Health

ဆံပင္ေတြ အျမဲကၽြတ္ေနရျခင္းေနာက္ကြယ္က သင္သတိမထားမိတဲ့တရားခံမ်ား…

ဆံပင္ေတြ အျမဲကၽြတ္ေနရျခင္းေနာက္ကြယ္က သင္သတိမထားမိတဲ့တရားခံမ်ား…

ဆံပင္ရွည္ေတြက သေဘာက်စရာ ေကာင္းသေလာက္ ဆံပင္ကြၽတ္ေတြက စိတ္ညစ္စရာ ေကာင္းလွပါတယ္။

လူတစ္ေယာက္က တစ္ေန႕ကို ဆံပင္ ၅၀ ကေန ၁၀၀ ေလာက္ အေရအတြက္အထိ ကြၽတ္တာက ပုံမွန္ဆိုေပမယ့္

အဲ့ထက္ ပိုၿပီး အေထြးလိုက္ ကြၽတ္ေနတာေတြ၊ လက္နဲ႕ကိုင္လိုက္တိုင္း ကြၽတ္ေနတာေတြ ျဖစ္ေနတာကေတာ့ ဒီလို အေၾကာင္းအရင္းေတြေၾကာင့္ ျဖစ္ပါတယ္။

(၁)စိတ္ဖိစီးမႈ

စိတ္ထိခိုက္မႈေတြနဲ႕ စိတ္ဖိစီးမႈ မ်ားလြန္းတာကလည္း ဆံပင္ေတြကို ႐ုတ္တရက္ ကြၽတ္ေစနိုင္တဲ့ အခ်က္ပါပဲ။

စိတ္ဖိစီးမႈေတြသာ သက္သာသြားရင္ ျပန္ေလ်ာ့သြားမွာပါ။ ဒီလိုေၾကာင့္ ဆံပင္ေတြ ကြၽတ္သြားေပမယ့္ ျပန္ေပါက္လာမွာ ျဖစ္ပါတယ္။

(၂)ဆံသားျပဳျပင္မႈ

ဆံပင္ေတြကို ေကာက္လိုက္၊ ေျဖာင့္လိုက္၊ အေရာင္မ်ိဳးစုံ ေျပာင္းလိုက္နဲ႕ မၾကာခဏ ျပဳလုပ္ေနမယ္ဆိုရင္ ဦးေရးျပားနဲ႕ ဆံသား က်န္းမာေရးကို ထိခိုက္လာၿပီး ဆံပင္ေတြ ကြၽတ္လာမွာပါ။

ဒါေၾကာင့္ အတတ္နိုင္ဆုံး ဆံပင္ေတြကို ခဏခဏ ျပဳျပင္မေနဘဲ ဆံသားက်န္းမာေရးအတြက္ ဂ႐ုစိုက္ေပးသင့္ပါတယ္။

(၃)ေခါက္ဆြဲေျခာက္ စားသုံးျခင္း

ေခါက္ဆြဲေျခာက္ကို အၿမဲတေစ စားသုံးတဲ့သူအမ်ားစုက ပုံမွန္ မစားတဲ့သူေတြထက္ ပိုၿပီး ဆံပင္ကြၽတ္နိုင္ေျခမ်ားတယ္လို႔ ေလ့လာခ်က္ေတြက ဆိုထားပါတယ္။

တာရွည္ခံအစားအေသာက္မွာ ပါဝင္တဲ့ပစၥည္းေတြက ဆံသားက်န္းမာေရးကို ထိခိုက္ေစတာေၾကာင့္လည္း ျဖစ္ပါတယ္။

(၄)ဓာတုေဆးဝါးမ်ား ေသာက္သုံးရျခင္း

ကိုယ္ဝန္တားေဆးေတြ၊ ေသြးမခဲေစတဲ့ေဆးဝါးေတြနဲ႕ ကင္ဆာေရာဂါကုတဲ့ေဆးေတြ ေသာက္သုံးရမႈေၾကာင့္လည္း ဆံသားေတြကို ကြၽတ္ေစပါေသးတယ္။

ဝမ္းေရာဂါေတြအတြက္ ကုသတဲ့ တက္ထြာဆိုက္ကလင္းနဲ႕ ကလိုရိုဖနီေကာ့ စတဲ့ ေဆးေတြကလည္း ဆံပင္ကြၽတ္ေစတတ္ပါတယ္။

(၅)ေဗာက္ထျခင္း

ေဖာက္ထျခင္းက ဆံပင္ကြၽတ္ျခင္းကို တိုက္ရိုက္ မျဖစ္ေစပါဘူး။ ဒါေပမယ့္ သြယ္ဝိုက္ေသာအားျဖင့္ ဆံသားေတြကို ထိခိုက္ေနပါတယ္။

ေဗာက္ေၾကာင့္ ယားယံလာတဲ့ ဦးေရျပားကို ခဏခဏ ကုတ္ရာကေန ဦးေရျပားေနရာနဲ႕ ဆံသားအျမစ္ေတြကို ထိခိုက္သြားတာ ျဖစ္ပါတယ္။

ေဗာက္ေပ်ာက္ ေခါင္းေလွ်ာ္ရည္ေတြေၾကာင့္လည္း ဆံပင္ကြၽတ္တတ္ပါေသးတယ္။

Kham

Unicode Version ျဖင္႔ဖတ္ရန္

ဆံပင်တွေ အမြဲကျွတ်နေရခြင်းနောက်ကွယ်က သင်သတိမထားမိတဲ့တရားခံများ…

ဆံပင်ရှည်တွေက သဘောကျစရာ ကောင်းသလောက် ဆံပင်ကျွတ်တွေက စိတ်ညစ်စရာ ကောင်းလှပါတယ်။

လူတစ်ယောက်က တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ လောက် အရေအတွက်အထိ ကျွတ်တာက ပုံမှန်ဆိုပေမယ့်

အဲ့ထက် ပိုပြီး အထွေးလိုက် ကျွတ်နေတာတွေ၊ လက်နဲ့ကိုင်လိုက်တိုင်း ကျွတ်နေတာတွေ ဖြစ်နေတာကတော့ ဒီလို အကြောင်းအရင်းတွေကြောင့် ဖြစ်ပါတယ်။

(၁)စိတ်ဖိစီးမှု

စိတ်ထိခိုက်မှုတွေနဲ့ စိတ်ဖိစီးမှု များလွန်းတာကလည်း ဆံပင်တွေကို ရုတ်တရက် ကျွတ်စေနိုင်တဲ့ အချက်ပါပဲ။

စိတ်ဖိစီးမှုတွေသာ သက်သာသွားရင် ပြန်လျော့သွားမှာပါ။ ဒီလိုကြောင့် ဆံပင်တွေ ကျွတ်သွားပေမယ့် ပြန်ပေါက်လာမှာ ဖြစ်ပါတယ်။

(၂)ဆံသားပြုပြင်မှု

ဆံပင်တွေကို ကောက်လိုက်၊ ဖြောင့်လိုက်၊ အရောင်မျိုးစုံ ပြောင်းလိုက်နဲ့ မကြာခဏ ပြုလုပ်နေမယ်ဆိုရင် ဦးရေးပြားနဲ့ ဆံသား ကျန်းမာရေးကို ထိခိုက်လာပြီး ဆံပင်တွေ ကျွတ်လာမှာပါ။

ဒါကြောင့် အတတ်နိုင်ဆုံး ဆံပင်တွေကို ခဏခဏ ပြုပြင်မနေဘဲ ဆံသားကျန်းမာရေးအတွက် ဂရုစိုက်ပေးသင့်ပါတယ်။

(၃)ခေါက်ဆွဲခြောက် စားသုံးခြင်း

ခေါက်ဆွဲခြောက်ကို အမြဲတစေ စားသုံးတဲ့သူအများစုက ပုံမှန် မစားတဲ့သူတွေထက် ပိုပြီး ဆံပင်ကျွတ်နိုင်ခြေများတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

တာရှည်ခံအစားအသောက်မှာ ပါဝင်တဲ့ပစ္စည်းတွေက ဆံသားကျန်းမာရေးကို ထိခိုက်စေတာကြောင့်လည်း ဖြစ်ပါတယ်။

(၄)ဓာတုဆေးဝါးများ သောက်သုံးရခြင်း

ကိုယ်ဝန်တားဆေးတွေ၊ သွေးမခဲစေတဲ့ဆေးဝါးတွေနဲ့ ကင်ဆာရောဂါကုတဲ့ဆေးတွေ သောက်သုံးရမှုကြောင့်လည်း ဆံသားတွေကို ကျွတ်စေပါသေးတယ်။

ဝမ်းရောဂါတွေအတွက် ကုသတဲ့ တက်ထွာဆိုက်ကလင်းနဲ့ ကလိုရိုဖနီကော့ စတဲ့ ဆေးတွေကလည်း ဆံပင်ကျွတ်စေတတ်ပါတယ်။

(၅)ဗောက်ထခြင်း

ဖောက်ထခြင်းက ဆံပင်ကျွတ်ခြင်းကို တိုက်ရိုက် မဖြစ်စေပါဘူး။ ဒါပေမယ့် သွယ်ဝိုက်သောအားဖြင့် ဆံသားတွေကို ထိခိုက်နေပါတယ်။

ဗောက်ကြောင့် ယားယံလာတဲ့ ဦးရေပြားကို ခဏခဏ ကုတ်ရာကနေ ဦးရေပြားနေရာနဲ့ ဆံသားအမြစ်တွေကို ထိခိုက်သွားတာ ဖြစ်ပါတယ်။

ဗောက်ပျောက် ခေါင်းလျှော်ရည်တွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါသေးတယ်။

Kham