Healthy

ကျန်းမာရေး ညံ့နေသူတိုင်းအတွက် လွယ်ကူ အရိုးရှင်းဆုံးယတြာ

ကျန်းမာရေး ညံ့နေသူတိုင်းအတွက် လွယ်ကူ အရိုးရှင်းဆုံးယတြာ

ကျန်းမာရေး ညံ့နေသူတိုင်းအတွက် လွယ်ကူ အရိုးရှင်းဆုံး ယတြာ

အရင်က အသေအချာရေးခဲ့ဖူးတယ်။ ကျန်းမာရေးညံ့နေသူတိုင်းအတွက် ဆောင်ရွက်နိုင်တယ်။

ဘာမှလည်း အပန်းမကြီးဘူး။ အနီးအနား အဆင်ပြေတဲ့နေရာမှာ တင်ထား၊ ပြထားရုံပဲ။

“ဘာဓါတ်သဘောမှန်းလည်းမသိဘူး၊ ထူးတာကတော့ တကယ့်ကိုထူးတာ” တဲ့။

ဆရာကြီးမင်းသိင်္ခက အကြိမ်ကြိမ်ပြောပြထားခဲ့တာ။ “ဆေးတိုးသွားတယ်။ စားနိုင်သွားတယ်။

စိတ်ချမ်းသာလာတယ်။ သက်သာလာတယ်။ အသက်ပေါင်းများစွာ ကယ်ခဲ့ဖူးပြီ” တဲ့။

ဆောင်သူတိုင်း တကယ် ထူးခြားခဲ့ကြပါတယ်။ ကြာဇံတစ်စည်းနဲ့ ကြက်ဥစိမ်း (၁၀) လုံး။ ကြက်ဥက အစိမ်းအတိုင်းပါ။

ကြာဇံက အစည်းဖြစ်ဖြစ် အထုပ်ထုပ်ဖြစ်ဖြစ်ပါ။ မကျန်းမမာဖြစ်နေရင် ယတြာအဖြစ်လူနာကိုပြောပြပြီး တင်ထားရုံပဲ။ နေပြန်ကောင်းတဲ့အထိ တင်ထားနိုင်တယ်။

ဆေးရုံမှာဆိုရင်တော့ ဆေးရုံကဆင်းတာနဲ့ အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့ပေါ့။ သူများတွေအတွက် အများကြီး ညွှန်းဆိုကူညီခဲ့ဖူးတယ်။

အခု ဒီမနက် ကျနော့်အတွက် တင်ထားတာ။ ခေါင်းကိုက်၊ နှာစေး၊ နှာပိတ်၊ ချောင်းဆိုး၊ ခြေလက်ကိုက်ခဲ၊ မလှုပ်ချင်၊ အိပ်ရခက်၊ လေးရက်ငါးရက်.. စသည် စသည်။

တစ်ခုခုကို သံသယရှိနေလို့ ယုံကြည်စိတ်နဲ့ ‌တင်ထားပါ။ အရိုးရှင်းဆုံး ယတြာပါပဲ။

မှတ်ချက်။ တစ်စုံတရာအတွက် လှူတာမျိုးမဟုတ်ပါ။ ဒီအတိုင်း အဆောင်ယတြာအဖြစ် တင်ထားရုံပါပဲ။

လူနာကျန်းမာရင် တစ်နေရာမှာ စွန်ပစ်ရုံပါပဲ။ နာတာရှည်များအတွက်လည်း လုပ်နိုင်တယ်။

အဆင်ပြေတဲ့နေရာမှာ တင်ထားပေးပါ။ လိုအပ်သူတွေ သုံးနိုင်အောင်လို့ပါ။

အားလုံး နေကောင်းကျန်းမာ အစစအဆင်ပြေပါစေ။ အသေ၀နာ စ ဗာလာနံ။ အားလုံးသတ္တဝါ ချမ်းသာပါစေ။

သက်နှင်းဆွေ (ပုပ္ပါး)

က်န္းမာေရး ညံ့ေနသူတိုင္းအတြက္ လြယ္ကူ အ႐ိုး႐ွင္းဆုံးယၾတာ

က်န္းမာေရး ညံ့ေနသူတိုင္းအတြက္ လြယ္ကူ အ႐ိုး႐ွင္းဆုံး ယၾတာ

အရင္က အေသအခ်ာေရးခဲ့ဖူးတယ္။ က်န္းမာေရးညံ့ေနသူတိုင္းအတြက္ ေဆာင္႐ြက္ႏိုင္တယ္။

ဘာမွလည္း အပန္းမႀကီးဘူး။ အနီးအနား အဆင္ေျပတဲ့ေနရာမွာ တင္ထား၊ ျပထား႐ုံပဲ။

“ဘာဓါတ္သေဘာမွန္းလည္းမသိဘူး၊ ထူးတာကေတာ့ တကယ့္ကိုထူးတာ” တဲ့။

ဆရာႀကီးမင္းသိခၤက အႀကိမ္ႀကိမ္ေျပာျပထားခဲ့တာ။ “ေဆးတိုးသြားတယ္။ စားႏိုင္သြားတယ္။

စိတ္ခ်မ္းသာလာတယ္။ သက္သာလာတယ္။ အသက္ေပါင္းမ်ားစြာ ကယ္ခဲ့ဖူးၿပီ” တဲ့။

ေဆာင္သူတိုင္း တကယ္ ထူးျခားခဲ့ၾကပါတယ္။ ၾကာဇံတစ္စည္းနဲ႔ ၾကက္ဥစိမ္း (၁၀) လုံး။ ၾကက္ဥက အစိမ္းအတိုင္းပါ။

ၾကာဇံက အစည္းျဖစ္ျဖစ္ အထုပ္ထုပ္ျဖစ္ျဖစ္ပါ။ မက်န္းမမာျဖစ္ေနရင္ ယၾတာအျဖစ္လူနာကိုေျပာျပၿပီး တင္ထား႐ုံပဲ။ ေနျပန္ေကာင္းတဲ့အထိ တင္ထားႏိုင္တယ္။

ေဆး႐ုံမွာဆိုရင္ေတာ့ ေဆး႐ုံကဆင္းတာနဲ႔ အမိႈက္ပုံးထဲ စြန္႔ပစ္ခဲ့ေပါ့။ သူမ်ားေတြအတြက္ အမ်ားႀကီး ၫႊန္းဆိုကူညီခဲ့ဖူးတယ္။

အခု ဒီမနက္ က်ေနာ့္အတြက္ တင္ထားတာ။ ေခါင္းကိုက္၊ ႏွာေစး၊ ႏွာပိတ္၊ ေခ်ာင္းဆိုး၊ ေျခလက္ကိုက္ခဲ၊ မလႈပ္ခ်င္၊ အိပ္ရခက္၊ ေလးရက္ငါးရက္.. စသည္ စသည္။

တစ္ခုခုကို သံသယ႐ွိေနလို႔ ယုံၾကည္စိတ္နဲ႔ ‌တင္ထားပါ။ အ႐ိုး႐ွင္းဆုံး ယၾတာပါပဲ။

မွတ္ခ်က္။ တစ္စုံတရာအတြက္ လႉတာမ်ိဳးမဟုတ္ပါ။ ဒီအတိုင္း အေဆာင္ယၾတာအျဖစ္ တင္ထား႐ုံပါပဲ။

လူနာက်န္းမာရင္ တစ္ေနရာမွာ စြန္ပစ္႐ုံပါပဲ။ နာတာ႐ွည္မ်ားအတြက္လည္း လုပ္ႏိုင္တယ္။

အဆင္ေျပတဲ့ေနရာမွာ တင္ထားေပးပါ။ လိုအပ္သူေတြ သုံးႏိုင္ေအာင္လို႔ပါ။

အားလုံး ေနေကာင္းက်န္းမာ အစစအဆင္ေျပပါေစ။ အေသ၀နာ စ ဗာလာနံ။ အားလုံးသတၱဝါ ခ်မ္းသာပါေစ။

သက္ႏွင္းေဆြ (ပုပၸါး)