Buddha

ထိတ္လန္႔ဖြယ္ရာ သတင္း တစ္ခု…

ထိတ္လန္႔ဖြယ္ရာ သတင္း တစ္ခု…

“ အရွင္သာရိပုတ္ ပရိနိဗၺာန္ျပဳဖို႔ ဘုရားရွင္ထံက ခြင့္ေတာင္းၿပီးၿပီတဲ့ ” ဒီသတင္းက ဒကာ/ ဒကာမေတြအၾကားမွာ ပ်ံ႕ႏွံ႔သြားတယ္ ။

ၿမိဳ႕ထဲက လူေတြ ထိတ္လန္႔ေသာ ႏွလုံး, တုန္ယင္ေသာ ​လက္ေျခ, မရႊင္ပ်နိုင္ေသာ မ်က္ႏွာတို႔နဲ႔အတူ ေက်ာင္းေတာ္ကို ေရာက္လာၾကတယ္ ။

“ တပည့္ေတာ္တို႔ရဲ့ ဆရာေတာ္ႀကီး ဘယ္မွာပါလဲဘုရား ” ကိုယ္ေတာ္ႀကီးကို ေတြ႕တာနဲ႔ ငိုၾကပါေလေရာ။တစ္ဖြဲ႕ေရာက္လာၿပီး ငိုတယ္။ ႏွစ္သိမ့္ၿပီး ျပန္လႊတ္လိုက္ယ္။

တစ္ဖြဲ႕က ေက်ာင္းထဲက မထြက္ရေသးဘူး ။ ေနာက္ ႏွစ္ဖြဲ႕ ေရာက္လာတယ္ ။ မ်က္စိပ်က္ မ်က္ႏွာပ်က္။

အရွင္သာရိပုတ္မွာ ႏွစ္သိမ့္ရ တစ္ေနကုန္ မအားနိုင္ေတာ့ဘူး ။ပရိနိဗၺာန္ ျပဳရမယ့္ မေထရ္ႀကီးက က်န္ရစ္ရမယ့္ သူေတြကို ႏွစ္သိမ့္ေပးေနရတာ။ ငိုတတ္သူက ႏွစ္သိမ့္ခံရ စတမ္းကိုး ။

ေနာက္ပိုင္း ဒကာ- ဒကာမေတြ မ်ားလြန္းေတာ့ အားလုံးကို မႏွစ္သိမ့္နိုင္ေတာ့ဘူး ။ ငိုတာကိုသာ ထိုင္ၾကည့္ေနရေတာ့တယ္။

ေနာက္တစ္ေန႔ နံနက္ခင္းမွာ ေဇတဝန္ေက်ာင္းကေန ထြက္ခြါတယ္ ။ ၾကည္ညိဳသူ ဒကာ-ဒကာမေတြက ေနာက္ဆုံးအေနနဲ႔ လိုက္ပို႔ၾကတယ္ ။

ခပ္လွမ္းလွမ္း​တစ္ေနရာမွာ ရပ္ၿပီး ႏႈတ္ဆက္ေတာ့ အားလုံးက သည္းသည္းထန္ထန္ ငို​ေႂကြးၾကတယ္။ မ်က္ရည္ေတြက ပါးျပင္ခရီးကို ျဖတ္သန္းၿပီး ရင္ဘတ္ေပၚကို စီးက်ၾကတယ္။ ​

အေပၚဝတ္ အထည္ေတြထဲမွာ စိမ့္ဝင္ၾကတယ္။ တခ်ိဳ႕မ်က္ရည္စေတြက ေျမႀကီးေပၚကို ခုန္ဆင္းၾကတယ္ ။

ေနရစ္ေတာ့ သာဝတၳိ ။ညေနပိုင္းမွာ သူ႔ေမြးရပ္ေၿမ နာလကရြာကို ေရာက္ ။ ငယ္ငယ္တုန္းက အတိုင္း ။ မေျပာင္းမလဲ ။

ရြာထဲက ထြက္လာတဲ့ သူ႔တူအရင္းတစ္ေယာက္ကို ေတြ႕တယ္။

“သြား အိမ္ေပၚက ငါ့အခန္းကို ရွင္းထားလိုက္၊ တျခားရဟန္းေတြအတြက္လည္း ေနရာထိုင္ခင္း ျပင္ေပးထား”

“ မွန္ပါ့ ဦးရီးေတာ္ ” မယ္ေတာ္ႀကီး။ အသက္ရွည္ရွာတယ္။ ဆံျဖဴသြားက်ိဳးေပမယ့္ ခါးကိုင္းကိုင္းနဲ႔ သြားနိုင္ လာနိုင္တုန္း။

“အဘြား” “ဟဲ့… ဘာလဲ” “အဘြား သားႀကီး ျပန္လာတယ္” “ ဟင္… ဥပတိႆလား ? ” “ဟုတ္တယ္ အဘြား” အဘြားႀကီး စိတ္လႈပ္ရွားသြားတယ္။

ဝမ္းလည္း နည္း, ဝမ္းလည္းသာ။ သားမိုက္။ ျပန္လာၿပီေပါ့။ ကိုယ့္မ်ိဳးကိုယ့္ႏြယ္ ကိုယ့္ဘာသာ (ျဗာဟၼဏဝါဒ) ကို စြန္႔ၿပီး ရဟန္းႀကီး ေဂါတမေနာက္ လိုက္သြားတာ။

အခု ဘာလို႔မ်ား ျပန္လာပါလိမ့္ ။အေမအိုႀကီးကို သတိရလို႔မ်ားလား ? “ဟဲ့ ငါက ဘာလုပ္ရမွာတုန္းဟဲ့”

“ဦးရီးေတာ္က သူ႔အခန္းကို ရွင္းထားလိုက္ပါတဲ့၊ တျခားရဟန္းေတြေရာ ပါေသးတယ္တဲ့၊ ေနရာထိုင္ခင္း စီစဥ္ေပးလိုက္ပါတဲ့”

“သူ႔အခန္းလား… ရွင္းေပးလိုက္ေပါ့၊ သြား”ဒီေကာင္ေလး လူထြက္ခ်င္သလား မသိဘူး။ ဒီအရြယ္ႀကီးက်မွ။

ခဏေနေတာ့ မ်က္လုံးထဲက မႈန္စိမႈန္စိနဲ႔ ျမင္ရတယ္။ မ်က္ႏွာကေတာ့ မကြဲပါဘူး။ ေခါင္းေျပာင္ေျပာင္နဲ႔ပဲ ။

“အေမ ေနေကာင္းလား” “ဥပတိႆ-လား” “ဟုတ္ အေမ” “ေအး… ေကာင္းတယ္” “ခဏ နားဦးမယ္ အေမ” “ေအး” သားအမိ ႏႈတ္ဆက္စကားက ခပ္တန္းတန္း ခပ္အမ္းအမ္း။

ည။ အေမႀကီးဆီကို ကေလးမေလးတစ္ေယာက္ အေျပးအလႊား လာေျပာတယ္။ “ဦးႀကီးက အန္, ေလၽွာ ျဖစ္ေနတယ္၊ ေသြးေတြခ်ည္းပဲ” အေမႀကီး။

သားေဇာက ငယ္ထိပ္ကို တက္သြားတယ္။ မ်က္လုံးေတြက ျပာၿပီး အသိတရားေတြ လြတ္သြားတယ္။ ​တုန္တုန္ခိုက္ခိုက္နဲ႔ အခန္းထဲက ထြက္လာတယ္။ ေျခလွမ္းေတြက ခါတိုင္းထက္ ျမန္ေနသလိုလို။

ဥပတိႆရဲ့ အခန္းထဲမွာ ရဟန္းေတြက ဝိုင္းေနတယ္။ တစ္ပါးရဲ့ လက္ထဲမွာ ေထြးခံတစ္လုံး။ ေသြးအျပည့္။

“သား” ငိုသံႀကီးနဲ႔။ “သြားစမ္းဟဲ့၊ ေဆးဆရာကို သြားေခၚၾကစမ္း” “အမေလး သားရယ္” သားရဟန္းဟာ ေပ်ာ့ေခြစ ျပဳလာၿပီ။ မၾကည့္ရက္ေတာ့လို႔ ျပန္ၿပီး ထြက္လာရတယ္။

အေရျပားေတြ တြန္႔လိပ္ေနတဲ့ ပါးျပင္မွာ မ်က္ရည္ေတြ ၿဖိဳင္ၿဖိဳင္က်ေနပါေရာလား။

အခန္းဘက္ကို ျပန္ၿပီး အိပ္ခန္းအျပင္ဘက္ကေန နံရံမွာ ေခါင္းထိုးရင္း အားရပါးရ ငိုတယ္။ “သားရယ္… အေမ့မွာပဲ ျဖစ္လိုက္ပါေတာ့”

ညဦးပိုင္း။ ဝင္းဝင္းေတာက္ေတာက္ ကိုယ္ေရာင္ကိုယ္ဝါေတြနဲ႔ သားႀကီးအခန္းထဲမွာ ထိန္ခနဲ ဝင္းခနဲ ျဖစ္သြားတာ ျမင္ရတယ္။

ညဟာ ပိုပိုၿပီး နက္လာတယ္။ အခန္းကလည္း ဝင္းခနဲ ဝင္းခနဲ။ ထိန္လင္းမႈေတြက ပိုပိုၿပီး အားေကာင္းလာတယ္။

ညသန္းေခါင္အေက်ာ္က်ေတာ့ ပုံမွန္အတိုင္း ျပန္ၿပီး ေမွာင္အတိက်။ အေမႀကီး။ တေရြ႕ေရြ႕။ အခန္းထဲမွာ ရဟန္း ေလးငါးပါး။ သားေတာ္ႀကီးက ေခြလ်က္သား။ ဆီမီးတိုင္ေလးက မွိန္တုတ္တုတ္။

“ဦးဇင္းေလးတို႔… သားႀကီး သက္သာရဲ့လား” “ဟုတ္… သက္သာပါတယ္ အေမႀကီး” အရွင္သာရိပုတ္ မ်က္လုံး ဖြင့္ၾကည့္တယ္။

“အေမလား” “ေအး… အေမ”ေျဖသံမွာ ရွိုက္သံ ပါလာတယ္။ “ညနက္ႀကီး ဘာကိစၥတုန္းဗ်” “သား သက္သာရဲ့လား လာၾကည့္တာပါကြယ္၊

ၿပီးေတာ့… အေရာင္ေတြလည္း ေတြ႕လို႔” အရွင္သာရိပုတ္က ေျဖးေျဖး ထထိုင္တယ္။

“သားရဲ့ နတ္ေဒဝတာ ကပၸိယေတြေလ၊ သတင္းေမး လာၾကတာပါ အေမရယ္” အေမႀကီး ငို​ရမွာ ေမ့သြားတယ္။

ပါးစပ္အဝိုင္းသားနဲ႔ ေငးၾကည့္ေနတယ္။ “အေမၾကားဖူးမွာပါ၊ စာတုမဟာရာဇ္နတ္မင္းႀကီးတို႔၊ သိၾကားမင္းတို႔ေပါ့” ခဏေနေတာ့ ႏႈတ္ခမ္းေလး လႈပ္လာတယ္။
“သူတို႔က သားရဲ့ ဒကာေတြလား”

“မလိမ္မာရင္ ဆုံးမေနရတာဆိုေတာ့ ဒကာေတြထက္ ေက်ာင္းသားကပၸိယေတြနဲ႔ ပိုၿပီး တူတာေပါ့အေမရယ္”

တစ္သက္လုံး အထင္မႀကီးဘူးတဲ့ အေမႀကီး မ်က္လုံးထဲမွာ အေလးထားရိပ္ေလးေတြ ေပၚလာတယ္။ အရွင္သာရိပုတ္ ဆက္ေျပာ။

“ေနာက္ဆုံး ေရာက္လာတာက ျဗဟၼာႀကီးေလ၊ အေမတို႔ ကိုးကြယ္ပ​သေနတဲ့ ပုဂၢိဳလ္ႀကီးေပါ့” အေမႀကီးရဲ့ ရင္ထဲမွာ ဖိန္းခနဲ ရွိန္းခနဲ။ “သား…က သူ႔ထက္ တန္ခိုးႀကီးသလား”

အရွင္သာရိပုတ္ ခပ္ယဲ့ယဲ့ ျပဳံးတယ္။ ႏႈတ္ခမ္းမ်ားက ျဖဴေရာ္ေရာ္။ “တန္ခိုးႀကီးတာထက္ ပညာႀကီးတာပါ အေမ၊ သားရဲ့ ပညာကို ေလးစားၾကတာပါ”

အေမႀကီးက သူ႔သားကို တစ္ခါမွ မျမင္ဖူးသလို ေငးစိုက္ၾကည့္ေနတယ္။ အရွင္သာရိပုတ္ရဲ့ အၾကည့္က ႏူးညံ့ညင္သာေနတယ္။

“အေမ… သားကို လမ္းမွားတယ္ဆိုၿပီး စိတ္နာေနခဲ့တယ္ေနာ္၊ တကယ္ေတာ့ အေမတို႔ ျဗဟၼာႀကီးကိုယ္တိုင္ လိုအပ္ေနေသးတဲ့ တရားထူးအတြက္ ဆရာရွာ ထြက္သြားခဲ့တာပါ အေမရယ္၊

သားဟာ ဘုရားရွင္ထံမွာ တရားေတြ႕ခဲ့ပါတယ္၊ အေမတို႔ ျဗဟၼာႀကီးကိုလည္း သားရဲ့ ဆရာ ဘုရားရွင္ကိုယ္ေတာ္ျမတ္ကပဲ တရားအၿမိဳက္ တိုက္ေကၽြးခဲ့ပါတယ္”

အရွင္သာရိပုတ္ မိန္႔သမၽွကို ေငးၾကည့္ေနတယ္။ နားထဲက ၾကားတစ္ခ်က္ မၾကားတစ္ခ်က္။

“အေမတို႔ရဲ့ ျဗဟၼာႀကီးကို သူလိုခ်င္တဲ့ တရားအၿမိဳက္ တိုက္ေကၽြးလိုက္တယ္ဆိုေတာ့ အေမတို႔ ဝမ္းသာေက်နပ္ရမွာေပါ့ အေမရဲ့၊ မဟုတ္ဘူးလား” အေမႀကီးက ေခါင္းညိတ္ျပတယ္။

“သားရဲ့ ဆရာက အေမတို႔ ျဗဟၼာႀကီးထက္ တန္ခိုးႀကီးတာေပါ့ေနာ္” အရွင္သာရိပုတ္ ျပဳံးတယ္။

“အေမရယ္…” တစ္ခြန္း ေရရြတ္တယ္။ ၿပီးေတာ့ ရွင္ေတာ္ျမတ္ရဲ့ အေၾကာင္းကို စည္ကာပတ္ကုံး ေျပာျပေနပါေတာ့တယ္။

အေမႀကီးရဲ့ မ်က္ႏွာေပၚမွာ အံ့​ဩဟန္ ေျပာင္းသြားလိုက္, ေငးေမာသြားလိုက္, ျပဳံးသြားလိုက္, ၾကည္ညိဳသြားပုံ ေျပာင္းလဲလိုက္။

“အေရးအႀကီးဆုံးက တရား၊ ျမတ္စြာဘုရားရွင္ ေဟာေတာ္မူခဲ့တဲ့ တရားေတာ္ထဲက အေမ့ကို တစ္ခုေလာက္ ေဟာျပမယ္”ပင္ပန္းႏြမ္းလ်ဟန္ ပ်ပ် စြက္ေနတဲ့ အသံေတာ္က အခန္းထဲမွာ ေအးေအးျမၿမ ထြက္ေပၚေနတယ္။

တရားဆုံးသြားတယ္။ဝင္းခနဲ ေတာက္ခနဲ။ အေမႀကီးရဲ့ ဉာဏ္မ်က္စိထဲမွာ။ “အို…” နံနက္လင္းအားႀကီး။ “တပည့္ေတြကို စုေပးစမ္း” တပည့္ရဟန္းမ်ားစြာ ေရာက္လာတယ္။

ရိုေသစြာ ဦးခ်ၿပီး ေက်ာက္ဆစ္႐ုပ္မ်ားသဖြယ္ ၿငိမ္သက္စြာ ထိုင္ေတာ္မူၾက။ “ငါ့ကို ထူေပး” အရွင္သာရိပုတ္။ ေပ်ာ့ေပ်ာ့သာ က်န္ေတာ့တယ္။ ေလသံဟာ တိမ္လြန္းလွ။

“တပည့္ေတာ္ရဲ့ ကိုယ္မႈ, ႏႈတ္မႈနဲ႔ ပတ္သက္ၿပီး မေက်နပ္တာမ်ား ရွိပါသလားဘုရား၊ ရွိရင္ ေတာင္းပန္ခဲ့ပါရေစ” တပည့္ရဟန္းမ်ား တစ္ပါးမ်က္ႏွာ တစ္ပါး ၾကည့္ၾကတယ္။

အႀကီးဆုံး တစ္ပါးက လက္အုပ္​ေလး ခ်ီရင္း ေလၽွာက္တယ္။ “မေထရ္ျမတ္ႀကီးရဲ့ ယဥ္ေက်းမႈမ်ားကို အတုယူခ်င္လြန္းလို႔ ေနာက္က အရိပ္လို လိုက္ခဲ့ၾကတာပါဘုရား၊ အခုအခ်ိန္အထိ ဘာအျပစ္ရယ္လို႔ မျမင္မိခဲ့ၾကပါဘုရား၊

တပည့္ေတာ္တို႔ကသာ မွားမိၾကပါလိမ့္မယ္၊ ခြင့္လႊတ္ေတာ္မူပါဘုရား” အရွင္သာရိပုတ္ ယဲ့ယဲ့ကေလး ျပဳံးတယ္။ “အစကတည္းက အျပစ္ရယ္လို႔ မယူခဲ့ရပါဘူး အရွင္ဘုရားတို႔၊ ဒါဆိုရင္လည္း ႏႈတ္ဆက္ၾကစို႔ရဲ့”

ျဖည္းျဖည္းေလး ျပန္လွဲတယ္။ သကၤန္းႀကီးကို ေခါင္းၿမီးျခဳံတယ္။ မၾကာခင္မွာ ၿငိမ္းခ်မ္းသြားပါေတာ့တယ္။

အေၾကာင္းစုံ သိသြားတဲ့ အေမႀကီး။ ရင္ကြဲမတတ္ သည္းထန္စြာ ငိုရွာတယ္။

“အရွင္ျမတ္ႀကီး… အရွင္သာရိပုတၱရာ၊ သြားၿပီလားကြယ့္၊ အေမ့မွာ သားႀကီးလို႔ တစ္သက္လုံး ႏႈတ္စြဲေနရာက အရွင္ျမတ္ႀကီးလို႔ေတာင္ မေခၚရေသးဘူး၊ အရွင္ျမတ္ႀကီးရဲ့၊ ထပါဦး”မိခင္တစ္ဦးဟာ သားထက္ အသက္ရွည္ခဲ့တယ္။

သားတစ္ဦးဟာ မိခင္တစ္ဦးထံမွာ အေႂကြးတင္ေနခဲ့တယ္။ ဓမၼေႂကြး။ ေၾကေအာင္ ဆပ္ၿပီး ထြက္သြားခဲ့ၿပီ။ အေမႀကီးက ရင္ကြဲၿပီး က်န္ရစ္ခဲ့တယ္။ “ဆြမ္းေလး တစ္နပ္ေတာင္ ကပ္ခြင့္ မရပါလား သား​ရယ္”

ဟီးခ်ၿပီး ငိုလိုက္သံက ပတ္ဝန္းက်င္ ရင္ႏွလုံးသားတို႔ကို တုန္ယင္လႈပ္ခတ္ေစၿပီး ဝန္းက်င္ဘဝဂ္ကို ပ်ံ႕ႏွံ့ပ်ံတက္သြားေစေလရဲ့။

” လက္ယာေတာ္ရံ အရွင္ သာရိပုတၱရာ ” မေထရ္ျမတ္ႀကီး ၏ မယ္ေတာ္အစြဲ … ခၽြတ္ေတာ္မူခန္း အံ့မခမ္း ဖတ္ရႈခံစားနိုင္ၾက ေစရန္ ရည္ရြယ္၍ မၽွေဝပါတယ္ ။

CREADIT ေမတၱာျဖင့္

အရွင္စႏၵာသိရီ – ေရဦး

Unicode Version

ထိတ်လန့်ဖွယ်ရာ သတင်း တစ်ခု…

“ အရှင်သာရိပုတ် ပရိနိဗ္ဗာန်ပြုဖို့ ဘုရားရှင်ထံက ခွင့်တောင်းပြီးပြီတဲ့ ” ဒီသတင်းက ဒကာ/ ဒကာမတွေအကြားမှာ ပျံ့နှံ့သွားတယ် ။

မြို့ထဲက လူတွေ ထိတ်လန့်သော နှလုံး, တုန်ယင်သော ​လက်ခြေ, မရွှင်ပျနိုင်သော မျက်နှာတို့နဲ့အတူ ကျောင်းတော်ကို ရောက်လာကြတယ် ။

“ တပည့်တော်တို့ရဲ့ ဆရာတော်ကြီး ဘယ်မှာပါလဲဘုရား ” ကိုယ်တော်ကြီးကို တွေ့တာနဲ့ ငိုကြပါလေရော။တစ်ဖွဲ့ရောက်လာပြီး ငိုတယ်။ နှစ်သိမ့်ပြီး ပြန်လွှတ်လိုက်ယ်။

တစ်ဖွဲ့က ကျောင်းထဲက မထွက်ရသေးဘူး ။ နောက် နှစ်ဖွဲ့ ရောက်လာတယ် ။ မျက်စိပျက် မျက်နှာပျက်။

အရှင်သာရိပုတ်မှာ နှစ်သိမ့်ရ တစ်နေကုန် မအားနိုင်တော့ဘူး ။ပရိနိဗ္ဗာန် ပြုရမယ့် မထေရ်ကြီးက ကျန်ရစ်ရမယ့် သူတွေကို နှစ်သိမ့်ပေးနေရတာ။ ငိုတတ်သူက နှစ်သိမ့်ခံရ စတမ်းကိုး ။

နောက်ပိုင်း ဒကာ- ဒကာမတွေ များလွန်းတော့ အားလုံးကို မနှစ်သိမ့်နိုင်တော့ဘူး ။ ငိုတာကိုသာ ထိုင်ကြည့်နေရတော့တယ်။

နောက်တစ်နေ့ နံနက်ခင်းမှာ ဇေတဝန်ကျောင်းကနေ ထွက်ခွါတယ် ။ ကြည်ညိုသူ ဒကာ-ဒကာမတွေက နောက်ဆုံးအနေနဲ့ လိုက်ပို့ကြတယ် ။

ခပ်လှမ်းလှမ်း​တစ်နေရာမှာ ရပ်ပြီး နှုတ်ဆက်တော့ အားလုံးက သည်းသည်းထန်ထန် ငို​ကြွေးကြတယ်။ မျက်ရည်တွေက ပါးပြင်ခရီးကို ဖြတ်သန်းပြီး ရင်ဘတ်ပေါ်ကို စီးကျကြတယ်။ ​

အပေါ်ဝတ် အထည်တွေထဲမှာ စိမ့်ဝင်ကြတယ်။ တချို့မျက်ရည်စတွေက မြေကြီးပေါ်ကို ခုန်ဆင်းကြတယ် ။

နေရစ်တော့ သာဝတ္ထိ ။ညနေပိုင်းမှာ သူ့မွေးရပ်မြေ နာလကရွာကို ရောက် ။ ငယ်ငယ်တုန်းက အတိုင်း ။ မပြောင်းမလဲ ။

ရွာထဲက ထွက်လာတဲ့ သူ့တူအရင်းတစ်ယောက်ကို တွေ့တယ်။

“သွား အိမ်ပေါ်က ငါ့အခန်းကို ရှင်းထားလိုက်၊ တခြားရဟန်းတွေအတွက်လည်း နေရာထိုင်ခင်း ပြင်ပေးထား”

“ မှန်ပါ့ ဦးရီးတော် ” မယ်တော်ကြီး။ အသက်ရှည်ရှာတယ်။ ဆံဖြူသွားကျိုးပေမယ့် ခါးကိုင်းကိုင်းနဲ့ သွားနိုင် လာနိုင်တုန်း။

“အဘွား” “ဟဲ့… ဘာလဲ” “အဘွား သားကြီး ပြန်လာတယ်” “ ဟင်… ဥပတိဿလား ? ” “ဟုတ်တယ် အဘွား” အဘွားကြီး စိတ်လှုပ်ရှားသွားတယ်။

ဝမ်းလည်း နည်း, ဝမ်းလည်းသာ။ သားမိုက်။ ပြန်လာပြီပေါ့။ ကိုယ့်မျိုးကိုယ့်နွယ် ကိုယ့်ဘာသာ (ဗြာဟ္မဏဝါဒ) ကို စွန့်ပြီး ရဟန်းကြီး ဂေါတမနောက် လိုက်သွားတာ။

အခု ဘာလို့များ ပြန်လာပါလိမ့် ။အမေအိုကြီးကို သတိရလို့များလား ? “ဟဲ့ ငါက ဘာလုပ်ရမှာတုန်းဟဲ့”

“ဦးရီးတော်က သူ့အခန်းကို ရှင်းထားလိုက်ပါတဲ့၊ တခြားရဟန်းတွေရော ပါသေးတယ်တဲ့၊ နေရာထိုင်ခင်း စီစဉ်ပေးလိုက်ပါတဲ့”

“သူ့အခန်းလား… ရှင်းပေးလိုက်ပေါ့၊ သွား”ဒီကောင်လေး လူထွက်ချင်သလား မသိဘူး။ ဒီအရွယ်ကြီးကျမှ။

ခဏနေတော့ မျက်လုံးထဲက မှုန်စိမှုန်စိနဲ့ မြင်ရတယ်။ မျက်နှာကတော့ မကွဲပါဘူး။ ခေါင်းပြောင်ပြောင်နဲ့ပဲ ။

“အမေ နေကောင်းလား” “ဥပတိဿ-လား” “ဟုတ် အမေ” “အေး… ကောင်းတယ်” “ခဏ နားဦးမယ် အမေ” “အေး” သားအမိ နှုတ်ဆက်စကားက ခပ်တန်းတန်း ခပ်အမ်းအမ်း။

ည။ အမေကြီးဆီကို ကလေးမလေးတစ်ယောက် အပြေးအလွှား လာပြောတယ်။ “ဦးကြီးက အန်, လျှော ဖြစ်နေတယ်၊ သွေးတွေချည်းပဲ” အမေကြီး။

သားဇောက ငယ်ထိပ်ကို တက်သွားတယ်။ မျက်လုံးတွေက ပြာပြီး အသိတရားတွေ လွတ်သွားတယ်။ ​တုန်တုန်ခိုက်ခိုက်နဲ့ အခန်းထဲက ထွက်လာတယ်။ ခြေလှမ်းတွေက ခါတိုင်းထက် မြန်နေသလိုလို။

ဥပတိဿရဲ့ အခန်းထဲမှာ ရဟန်းတွေက ဝိုင်းနေတယ်။ တစ်ပါးရဲ့ လက်ထဲမှာ ထွေးခံတစ်လုံး။ သွေးအပြည့်။

“သား” ငိုသံကြီးနဲ့။ “သွားစမ်းဟဲ့၊ ဆေးဆရာကို သွားခေါ်ကြစမ်း” “အမလေး သားရယ်” သားရဟန်းဟာ ပျော့ခွေစ ပြုလာပြီ။ မကြည့်ရက်တော့လို့ ပြန်ပြီး ထွက်လာရတယ်။

အရေပြားတွေ တွန့်လိပ်နေတဲ့ ပါးပြင်မှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျနေပါရောလား။

အခန်းဘက်ကို ပြန်ပြီး အိပ်ခန်းအပြင်ဘက်ကနေ နံရံမှာ ခေါင်းထိုးရင်း အားရပါးရ ငိုတယ်။ “သားရယ်… အမေ့မှာပဲ ဖြစ်လိုက်ပါတော့”

ညဦးပိုင်း။ ဝင်းဝင်းတောက်တောက် ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ သားကြီးအခန်းထဲမှာ ထိန်ခနဲ ဝင်းခနဲ ဖြစ်သွားတာ မြင်ရတယ်။

ညဟာ ပိုပိုပြီး နက်လာတယ်။ အခန်းကလည်း ဝင်းခနဲ ဝင်းခနဲ။ ထိန်လင်းမှုတွေက ပိုပိုပြီး အားကောင်းလာတယ်။

ညသန်းခေါင်အကျော်ကျတော့ ပုံမှန်အတိုင်း ပြန်ပြီး မှောင်အတိကျ။ အမေကြီး။ တရွေ့ရွေ့။ အခန်းထဲမှာ ရဟန်း လေးငါးပါး။ သားတော်ကြီးက ခွေလျက်သား။ ဆီမီးတိုင်လေးက မှိန်တုတ်တုတ်။

“ဦးဇင်းလေးတို့… သားကြီး သက်သာရဲ့လား” “ဟုတ်… သက်သာပါတယ် အမေကြီး” အရှင်သာရိပုတ် မျက်လုံး ဖွင့်ကြည့်တယ်။

“အမေလား” “အေး… အမေ”ဖြေသံမှာ ရှိုက်သံ ပါလာတယ်။ “ညနက်ကြီး ဘာကိစ္စတုန်းဗျ” “သား သက်သာရဲ့လား လာကြည့်တာပါကွယ်၊

ပြီးတော့… အရောင်တွေလည်း တွေ့လို့” အရှင်သာရိပုတ်က ဖြေးဖြေး ထထိုင်တယ်။

“သားရဲ့ နတ်ဒေဝတာ ကပ္ပိယတွေလေ၊ သတင်းမေး လာကြတာပါ အမေရယ်” အမေကြီး ငို​ရမှာ မေ့သွားတယ်။

ပါးစပ်အဝိုင်းသားနဲ့ ငေးကြည့်နေတယ်။ “အမေကြားဖူးမှာပါ၊ စာတုမဟာရာဇ်နတ်မင်းကြီးတို့၊ သိကြားမင်းတို့ပေါ့” ခဏနေတော့ နှုတ်ခမ်းလေး လှုပ်လာတယ်။
“သူတို့က သားရဲ့ ဒကာတွေလား”

“မလိမ်မာရင် ဆုံးမနေရတာဆိုတော့ ဒကာတွေထက် ကျောင်းသားကပ္ပိယတွေနဲ့ ပိုပြီး တူတာပေါ့အမေရယ်”

တစ်သက်လုံး အထင်မကြီးဘူးတဲ့ အမေကြီး မျက်လုံးထဲမှာ အလေးထားရိပ်လေးတွေ ပေါ်လာတယ်။ အရှင်သာရိပုတ် ဆက်ပြော။

“နောက်ဆုံး ရောက်လာတာက ဗြဟ္မာကြီးလေ၊ အမေတို့ ကိုးကွယ်ပ​သနေတဲ့ ပုဂ္ဂိုလ်ကြီးပေါ့” အမေကြီးရဲ့ ရင်ထဲမှာ ဖိန်းခနဲ ရှိန်းခနဲ။ “သား…က သူ့ထက် တန်ခိုးကြီးသလား”

အရှင်သာရိပုတ် ခပ်ယဲ့ယဲ့ ပြုံးတယ်။ နှုတ်ခမ်းများက ဖြူရော်ရော်။ “တန်ခိုးကြီးတာထက် ပညာကြီးတာပါ အမေ၊ သားရဲ့ ပညာကို လေးစားကြတာပါ”

အမေကြီးက သူ့သားကို တစ်ခါမှ မမြင်ဖူးသလို ငေးစိုက်ကြည့်နေတယ်။ အရှင်သာရိပုတ်ရဲ့ အကြည့်က နူးညံ့ညင်သာနေတယ်။

“အမေ… သားကို လမ်းမှားတယ်ဆိုပြီး စိတ်နာနေခဲ့တယ်နော်၊ တကယ်တော့ အမေတို့ ဗြဟ္မာကြီးကိုယ်တိုင် လိုအပ်နေသေးတဲ့ တရားထူးအတွက် ဆရာရှာ ထွက်သွားခဲ့တာပါ အမေရယ်၊

သားဟာ ဘုရားရှင်ထံမှာ တရားတွေ့ခဲ့ပါတယ်၊ အမေတို့ ဗြဟ္မာကြီးကိုလည်း သားရဲ့ ဆရာ ဘုရားရှင်ကိုယ်တော်မြတ်ကပဲ တရားအမြိုက် တိုက်ကျွေးခဲ့ပါတယ်”

အရှင်သာရိပုတ် မိန့်သမျှကို ငေးကြည့်နေတယ်။ နားထဲက ကြားတစ်ချက် မကြားတစ်ချက်။

“အမေတို့ရဲ့ ဗြဟ္မာကြီးကို သူလိုချင်တဲ့ တရားအမြိုက် တိုက်ကျွေးလိုက်တယ်ဆိုတော့ အမေတို့ ဝမ်းသာကျေနပ်ရမှာပေါ့ အမေရဲ့၊ မဟုတ်ဘူးလား” အမေကြီးက ခေါင်းညိတ်ပြတယ်။

“သားရဲ့ ဆရာက အမေတို့ ဗြဟ္မာကြီးထက် တန်ခိုးကြီးတာပေါ့နော်” အရှင်သာရိပုတ် ပြုံးတယ်။

“အမေရယ်…” တစ်ခွန်း ရေရွတ်တယ်။ ပြီးတော့ ရှင်တော်မြတ်ရဲ့ အကြောင်းကို စည်ကာပတ်ကုံး ပြောပြနေပါတော့တယ်။

အမေကြီးရဲ့ မျက်နှာပေါ်မှာ အံ့​ဩဟန် ပြောင်းသွားလိုက်, ငေးမောသွားလိုက်, ပြုံးသွားလိုက်, ကြည်ညိုသွားပုံ ပြောင်းလဲလိုက်။

“အရေးအကြီးဆုံးက တရား၊ မြတ်စွာဘုရားရှင် ဟောတော်မူခဲ့တဲ့ တရားတော်ထဲက အမေ့ကို တစ်ခုလောက် ဟောပြမယ်”ပင်ပန်းနွမ်းလျဟန် ပျပျ စွက်နေတဲ့ အသံတော်က အခန်းထဲမှာ အေးအေးမြမြ ထွက်ပေါ်နေတယ်။

တရားဆုံးသွားတယ်။ဝင်းခနဲ တောက်ခနဲ။ အမေကြီးရဲ့ ဉာဏ်မျက်စိထဲမှာ။ “အို…” နံနက်လင်းအားကြီး။ “တပည့်တွေကို စုပေးစမ်း” တပည့်ရဟန်းများစွာ ရောက်လာတယ်။

ရိုသေစွာ ဦးချပြီး ကျောက်ဆစ်ရုပ်များသဖွယ် ငြိမ်သက်စွာ ထိုင်တော်မူကြ။ “ငါ့ကို ထူပေး” အရှင်သာရိပုတ်။ ပျော့ပျော့သာ ကျန်တော့တယ်။ လေသံဟာ တိမ်လွန်းလှ။

“တပည့်တော်ရဲ့ ကိုယ်မှု, နှုတ်မှုနဲ့ ပတ်သက်ပြီး မကျေနပ်တာများ ရှိပါသလားဘုရား၊ ရှိရင် တောင်းပန်ခဲ့ပါရစေ” တပည့်ရဟန်းများ တစ်ပါးမျက်နှာ တစ်ပါး ကြည့်ကြတယ်။

အကြီးဆုံး တစ်ပါးက လက်အုပ်​လေး ချီရင်း လျှောက်တယ်။ “မထေရ်မြတ်ကြီးရဲ့ ယဉ်ကျေးမှုများကို အတုယူချင်လွန်းလို့ နောက်က အရိပ်လို လိုက်ခဲ့ကြတာပါဘုရား၊ အခုအချိန်အထိ ဘာအပြစ်ရယ်လို့ မမြင်မိခဲ့ကြပါဘုရား၊

တပည့်တော်တို့ကသာ မှားမိကြပါလိမ့်မယ်၊ ခွင့်လွှတ်တော်မူပါဘုရား” အရှင်သာရိပုတ် ယဲ့ယဲ့ကလေး ပြုံးတယ်။ “အစကတည်းက အပြစ်ရယ်လို့ မယူခဲ့ရပါဘူး အရှင်ဘုရားတို့၊ ဒါဆိုရင်လည်း နှုတ်ဆက်ကြစို့ရဲ့”

ဖြည်းဖြည်းလေး ပြန်လှဲတယ်။ သင်္ကန်းကြီးကို ခေါင်းမြီးခြုံတယ်။ မကြာခင်မှာ ငြိမ်းချမ်းသွားပါတော့တယ်။

အကြောင်းစုံ သိသွားတဲ့ အမေကြီး။ ရင်ကွဲမတတ် သည်းထန်စွာ ငိုရှာတယ်။

“အရှင်မြတ်ကြီး… အရှင်သာရိပုတ္တရာ၊ သွားပြီလားကွယ့်၊ အမေ့မှာ သားကြီးလို့ တစ်သက်လုံး နှုတ်စွဲနေရာက အရှင်မြတ်ကြီးလို့တောင် မခေါ်ရသေးဘူး၊ အရှင်မြတ်ကြီးရဲ့၊ ထပါဦး”မိခင်တစ်ဦးဟာ သားထက် အသက်ရှည်ခဲ့တယ်။

သားတစ်ဦးဟာ မိခင်တစ်ဦးထံမှာ အကြွေးတင်နေခဲ့တယ်။ ဓမ္မကြွေး။ ကြေအောင် ဆပ်ပြီး ထွက်သွားခဲ့ပြီ။ အမေကြီးက ရင်ကွဲပြီး ကျန်ရစ်ခဲ့တယ်။ “ဆွမ်းလေး တစ်နပ်တောင် ကပ်ခွင့် မရပါလား သား​ရယ်”

ဟီးချပြီး ငိုလိုက်သံက ပတ်ဝန်းကျင် ရင်နှလုံးသားတို့ကို တုန်ယင်လှုပ်ခတ်စေပြီး ဝန်းကျင်ဘဝဂ်ကို ပျံ့နှံ့ပျံတက်သွားစေလေရဲ့။

” လက်ယာတော်ရံ အရှင် သာရိပုတ္တရာ ” မထေရ်မြတ်ကြီး ၏ မယ်တော်အစွဲ … ချွတ်တော်မူခန်း အံ့မခမ်း ဖတ်ရှုခံစားနိုင်ကြ စေရန် ရည်ရွယ်၍ မျှဝေပါတယ် ။

CREADIT မေတ္တာဖြင့်

အရှင်စန္ဒာသိရီ – ရေဦး