ်ပါတယ်။

ဒါကို စုံတွဲတွေမှာ သိသာစွာ မြင်ရနိုင်ပါတယ်။ မိန်းကလေးတွေက တွေးပြီး ပြောကြတာကို ကောင်လေးတွေက ဘာကိုဆိုလိုမှန်း မသိရတာ ဒီအချက်ကြောင့်ပါပဲ။

(၃) အခက်အခဲကို ရင်ဆိုင်နိုင်စွမ်း

မိန်းကလေး ဖြစ်ရတာ မလွယ်ပါဘူး။

နှောင့်ယှက် စနောက်တာတွေ၊ အထင်သေးဆက်ဆံတာတွေ၊ ဖိနှိပ်ခံရတာတွေနဲ့ ပတ်ဝန်းကျင်ရဲ့အမြဲစောင့်ကြည့်ပြီး ပြောဆို ခံရတာတွေကို ကြုံပြီး ကြီးပြင်းရတာ ဖြစ်သလို

လက်တစ်ကမ်းမှာ အန္တရာယ် ရှိတာကို အမြဲ သတိနဲ့ နေရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အခက်အခဲတွေနဲ့ ကြီးပြင်းလာကြလို့ ရင်ဆိုင်နိုင်စွမ်း မြင့်မားကြပါတယ်။

(၄) ဖက်ရှင်အတွက် ရွေးချယ်စရာ များခြင်း

ဖက်ရှင်ဆိုတာ လူတွေအတွက် စတိုင်ကျ ကြည့်ကောင်းရုံသာမက ရာသီဥတုဒဏ်က ကာကွယ်ပေးပါတယ်။

ဒီလိုမျိုး အဝတ်အစားရွေးချယ်ရာမှာတော့ မိန်းကလေးတွေက ယောင်္ကျားလေးတွေ ပိုတဲ့ ပုံစံမျိုးစုံကို ရွေးချယ်ခွင့် ရှိတာကလည်း အားသာချက် တစ်ခုပါပဲ။

(၅) စွန့်လွှတ်နိုင်စိတ်

အမျိုးသမီးတွေက ကြီးကျယ်မြင့်မြတ်ကြောင်းကို မိခင်တွေကို ကြည့်ပြီး ပြောကြလေ့ ရှိပါတယ်။ သားသမီးတွေ စမွေးဖွားကလည်း မိခင်ဆိုတာ အသက်ကို ရင်းခဲ့ကြပါတယ်။

ဒီလို စိတ်အခြေအနေက မိခင်စိတ်ကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပြီး အမေချင်း ကိုယ်ချင်းစာစိတ်၊ အမျိုးသမီးချင်း ကိုယ်ချင်းစာစိတ် ရှိတတ်ကြပြီး

စွန့်လွှတ်နိုင်စွမ်းက အမျိုးသားတွေထက် အမျိုးသမီးမှာ ပိုရှိတတ်တာကလည်း ချီးကျူး ဂုဏ်ယူစရာ အချက် တစ်ချက်ပါပဲ။

Kham