Beauty

ပါးျပီးၾကည့္ရဆိုးေနတဲ့ ဆံသားေတြကို သဘာ၀အတိုင္း ျပန္ထူလာေစမယ့္နည္းလမ္းမ်ား…

ပါးျပီးၾကည့္ရဆိုးေနတဲ့ ဆံသားေတြကို သဘာ၀အတိုင္း ျပန္ထူလာေစမယ့္နည္းလမ္းမ်ား…

ဆံပင္က လူတစ္ေယာက္ရဲ႕ ဒုတိယမ်က္နွာလို႕ေျပာရင္လည္းမမွားပါဘူး ။

မ်က္နွာလွပဖို႕ ခႏၶာကိုယ္လွပဖို႕ ဂရုစိုက္ျကသလို ဆံပင္ေတြ ကၽြတ္ျပီး ပါးလာမယ္၊ ထိပ္ေတြကြက္လာေနျပီဆိုရင္ေတာ့ အထူးဂရုစိုက္ေပးဖုိ႕လိုပါတယ္။

ဆံပင္ေတြျပန္ေပါက္လာေစဖုိ႕ အထိေရာက္ဆံုးျဖစ္တဲ့ နည္းေလးေတြလည္း ရွိပါတယ္။

ေဖာ္ျပပါနည္းေလးေတြကိုဂရုတစိုက္နဲ႕လုပ္ေပးပါ ၊ ထိပ္ကြက္လာတာေတြေပ်ာက္ျပီး ဆံပင္ေတြျပန္ထူလာမွာပါ။

(၁) ဆံပင္အာဟာဓါတ္ျဖည့္စြက္စာမ်ား စားပါ

လြဲမွားေနတဲ့ diet လုပ္ျခင္းေျကာင့္ အာဟာရဓာတ္မမွ်တတာေတြက ဆံပင္ေတြကၽြတ္လာတာ ၊ ပါးလာတာေတြရဲ႕အဓိကအခ်က္ပါ။

ဆံပင္အတြက္အာဟာရဓါတ္ျပန္လည္ ျပည့္၀ေစမယ့္ အစားအစာေတြကေတာ့ …

ကင္(မ္)ခ်ီ၊ ဥ အမ်ိဳးမ်ိဳး ၊ ဟင္းနုႏြယ္ရြက္ ၊ ဆယ္လ္မြန္ငါး ၊ ေထာပတ္သီး ၊ အသားမ်ား စတာေတြကို မ်ားမ်ားစားေပးရင္ေတာ့ ဦးေရျပားနဲ႕ ဆံပင္အတြက္အာဟာရဓါတ္ေတြ ျပန္ျပည့္လာမွာပါ။

(၂) ဆီနဲ႕ ႏွိပ္နယ္ေပး

ဦးေရျပားေသြးလွည့္ပတ္မွဳေကာင္းမွ ဆံပင္သန္စြမ္းျပီး ျပန္ေပါက္လာမွာပါ။

ရွားေစာင္းလက္ပတ္ဆီ၊ သံလြင္ဆီစတာေတြနဲ႕ ေခါင္းမေလ်ာ္ခင္ တစ္ရက္အလိုမွာ ဦးေရျပားကိုစြတ္ျပီး နွိပ္နယ္ေပးပါ ။

(၃) ျကက္သြန္နီရည္ အသံုးျပဳပါ

ျကက္သြန္နီရည္က အနံ႕အသက္ေတာ့သိပ္အဆင္မေျပေပမယ့္ ဆံပင္ပါးျပီး ထိပ္ကြက္လာတာေတြ အတြက္အာဟာရျဖည့္ဖို႕ေတာ့ အေကာင္းဆံုးပါပဲ။

ဆံသားအရင္းေတြကိုသန္မာေစျပီး ဆံပင္အသစ္ေတြပါ ျပန္ေပါက္လာေစပါတယ္။ ၾကက္သြန္နီကို အရည္ညွစ္ျပီးသံုးနိုင္သလို ဓားနဲ႕ နုတ္နုတ္ဆင္းျပီး ဦးေရျပားေပၚပြတ္ေပးလို႕လည္းရပါတယ္။

(၄) လက္ဖက္စိမ္းရည္

လက္ဖက္စိမ္းရည္မွာ ဆံပင္သန္ဖို႕ ျပန္ေပါက္ဖို႕အတြက္ ဓါတ္ေတြပါ၀င္ေနပါတယ္။

လက္ဖက္စိမ္းရည္ကို ရွားေစာင္းလက္ပတ္၊ သံလြင္ဆီတို႕နဲ႕လည္း တြဲလိမ္းေပးလို႕ရပါတယ္။ ေလ့လာခ်က္ေတြအရ ၈၀% အထိ ဆံပင္ေတြျပန္ေပါက္လာေစတယ္လို႕ဆိုပါတယ္။

(၅) ဆံပင္စိုေနခ်ိန္မွာ ေခါင္းမျဖီးပါနဲ႔

ဆံသားစိုေနခ်ိန္မွာ ဆံပင္ေတြကၽြတ္လြယ္၊ ျပတ္လြယ္ပါတယ္ ။ ဒီလိုအခ်ိန္မွာ ေခါင္းျဖီးတာမ်ားရင္ေတာ့ ဆံပင္ေတြကၽြတ္ျပီးပါးလာမွာပါ။

ဆံပင္ကိုေျခာက္ေအာင္ထားျပီးမွ ဘီးအက်ဲေလးနဲ႕ျဖီးေပးသင့္ပါတယ္။

(၆) ဗီတာမင္ D ေလ်ာ့နည္းေနလားစစ္ပါ

ဆံပင္ေတြအရမ္းကၽြတ္ျပီး ထိပ္ေျပာင္လာျပီဆိုရင္ေတာ့ ဗီတာမင္ D ဓါတ္ခ်ိဳ႕ယြင္းလို႕ျဖစ္ပါတယ္။ ဆရာ၀န္နဲ႕ေဆြးေႏြးတိုင္ပင္ျကည့္သင့္ပါတယ္။

ဗီတာမင္ D ေဆးေတြလည္း ဆရာ၀န္ညႊန္ျကားတဲ့ အတိုင္းေသာက္သံုးေပးရပါမယ္

ရိမ္း

Unicode Version

ပါးပြီးကြည့်ရဆိုးနေတဲ့ ဆံသားတွေကို သဘာဝအတိုင်း ပြန်ထူလာစေမယ့်နည်းလမ်းများ…

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ပြောရင်လည်းမမှားပါဘူး ။

မျက်နှာလှပဖို့ ခန္ဓာကိုယ်လှပဖို့ ဂရုစိုက်ကြသလို ဆံပင်တွေ ကျွတ်ပြီး ပါးလာမယ်၊ ထိပ်တွေကွက်လာနေပြီဆိုရင်တော့ အထူးဂရုစိုက်ပေးဖို့လိုပါတယ်။

ဆံပင်တွေပြန်ပေါက်လာစေဖို့ အထိရောက်ဆုံးဖြစ်တဲ့ နည်းလေးတွေလည်း ရှိပါတယ်။

ဖော်ပြပါနည်းလေးတွေကိုဂရုတစိုက်နဲ့လုပ်ပေးပါ ၊ ထိပ်ကွက်လာတာတွေပျောက်ပြီး ဆံပင်တွေပြန်ထူလာမှာပါ။

(၁) ဆံပင်အာဟာဓါတ်ဖြည့်စွက်စာများ စားပါ

လွဲမှားနေတဲ့ diet လုပ်ခြင်းကြောင့် အာဟာရဓာတ်မမျှတတာတွေက ဆံပင်တွေကျွတ်လာတာ ၊ ပါးလာတာတွေရဲ့အဓိကအချက်ပါ။

ဆံပင်အတွက်အာဟာရဓါတ်ပြန်လည် ပြည့်၀စေမယ့် အစားအစာတွေကတော့ …

ကင်(မ်)ချီ၊ ဥ အမျိုးမျိုး ၊ ဟင်းနုနွယ်ရွက် ၊ ဆယ်လ်မွန်ငါး ၊ ထောပတ်သီး ၊ အသားများ စတာတွေကို များများစားပေးရင်တော့ ဦးရေပြားနဲ့ ဆံပင်အတွက်အာဟာရဓါတ်တွေ ပြန်ပြည့်လာမှာပါ။

(၂) ဆီနဲ့ နှိပ်နယ်ပေး

ဦးရေပြားသွေးလှည့်ပတ်မှုကောင်းမှ ဆံပင်သန်စွမ်းပြီး ပြန်ပေါက်လာမှာပါ။

ရှားစောင်းလက်ပတ်ဆီ၊ သံလွင်ဆီစတာတွေနဲ့ ခေါင်းမလျော်ခင် တစ်ရက်အလိုမှာ ဦးရေပြားကိုစွတ်ပြီး နှိပ်နယ်ပေးပါ ။

(၃) ကြက်သွန်နီရည် အသုံးပြုပါ

ကြက်သွန်နီရည်က အနံ့အသက်တော့သိပ်အဆင်မပြေပေမယ့် ဆံပင်ပါးပြီး ထိပ်ကွက်လာတာတွေ အတွက်အာဟာရဖြည့်ဖို့တော့ အကောင်းဆုံးပါပဲ။

ဆံသားအရင်းတွေကိုသန်မာစေပြီး ဆံပင်အသစ်တွေပါ ပြန်ပေါက်လာစေပါတယ်။ ကြက်သွန်နီကို အရည်ညှစ်ပြီးသုံးနိုင်သလို ဓားနဲ့ နုတ်နုတ်ဆင်းပြီး ဦးရေပြားပေါ်ပွတ်ပေးလို့လည်းရပါတယ်။

(၄) လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်မှာ ဆံပင်သန်ဖို့ ပြန်ပေါက်ဖို့အတွက် ဓါတ်တွေပါဝင်နေပါတယ်။

လက်ဖက်စိမ်းရည်ကို ရှားစောင်းလက်ပတ်၊ သံလွင်ဆီတို့နဲ့လည်း တွဲလိမ်းပေးလို့ရပါတယ်။ လေ့လာချက်တွေအရ ၈၀% အထိ ဆံပင်တွေပြန်ပေါက်လာစေတယ်လို့ဆိုပါတယ်။

(၅) ဆံပင်စိုနေချိန်မှာ ခေါင်းမဖြီးပါနဲ့

ဆံသားစိုနေချိန်မှာ ဆံပင်တွေကျွတ်လွယ်၊ ပြတ်လွယ်ပါတယ် ။ ဒီလိုအချိန်မှာ ခေါင်းဖြီးတာများရင်တော့ ဆံပင်တွေကျွတ်ပြီးပါးလာမှာပါ။

ဆံပင်ကိုခြောက်အောင်ထားပြီးမှ ဘီးအကျဲလေးနဲ့ဖြီးပေးသင့်ပါတယ်။

(၆) ဗီတာမင် D လျော့နည်းနေလားစစ်ပါ

ဆံပင်တွေအရမ်းကျွတ်ပြီး ထိပ်ပြောင်လာပြီဆိုရင်တော့ ဗီတာမင် D ဓါတ်ချို့ယွင်းလို့ဖြစ်ပါတယ်။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်။

ဗီတာမင် D ဆေးတွေလည်း ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသောက်သုံးပေးရပါမယ်

ရိမ်း