Love

ဘဝလက်တွဲဖော်အဖြစ် ဘယ်တော့မှမရွေးချယ်သင့်တဲ့ ယောကျာ်းအမျိုးအစား(၄)မျိုး…

ဘဝလက်တွဲဖော်မရွေးချယ်ခင်မှာ သေချာလေး အလေးအနက်ထား စဉ်းစားဖို့တော့ လိုအပ်ပါတယ်။

ဘဝမှာ အချစ်တစ်ခုတည်း ရှိရုံနဲ့ ဘဝကြီးက ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။

ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်ကို ရွေးချယ်တော့မယ့်အချိန်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ အများကြီး ရှိလို့နေပါတယ်။

ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်အဖြစ် ဘယ်တော့မှ မရွေးချယ်သင့်တဲ့ သူမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဦးဆောင်နိုင်စွမ်း မရှိတဲ့သူ

ကိုယ့်ဘဝရဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့် သူတစ်ယောက်ဟာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ဦးဆောင်နိုင်စွမ်းတွေတော့ ရှိဖို့လိုအပ်ပါတယ်။

ဘဝကို အတူတူ လက်တွဲသွားကြတဲ့အခါ မိန်းမသားဖြစ်တဲ့ ကိုယ်ကချည်း ဦးဆောင်နေလို့လည်း မဖြစ်ပြန်ပါဘူး။

ကိုယ့်ဘဝရဲ့ နေ့ရက်တွေမှာ ကိုယ်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ့် ဦးဆောင်နိုင်စွမ်းရှိတဲ့ သူကသာ ကိုယ့်ရဲ့ လက်တွဲဖော်ဖြစ်သင့်ပါတယ်။

(၂) အမြဲတမ်း လိမ်ညာတတ်တဲ့ သူ

လူတွေက အလိမ်အညာစကားတွေနဲ့ သိပ်တော့မကင်းတတ်ကြပါဘူး။ မလိမ်မဖြစ်လို့ လိမ်လိုက်ရတဲ့ ကိစ္စရပ်တွေ၊ တစ်ခါတစ်လေ လိမ်ညာမှုလေးတွေအတွက် အပြစ်လို့ ပြောလို့ မရပါဘူး။

ဒါပေမယ့် အမြဲတမ်း အလိမ်အညာစကားတွေနဲ့ ပြည့်နှက်နေတဲ့ သူကိုတော့ ကိုယ့်ဘဝထဲကို ခေါ်မလာသင့်ပါဘူး။

အမြဲတမ်း လိမ်ညာနေတတ်တဲ့သူဟာ ထပ်ကာထပ်ကာ လိမ်ညာနေအုံးမှာပါ။

လိမ်ညာမှုက ယုံကြည်မှုကို ပျက်ပြားစေတတ်ပါတယ်။ ကိုယ့်တစ်ဘဝလုံး လက်တွဲသွားရမယ့်သူဟာ ယုံကြည်သင့်တဲ့ သူမျိုးပဲ ဖြစ်သင့်ပါတယ်။

(၃) သစ္စာမရှိတဲ့ သူ

မိန်းကလေးတွေ အမုန်းဆုံး လုပ်ရပ်က သစ္စာမဲ့ခြင်းပါ။ တစ်ခြားအရာတွေကိုတောင် ခွင့်လွှတ်နိုင်ကောင်း ခွင့်လွှတ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် သူတို့အပေါ် သစ္စာဖောက်တတ်တဲ့သူကိုတော့ ကမ္ဘာမကျေ မုန်းတီးတတ်ကြသူတွေပါ။

ဒီလို သစ္စာမရှိတဲ့ သူမျိုးကို ခွင့်လွှတ်ပြီး ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါဘူး။ တစ်ခါခြံခုန်ဖူးတဲ့ သူက နောက်တစ်ခါလည်း ခြံဖောက်ဖို့ ဝန်မလေးတတ်လို့ပါပဲ။

(၄) လက်ကြောမတင်းတဲ့သူ

တစ်ချို့တွေက ဘာချို့ယွင်းချက်မှ ရှိမနေတဲ့ ယောကျာ်းသားကြီးဖြစ်နေပေမယ့် လက်ကြောမတင်းပဲ ဘဝကို မျောလိုက်နေတတ်ကြပါတယ်။

အဆိုး၊ အကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကြီးကို ဒီလိုလူနဲ့ လက်တွဲသွားရင်တော့ ဒုက္ခဆိုတာကို တကူးတက လိုက်ရှာနေတာနဲ့ အတူတူပါပဲ။

ဒီလို လက်ကြောမတင်းတဲ့ ကိုယ့်ဘဝကို အာမခံမပေးနိုင်တဲ့ သူမျိုးကို လက်တွဲဖော်အဖြစ် လုံးဝမရွေးချယ်သင့်ပါဘူး။

ခင်

ဘဝလက်တွဲဖော်အဖြစ် ဘယ်တော့မှမရွေးချယ်သင့်တဲ့ ယောက်ျားအမျိုးအစား(၄)မျိုး…

ဘဝလက်တွဲဖော်မရွေးချယ်ခင်မှာ သေချာလေး အလေးအနက်ထား စဉ်းစားဖို့တော့ လိုအပ်ပါတယ်။

ဘဝမှာ အချစ်တစ်ခုတည်း ရှိရုံနဲ့ ဘဝကြီးက ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။

ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်ကို ရွေးချယ်တော့မယ့်အချိန်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ အများကြီး ရှိလို့နေပါတယ်။

ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်အဖြစ် ဘယ်တော့မှ မရွေးချယ်သင့်တဲ့ သူမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဦးဆောင်နိုင်စွမ်း မရှိတဲ့သူ

ကိုယ့်ဘဝရဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့် သူတစ်ယောက်ဟာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ဦးဆောင်နိုင်စွမ်းတွေတော့ ရှိဖို့လိုအပ်ပါတယ်။

ဘဝကို အတူတူ လက်တွဲသွားကြတဲ့အခါ မိန်းမသားဖြစ်တဲ့ ကိုယ်ကချည်း ဦးဆောင်နေလို့လည်း မဖြစ်ပြန်ပါဘူး။

ကိုယ့်ဘဝရဲ့ နေ့ရက်တွေမှာ ကိုယ်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ့် ဦးဆောင်နိုင်စွမ်းရှိတဲ့ သူကသာ ကိုယ့်ရဲ့ လက်တွဲဖော်ဖြစ်သင့်ပါတယ်။

(၂) အမြဲတမ်း လိမ်ညာတတ်တဲ့ သူ

လူတွေက အလိမ်အညာစကားတွေနဲ့ သိပ်တော့မကင်းတတ်ကြပါဘူး။ မလိမ်မဖြစ်လို့ လိမ်လိုက်ရတဲ့ ကိစ္စရပ်တွေ၊ တစ်ခါတစ်လေ လိမ်ညာမှုလေးတွေအတွက် အပြစ်လို့ ပြောလို့ မရပါဘူး။

ဒါပေမယ့် အမြဲတမ်း အလိမ်အညာစကားတွေနဲ့ ပြည့်နှက်နေတဲ့ သူကိုတော့ ကိုယ့်ဘဝထဲကို ခေါ်မလာသင့်ပါဘူး။

အမြဲတမ်း လိမ်ညာနေတတ်တဲ့သူဟာ ထပ်ကာထပ်ကာ လိမ်ညာနေအုံးမှာပါ။

လိမ်ညာမှုက ယုံကြည်မှုကို ပျက်ပြားစေတတ်ပါတယ်။ ကိုယ့်တစ်ဘဝလုံး လက်တွဲသွားရမယ့်သူဟာ ယုံကြည်သင့်တဲ့ သူမျိုးပဲ ဖြစ်သင့်ပါတယ်။

(၃) သစ္စာမရှိတဲ့ သူ

မိန်းကလေးတွေ အမုန်းဆုံး လုပ်ရပ်က သစ္စာမဲ့ခြင်းပါ။ တစ်ခြားအရာတွေကိုတောင် ခွင့်လွှတ်နိုင်ကောင်း ခွင့်လွှတ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် သူတို့အပေါ် သစ္စာဖောက်တတ်တဲ့သူကိုတော့ ကမ္ဘာမကျေ မုန်းတီးတတ်ကြသူတွေပါ။

ဒီလို သစ္စာမရှိတဲ့ သူမျိုးကို ခွင့်လွှတ်ပြီး ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါဘူး။ တစ်ခါခြံခုန်ဖူးတဲ့ သူက နောက်တစ်ခါလည်း ခြံဖောက်ဖို့ ဝန်မလေးတတ်လို့ပါပဲ။

(၄) လက်ကြောမတင်းတဲ့သူ

တစ်ချို့တွေက ဘာချို့ယွင်းချက်မှ ရှိမနေတဲ့ ယောက်ျားသားကြီးဖြစ်နေပေမယ့် လက်ကြောမတင်းပဲ ဘဝကို မျောလိုက်နေတတ်ကြပါတယ်။