Astrology

သင္မသိေသးတဲ့ တနလၤာေန႔ ဖြားေတြရဲ႕ ေမြးရာပါအရည္အခ်င္းေလးမ်ား…

သင္မသိေသးတဲ့ တနလၤာေန႔ ဖြားေတြရဲ႕ ေမြးရာပါအရည္အခ်င္းေလးမ်ား…

သင္ေမြးဖြားတဲ့ရက္နဲ႕ အခ်ိန္က သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႕ ဘဝအေပၚမွာ လႊမ္းမိုးမႈအမ်ားႀကီးရွိေနပါတယ္။

လူတစ္ေယာက္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးကေန အသက္ေမြးမႈအထိ နကၡတ္တာရာေတြက အေရးႀကီးတဲ့ေနရာမွာ ပါဝင္ပါတယ္။

ဒီေနရာမွာေတာ့ နကၡတ္ေဗဒအလိုအရ တနလၤာေန႕မွာ ေမြးဖြားသူေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႕ ထူးျခားတဲ့လကၡဏာေတြအေၾကာင္း ေျပာျပေပးခ်င္ပါတယ္ေနာ္။

(၁) တီတြင္ဖန္တီးနိုင္စြမ္း ျမင့္ၾကတယ္

တီထြင္ဖန္တီးနိုင္စြမ္းျမင့္မားမႈဟာ တနလၤာေန႕မွာ ေမြးဖြားလာသူေတြမွာ ပါလာတဲ့ ထူးကဲတဲ့အရည္အခ်င္း တစ္ရပ္ျဖစ္ပါတယ္။

ဒီေန႕ေခတ္လို အသစ္အဆန္းေတြေပါမ်ားၿပီး ဆင္တူယိုးမွားေတြ မ်ားေနတဲ့အခ်ိန္မွာ ဖန္တီးနိုင္စြမ္းျမင့္မားမႈက တကယ္ကို အေရးပါတဲ့ အရည္အခ်င္းတစ္ရပ္ပဲ ျဖစ္ပါတယ္။

တစ္ခုရွိတာကေတာ့ သူတို႔ေတြဟာ သူတို႔ရဲ႕ ဖန္တီးနိုင္စြမ္းေတြကို တျခားသူေတြကို ျပန္လည္မွ်ေဝဖို႔အတြက္က်ေတာ့ ဝန္ေလးတတ္ၾကပါသတဲ့။

(၂) ၾကင္နာသနားတတ္ၾကတယ္

တနလၤာေန႕ဆိုတာ နကၡတ္အားျဖင့္ လကို ကိုယ္စားျပဳပါတယ္။

တည္ၿငိမ္ေအးခ်မ္းတဲ့လရဲ႕ ေစ့ေဆာ္မႈေၾကာင့္ တည္ၿငိမ္မႈ၊ သနားၾကင္နာတတ္မႈ စတဲ့ စိတ္ခံစားခ်က္ေတြက တနလၤာေန႕ ေမြးဖြားသူေတြမွာ ပါဝင္ေနပါတယ္။

သူတို႔ေတြရဲ႕ အနီးအနားမွာ ရွိေနၾကတဲ့သူေတြအတြက္ သူတို႔ရင္ထဲမွာ ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့ေနရာတစ္ခု အၿမဲရွိေနတတ္ပါတယ္။

ဒါေပမယ့္ တခါတေလက်ေတာ့ သူတို႔ေဘးမွာရွိတဲ့သူေတြရဲ႕ ဝမ္းနည္းမႈေတြနဲ႕ စိတ္ညစ္ၫူးမႈေတြေၾကာင့္ သူတို႔ေတြဟာ စိတ္ရႈပ္ေထြးမႈေတြကို ခံစားၾကရပါတယ္။

(၃) မိတ္ေဆြျဖစ္ဖို႔ ေ႐ြးခ်ယ္တတ္ၾကတယ္

သူတို႔ေတြဟာ မိသားစုနဲ႕ ခင္မင္ရင္းႏွီးၿပီးသားသူေတြကို အၿမဲဦးစားေပးထားေလ့ရွိၾကပါတယ္။ ၿပီးေတာ့ ဟန္ေဆာင္တဲ့သူေတြကို မႏွစ္ၿမိဳ႕ၾကပါဘူး။

ဒါေၾကာင့္ပဲ သူတို႔ေတြဟာ လူသစ္ေတြနဲ႕ ေတြ႕ဆုံရတဲ့အခါမ်ိဳးမွာ မိတ္ေဆြျဖစ္ဖို႔အတြက္ ေ႐ြးခ်ယ္တတ္ၾကပါတယ္။

လူေတြထဲကေန စိစစ္ၿပီး သူတို႔နဲ႕ မိတ္ေဆြျဖစ္မယ့္သူကို ရွာေဖြတာမ်ိဳး ျဖစ္ပါတယ္။

(၄) လႊမ္းမိုးခံရလြယ္ၾကတယ္

တျခားၿဂိဳဟ္ေတြနဲ႕ ယွဥ္တဲ့အခါ လက သူ႕ရဲ႕ လွည္ပတ္ပုံ အႀကိမ္အေရမ်ားၿပီး ပုံသဏၭာန္အမ်ိဳးမ်ိဳး ေျပာင္းလဲေလ့ရွိပါတယ္။

ဒီအခ်က္က တနလၤာေန႕မွာ ေမြးဖြားသူေတြအေပၚမွာ လႊမ္းမိုးေနပါတယ္။ ဒါေၾကာင့္ သူတို႔ေတြဟာ ထိန္းခ်ဳပ္ရလြယ္ကူၿပီး တျခားသူေတြရဲ႕ လႊမ္းမိုးျခင္းကို ခံၾကရေလ့ရွိပါတယ္။

ဒီလိုအခ်က္ေၾကာင့္ပဲ သူတို႔ေတြဟာ ဘဝအေတြ႕အႀကဳံမ်ားၿပီး လူေတြကို သူတို႔ရဲ႕ အဝန္းအဝိုင္းထဲမွာ လြယ္လြယ္နဲ႕ မထည့္ၾကတာပဲျဖစ္ပါတယ္။

(၅) စိတ္ခံစားလြယ္ၾကတယ္

သူတို႔ေတြဟာ အရာရာမွာ အကဲဆတ္ေလ့ရွိၾကၿပီး စိတ္ခံစားလြယ္ၾကပါတယ္။ သူတို႔ရဲ႕ အခ်ိန္အမ်ားစုကို သူတို႔ခ်စ္ရသူေတြနဲ႕ ကုန္ဆုံးခ်င္ေလ့ရွိၾကပါတယ္။

လရဲ႕ သဘာဝေၾကာင့္ သူတို႔ေတြဟာ ခ်စ္ရသူေတြနဲ႕ ဆက္ဆံေရးမွာ စကားမ်ားစရာ၊ ျပႆနာျဖစ္လာတဲ့အခါမွာ ပထမဆုံး ေက်ေအးေလ့ရွိၾကသူေတြ၊ တည္ၿငိမ္ေအာင္ လုပ္နိုင္ေလ့ရွိၾကသူေတြျဖစ္ပါတယ္။

(၆) ပညာရပ္ပိုင္းဆိုင္ရာ ထူးခြၽန္ၾကတယ္

စဥ္းစားေတြးေခၚၿပီး ဖန္တီးရတာႀကိဳက္တဲ့ သဘာဝနဲ႕ အဲ့ဒီအပိုင္းမွာ အားသန္ၾကတာေၾကာင့္ သူတို႔ေတြဟာ ပညာရပ္ပိုင္းဆိုင္ရာေတြ ထူးခြၽန္ေလ့ရွိၾကသူေတြ ျဖစ္ပါတယ္။

ပညာရပ္ပိုင္းဆိုင္ရာ၊ အႏုပညာ၊ သင္ၾကားေရး စတဲ့ အလုပ္အကိုင္ေတြဟာ သူတို႔ေတြအတြက္ အသင့္ေလ်ာ္ဆုံး အလုပ္အကိုင္ေတြလည္း ျဖစ္ၾကၿပီး အဲ့ဒီအလုပ္အကိုင္ေတြမွာ အလားလာပိုရွိၾကတဲ့သူေတြလည္း ျဖစ္ၾကပါတယ္။

(၇) မိခင္ေကာင္းေတြျဖစ္ၾကတယ္

ဒီအခ်က္ကေတာ့ တနလၤာေန႕မွာ ေမြးဖြားတဲ့ အမ်ိဳးသမီးေတြနဲ႕ ဆိုင္ပါတယ္။

သူတို႔ေတြဟာ ၾကင္နာသနားစိတ္ရွိၿပီး မိသားစုအေပၚ အျပည့္အဝ အာ႐ုံစိုက္ထားတတ္တဲ့သူေတြ ျဖစ္ၾကတာေၾကာင့္ မိခင္ေကာင္း၊ ဇနီးေကာင္းေတြအျဖစ္ ေတြ႕ၾကရပါတယ္။

ခမ္း

Unicode Version

သင်မသိသေးတဲ့ တနင်္လာနေ့ ဖွားတွေရဲ့ မွေးရာပါအရည်အချင်းလေးများ…

သင်မွေးဖွားတဲ့ရက်နဲ့ အချိန်က သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘဝအပေါ်မှာ လွှမ်းမိုးမှုအများကြီးရှိနေပါတယ်။

လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကနေ အသက်မွေးမှုအထိ နက္ခတ်တာရာတွေက အရေးကြီးတဲ့နေရာမှာ ပါဝင်ပါတယ်။

ဒီနေရာမှာတော့ နက္ခတ်ဗေဒအလိုအရ တနင်္လာနေ့မှာ မွေးဖွားသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ထူးခြားတဲ့လက္ခဏာတွေအကြောင်း ပြောပြပေးချင်ပါတယ်နော်။

(၁) တီတွင်ဖန်တီးနိုင်စွမ်း မြင့်ကြတယ်

တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားမှုဟာ တနင်္လာနေ့မှာ မွေးဖွားလာသူတွေမှာ ပါလာတဲ့ ထူးကဲတဲ့အရည်အချင်း တစ်ရပ်ဖြစ်ပါတယ်။

ဒီနေ့ခေတ်လို အသစ်အဆန်းတွေပေါများပြီး ဆင်တူယိုးမှားတွေ များနေတဲ့အချိန်မှာ ဖန်တီးနိုင်စွမ်းမြင့်မားမှုက တကယ်ကို အရေးပါတဲ့ အရည်အချင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ သူတို့တွေဟာ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းတွေကို တခြားသူတွေကို ပြန်လည်မျှဝေဖို့အတွက်ကျတော့ ဝန်လေးတတ်ကြပါသတဲ့။

(၂) ကြင်နာသနားတတ်ကြတယ်

တနင်္လာနေ့ဆိုတာ နက္ခတ်အားဖြင့် လကို ကိုယ်စားပြုပါတယ်။

တည်ငြိမ်အေးချမ်းတဲ့လရဲ့ စေ့ဆော်မှုကြောင့် တည်ငြိမ်မှု၊ သနားကြင်နာတတ်မှု စတဲ့ စိတ်ခံစားချက်တွေက တနင်္လာနေ့ မွေးဖွားသူတွေမှာ ပါဝင်နေပါတယ်။

သူတို့တွေရဲ့ အနီးအနားမှာ ရှိနေကြတဲ့သူတွေအတွက် သူတို့ရင်ထဲမှာ ပျော့ပျောင်းနူးညံ့တဲ့နေရာတစ်ခု အမြဲရှိနေတတ်ပါတယ်။

ဒါပေမယ့် တခါတလေကျတော့ သူတို့ဘေးမှာရှိတဲ့သူတွေရဲ့ ဝမ်းနည်းမှုတွေနဲ့ စိတ်ညစ်ညူးမှုတွေကြောင့် သူတို့တွေဟာ စိတ်ရှုပ်ထွေးမှုတွေကို ခံစားကြရပါတယ်။

(၃) မိတ်ဆွေဖြစ်ဖို့ ရွေးချယ်တတ်ကြတယ်

သူတို့တွေဟာ မိသားစုနဲ့ ခင်မင်ရင်းနှီးပြီးသားသူတွေကို အမြဲဦးစားပေးထားလေ့ရှိကြပါတယ်။ ပြီးတော့ ဟန်ဆောင်တဲ့သူတွေကို မနှစ်မြို့ကြပါဘူး။

ဒါကြောင့်ပဲ သူတို့တွေဟာ လူသစ်တွေနဲ့ တွေ့ဆုံရတဲ့အခါမျိုးမှာ မိတ်ဆွေဖြစ်ဖို့အတွက် ရွေးချယ်တတ်ကြပါတယ်။

လူတွေထဲကနေ စိစစ်ပြီး သူတို့နဲ့ မိတ်ဆွေဖြစ်မယ့်သူကို ရှာဖွေတာမျိုး ဖြစ်ပါတယ်။

(၄) လွှမ်းမိုးခံရလွယ်ကြတယ်

တခြားဂြိုဟ်တွေနဲ့ ယှဉ်တဲ့အခါ လက သူ့ရဲ့ လှည်ပတ်ပုံ အကြိမ်အရေများပြီး ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲလေ့ရှိပါတယ်။

ဒီအချက်က တနင်္လာနေ့မှာ မွေးဖွားသူတွေအပေါ်မှာ လွှမ်းမိုးနေပါတယ်။ ဒါကြောင့် သူတို့တွေဟာ ထိန်းချုပ်ရလွယ်ကူပြီး တခြားသူတွေရဲ့ လွှမ်းမိုးခြင်းကို ခံကြရလေ့ရှိပါတယ်။

ဒီလိုအချက်ကြောင့်ပဲ သူတို့တွေဟာ ဘဝအတွေ့အကြုံများပြီး လူတွေကို သူတို့ရဲ့ အဝန်းအဝိုင်းထဲမှာ လွယ်လွယ်နဲ့ မထည့်ကြတာပဲဖြစ်ပါတယ်။

(၅) စိတ်ခံစားလွယ်ကြတယ်

သူတို့တွေဟာ အရာရာမှာ အကဲဆတ်လေ့ရှိကြပြီး စိတ်ခံစားလွယ်ကြပါတယ်။ သူတို့ရဲ့ အချိန်အများစုကို သူတို့ချစ်ရသူတွေနဲ့ ကုန်ဆုံးချင်လေ့ရှိကြပါတယ်။

လရဲ့ သဘာဝကြောင့် သူတို့တွေဟာ ချစ်ရသူတွေနဲ့ ဆက်ဆံရေးမှာ စကားများစရာ၊ ပြဿနာဖြစ်လာတဲ့အခါမှာ ပထမဆုံး ကျေအေးလေ့ရှိကြသူတွေ၊ တည်ငြိမ်အောင် လုပ်နိုင်လေ့ရှိကြသူတွေဖြစ်ပါတယ်။

(၆) ပညာရပ်ပိုင်းဆိုင်ရာ ထူးချွန်ကြတယ်

စဉ်းစားတွေးခေါ်ပြီး ဖန်တီးရတာကြိုက်တဲ့ သဘာဝနဲ့ အဲ့ဒီအပိုင်းမှာ အားသန်ကြတာကြောင့် သူတို့တွေဟာ ပညာရပ်ပိုင်းဆိုင်ရာတွေ ထူးချွန်လေ့ရှိကြသူတွေ ဖြစ်ပါတယ်။

ပညာရပ်ပိုင်းဆိုင်ရာ၊ အနုပညာ၊ သင်ကြားရေး စတဲ့ အလုပ်အကိုင်တွေဟာ သူတို့တွေအတွက် အသင့်လျော်ဆုံး အလုပ်အကိုင်တွေလည်း ဖြစ်ကြပြီး အဲ့ဒီအလုပ်အကိုင်တွေမှာ အလားလာပိုရှိကြတဲ့သူတွေလည်း ဖြစ်ကြပါတယ်။

(၇) မိခင်ကောင်းတွေဖြစ်ကြတယ်

ဒီအချက်ကတော့ တနင်္လာနေ့မှာ မွေးဖွားတဲ့ အမျိုးသမီးတွေနဲ့ ဆိုင်ပါတယ်။

သူတို့တွေဟာ ကြင်နာသနားစိတ်ရှိပြီး မိသားစုအပေါ် အပြည့်အဝ အာရုံစိုက်ထားတတ်တဲ့သူတွေ ဖြစ်ကြတာကြောင့် မိခင်ကောင်း၊ ဇနီးကောင်းတွေအဖြစ် တွေ့ကြရပါတယ်။

ခမ်း